MMR
Myanmar
20th November, 2015
Working long hours can lead to apoplexy
ပါရီ - ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် သုတေသနအစီရင်ခံစာအရ ရက်သတ္တတစ်ပတ်လျှင် ၅၅ နာရီ၊ သို့မဟုတ်ထိုထက်ပို၍ အလုပ်လုပ်ခြင်းသည် တစ်ပတ် လျှင်နာရီ ၃၀ နှင့် ၄၀ အကြား အလုပ်လုပ်ခြင်းထက်စာပါက လေဖြတ်ရောဂါ ဖြစ်ပွားနိုင်ခြေ ၃ ပုံ ၁ ပုံဖြစ်နိုင်ခြေရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
အမျိုးသား အမျိုးသမီး ၅၂၈,၉၀၈ ဦးကို ပျမ်းမျှ ၇ ဒသမ ၂ နှစ်ကြာ ဆန်းစစ်လေ့လာထားသော လေ့လာချက် ၁၇ ခုကို ပြန်လည် ဆန်းစစ်ချက်အရ လေဖြတ်ရောဂါသည် ဆေးလိပ်သောက်သုံးခြင်း၊ အရက်သောက် သုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုအပေါ် အခြေခံ၍ ဖြစ်ပွားနိုင်ခြေများသည်။
လေ့လာတွေ့ရှိချက်အရ အလုပ်တွင်အချိန် ကြာမြင့်စွာလုပ်ရသည့် ရက်သတ္တတစ်ပတ်တွင် နှလုံးရောဂါ ဖြစ်ပွားနိုင်မှုနှုန်းသည် အသက် အရွယ်၊ လိင်အမျိုးအစားနှင့် လူမှုစီးပွားရေး အခြေအနေ အပေါ်အခြေခံ၍ ၁၃ ရာခိုင်နှုန်း မြင့်တက်စေနိုင်သည်ဟု ဖော်ပြခဲ့သည်။ နှလုံးရောဂါနှင့် အလုပ်ခွင်တွင် အချိန်ကြာ အလုပ်လုပ်ခြင်းဖြင့် ဆက်စပ်ကြည့်ရာတွင် လန်ဒန်တက္ကသိုလ်ကောလိပ် ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ရေးဆိုင်ရာ ပါမောက္ခ မီကာ ကီဗီမာကီနှင့် လုပ်ဖော်ကိုင်ဖက်များသည် ဥရောပ၊ အမေရိကန်နှင့် ဩစတြေးလျ နိုင်ငံက အမျိုးသား အမျိုးသမီး ၆၀၃,၈၃၈ ဦးကို ပျမ်းမျှ ၈ ဒသမ ၅ နှစ်ကြာလေ့လာ တွေ့ရှိချက်၂၅ ချက်မှ အချက်အလက်များကို ဆန်းစစ်ခဲ့သည်။
သုတေသနပညာရှင်များက ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အရက်အလွန် အကျွံ သောက်သုံးမှုနှင့် စိတ်ဖိစီးမှုများက လေဖြတ်ဝေဒနာ ခံစားရနိုင်ခြေကို တိုးစေသည်ဟု အဆိုပြုခဲ့သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများအနက် တူရကီနိုင်ငံတွင် တစ်ဦးချင်းစီ၏ အလုပ်လုပ်ချိန် တစ်ပတ်လျှင် နာရီ ၅၀ (၄၃ ရာခိုင်နှုန်း) အများဆုံးရှိပြီး နယ်သာလန်က အနည်းဆုံး (တစ်ရာခိုင်နှုန်း ထက်နည်း) ရှိသည်ဟုသုတေသီတစ်ဦးက မှတ်ချက်ချခဲ့သည်။
Ref : Myanmar Times
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us