MMR
Myanmar
19th December, 2015
Workplace Rudeness Spreads Like a Virus
အထက်လူကြီးက စိတ်ကောင်း မ၀င်ဘဲ ရိုင်းစိုင်းစွာ ပြောဆိုနေပါက အလုပ်ခွင်ရှိ အဆင့်ဆင့်သော ၀န်ထမ်းများသည်လည်း ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံလာတတ်ကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။
ရိုင်းစိုင်းမှုသည် လူတစ်ဦးမှ အခြား တစ်ဦးဆီသို့ ရောဂါကဲ့သို့ ကူးစက်တတ်ကြောင်း လေ့လာမှု တစ်ခုက အတည်ပြုလိုက်ပြီ ဖြစ်သည်။ အလုပ်အတူတူ လုပ်နေသူ တစ်ဦးအား ကိုယ့်အိမ်မှာ လုပ်သော ပွဲတစ်ခုသို့ ဖိတ်ကြားမှု မပြုခြင်း၊ အတင်းအဖျင်း ပြောခြင်းကဲ့သို့ နိမ့်ကျသော အပြုအမူများမှာ တစ်ဦးမှ အခြား တစ်ဦးဆီသို့ ကူးစက်တတ်ကြောင်း သုတေသန ပညာရှင်များက ဆိုသည်။
ကြီးကြပ်သူ တစ်ဦးက အခြား ၀န်ထမ်းတစ်ဦး အပေါ် မောက်မာစွာ ဆက်ဆံလိုက်ပါက ယင်းဝန်ထမ်းသည် အခြား ၀န်ထမ်းပေါ် မောက်မာစွာ ဆက်ဆံတတ်ကာ ရိုင်းစိုင်းမှု သံသရာ လည်တတ်ကြောင်း လေ့လာ တွေ့ရှိခဲ့သည်။ အလုပ်ခွင်တွင် တွေ့ရတတ်သည့် ရိုင်းစိုင်းသော အပြုအမူ တစ်ခုမှာ အခြားလူများ၏ အပြုအမူများကို အတုခိုးခြင်း ဖြစ်ကြောင်း လန်ဒန် တက္ကသိုလ်မှ စိတ်ပညာရှင် ဒေါက်တာ အဲဗာတော်ကဲဆင်က ပြောဆိုခဲ့သည်။
သုတေသန ပညာရှင်များသည် ရုံးခန်းများ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များ အပါအ၀င် အလုပ်ခွင် နေရာများစွာတို့မှ လူ (၆၀၀၀) တို့အား တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ စစ်တမ်း ဖြေဆိုသူ (၇၅) ရာခိုင်နှုန်းက ယမန်နှစ်အတွင်း အနည်းဆုံး တစ်ကြိမ်ခန့် ရိုင်းစိုင်းစွာ ဆက်ဆံခံရတတ်ကြောင်း ပြောဆိုခဲ့သည်။
Credit : messenger news journal
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us