14th June, 2021

ကိုယ်တကယ်ချစ်မြတ်နိုးတဲ့အလုပ်ကို ဘယ်လိုမျိုးရှာဖွေတွေ့ရှိနိုင်မလဲ

အများစုဟာ တစ်နေ့ ၂၄ နာရီမှာ ၈ နာရီကို လုပ်ငန်းခွင်မှာကုန်ဆုံးရပါတယ်။ အဲဒါကြောင့် မိမိတစ်နေ့တာရဲ့ ၃ ပုံ ၁ ပုံကို ကုန်ဆုံးရတဲ့ကိုယ့်ရဲ့အလုပ်နဲ့လုပ်ငန်းခွင်ဟာ ကိုယ်တကယ်ချစ်မြတ်နိုးပြီး ကိုယ့်ကိုယ်တကယ်ပျော်ရွှင်စေတဲ့အလုပ်ဖြစ်ဖို့လိုပါတယ်။ မိမိချစ်မြတ်နိုးတဲ့အလုပ်ကိုလုပ်ကိုင်ရခြင်းဟာ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းမှာရော လူမှုဘဝမှာပါအောင်မြင်မှုတွေကို ရရှိစေနိုင်ပါတယ်။ ဒါဆို ကိုယ်တကယ်ချစ်မြတ်နိုးတဲ့အလုပ်ကို ဘယ်လိုမျိုးရှာဖွေသိရှိနိုင်မလဲဆိုတာကို အောက်မှာလေ့လာကြည့်လိုက်ရအောင်။


၁။ ကိုယ်မကြိုက်တဲ့အရာတွေ လုပ်နေရတာကိုရပ်လိုက်ပါ
မိမိကိုယ်ကိုယ်နားထောင်ပြီး ကိုယ်မကြိုက်တဲ့အရာတွေလုပ်နေရတာကိုရပ်လိုက်ပါ။ အလုပ်တစ်ခုကိုရွေးချယ်တဲ့အခါမှာလည်း လစာထက် ကိုယ်တကယ်စိတ်ဝင်တစားတဲ့အလုပ်မျိုးကိုရွေးချယ်ပါ။ အကယ်၍ ကိုယ်ကဘယ်လိုအလုပ်မျိုးကို လုပ်ကိုင်ချင်တယ် စိတ်ဝင်စားတယ်ဆိုတာကိုမသိဘူးဆိုရင် အလုပ်များများမှာအတွေ့အကြုံများများယူပြီးစမ်းသပ်ကြည့်ပါ။ ကိုယ့်ရဲ့အားသာချက်နဲ့ အားနည်းချက်တွေကိုသိရှိအောင် မိမိကိုယ်လည်း ပြန်ဆန်းစစ်ပါ။ ကိုယ့်မိတ်ဆွေတွေကိုလည်းမေးကြည့်ပါ။ 


၂။ မိမိရဲ့အရည်အသွေးတွေကိုစစ်ဆေးပါ
ကိုယ်တိုင်က ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်သဟဇာဖြစ်မနေဘူးဆိုရင် ကိုယ့်အတွက်အဓိပ္ပာယ်ရှိတဲ့အလုပ်ကို ရှာတွေ့နိုင်ပါ့မလား။ ကိုယ့်ရဲ့မွေးရာပါပင်ကိုအရည်အချင်းတွေကို သေသေချာချာနဲ့မှန်မှန်ကန်ကန် ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းနေထိုင်နေတာလား ဒါမှမဟုတ် တခြားရည်ရွယ်ချက်တစ်ခုကိုရှာဖွေနေတာလား ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ ကိုယ်ထူးချွန်တဲ့နယ်ပယ်မှာ ဘယ်လောက်အထိကျွမ်းကျင်သလဲဆိုတာနဲ့ ကိုယ့်ရဲ့လူမှုအသိုင်းအဝိုင်းအတွက် အဲဒီကျွမ်းကျင်မှုတွေကို ဘယ်လောက်အထိအသုံးချနေသလဲလည်းဆန်းစစ်ပါ။ 


၃။ တန်ဖိုးထားပါ
ကိုယ့်ဘဝအတွက်အဓိပ္ပာယ်ရှိတဲ့အလုပ်တစ်ခုကိုရှာဖွေတယ်ခြင်းဟာ ကောက်ရိုးပုံထဲမှာ အပ်ရှာရတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကိုယ်တကယ်နှစ်သက်စိတ်ဝင်စားတဲ့အလုပ်ကို တွေ့တွေ့ချင်းမှာတော့ ဒါကကိုယ်တကယ်လုပ်ချင်နေတဲ့အလုပ်ဆိုပြီး ချက်ချင်းသိသွားမှာမဟုတ်ပါ။ တစ်ခါတရံမှာ အလုပ်တစ်ခုကိုတန်ဖိုးထားလုပ်ကိုင်နေရင်း အဲဒီအလုပ်ဟာကိုယ့်အတွက်တန်ဖိုးရှိတဲ့အလုပ်တစ်ခု ဖြစ်လာနိုင်ပါတယ်။


၄။ စိန်ခေါ်မှုဖြစ်စေတဲ့အရာတွေကိုလုပ်ပါ
ဘဝမှာ ဘယ်လိုမျိုးအရာတွေက ကိုယ့်ကိုစိန်ခေါ်မှုဖြစ်စေသလဲ၊ စိတ်လှုပ်ရှားမှုကိုဖြစ်စေသလဲ၊ စိတ်ဓာတ်ခွန်အားတက်ကြွစေသလဲ။ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အဲဒီလိုမျိုး စိတ်လှုပ်ရှားမှုနဲ့စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့အရာမျိုးကိုရှာဖွေပါ။ ဘဝမှာ ရှုပ်ထွေးတဲ့အရာတွေကိုဖြေရှင်းတဲ့အခါမှာ ရလဒ်ကိုအခြေခံတဲ့နည်းလမ်းမျိုးကိုအသုံးချပါ။ အဖြေကိုရှာတွေ့တဲ့အခါမှာလည်း ဘယ်အရာကိုယ့်ကိုပျော်ရွှင်စေသလဲဆိုတာကို သိရှိအောင်လုပ်ပါ။


၅။ ကိုယ့်ရဲ့အတွေးတွေကို အာရုံစူးစိုက်ပါ
မိမိရဲ့အတွေးတွေ၊ စိတ်ကူးတွေနဲ့ လုပ်ရပ်တွေကိုအပေါ်မှာအာရုံစူးစိုက်ပါ။ မသိစိတ်ကဖြစ်ပေါ်လာတဲ့ခံစားချက်နဲ့အတွေးအခေါ်တွေဟာ အရေးကြီးတဲ့ဖြစ်ရပ်တွေနဲ့အတွေးတွေကို အသက်သွင်းတဲ့နေရာမှာ အရမ်းကိုအထောက်အကူဖြစ်ပါတယ်။ အဲဒီအတွေးတွေဟာ ကိုယ့်ဘဝအတွက်စစ်မှန်တဲ့အလုပ်တစ်ခုဆီကို ဦးတည်နိုင်စေဖို့အကူအညီပေးနိုင်ပါတယ်။
အကယ်၍ ကိုယ့်ရဲ့လက်ရှိအလုပ်ဟာ ကိုယ်တကယ်လုပ်ကိုင်ချင်တဲ့အလုပ်အကိုင်မျိုး မဟုတ်ခဲ့ဘူးဆိုတာကိုသိရှိနေပြီး ကိုယ်နဲ့အမှန်တကယ်ကိုက်ညီပြီး ကိုယ်တကယ်စိတ်ပါဝင်စားတဲ့အလုပ်ကို ရှာဖွေနေတယ်ဆိုရင်မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီတွေကခေါ်ယူနေတဲ့အလုပ်အကိုင်တွေကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။