25th May, 2022

ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ

မြန်မာနိုင်ငံရဲ့ နံပါတ် ၁ အလုပ်အကိုင်ဝက်ဘ်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ JobNet.com.mm ပေါ်မှာ ထိပ်တန်းကုမ္ပဏီတွေနဲ့ အသေးစားအလတ်စားကုမ္ပဏီတွေဟာ အလုပ်အကိုင်ပေါင်းများစွာကို နေ့စဉ်ခေါ်ယူနေကြပါတယ်။ အဲဒါဟာ အလုပ်ရှာဖွေနေသူတွေအတွက် သတင်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်အနေနဲ့က ဒီလိုအလုပ်အကိုင်ဝက်ဘ်ဆိုက်တွေကို ပုံမှန်လည်းဝင်ပြီးမကြည့်ဖြစ်ဘူး ဘယ်လိုအလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ခေါ်ယူနေသလဲဆိုတာကိုလည်း အဆက်မပြတ်သိချင်တယ်ဆိုရင်တော့ အဲဒီအတွက်စိတ်မပူပါနဲ့။ အလုပ်အကိုင်စျေးကွက်ထဲမှာ ဘယ်လိုအခွင့်အလမ်းကောင်းတွေရှိနေပြီလဲဆိုတာကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံးသိရှိနိုင်စေမယ့် နည်းလမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေကို အချိန်နဲ့တပြေးညီအသိပေးတဲ့ Job Alerts စနစ်ပဲဖြစ်ပါတယ်။ အဲဒီစနစ်ဟာ ကိုယ့်ရဲ့အလုပ်အကိုင်ရှာဖွေမှုကို လွယ်ကူရိုးရှင်းစေပြီးတော့ အလုပ်အကိုင်အသစ်တွေကိုလည်း အချိန်နဲ့တပြေးညီသိရှိစေပါတယ်။

Job Alert ဆိုတာဘာလဲ။

Job Alert ဆိုတာဟာ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုပေါ်မှာ ကိုယ်ဦးစားပေးပြီးရှာဖွေလိုက်တဲ့အလုပ်အကိုင်အမျိုးအစားတွေကို အဲဒီဝက်ဘ်ဆိုက်ကမှတ်ထားလိုက်ပြီး နောက်ပိုင်းမှာအလားတူအလုပ်အကိုင်အသစ်တွေရှိလာတဲ့အခါမှာ ကိုယ့်ရဲ့အီးမေးလ်ထဲကို အကြောင်းကြားစာတွေပို့ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ရှာဖွေနေသူတစ်ယောက်ဟာ JobNet.com.mm ဝက်ဘ်ဆိုက်မှာ သူနဲ့သက်ဆိုင်ရာအလုပ်ရာထူးတစ်ခု (ဥပမာ - HR manager) ကိုရှာဖွေနေမယ် ဒါမှမဟုတ် ကုမ္ပဏီတစ်ခု၊ လုပ်ငန်းနယ်ပယ်တစ်ခုက အလုပ်တွေကိုရှာဖွေနေခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ သူဦးစားပေးရှာဖွေနေတဲ့အချက်အလက်တွေနဲ့ ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေကို JobNet ကနေ သူ့ရဲ့အီးမေးလ်ထဲကို ပေးပို့အကြောင်းအကြားပေးပါတယ်။

ဘာကြောင့် Job Alerts ကိုအသုံးပြုသင့်တာလဲ။

Job Alert ကိုအသုံးပြုခြင်းအားဖြင့် အလုပ်လျှောက်တဲ့အခါမှာ အဆင်ပြေလွယ်ကူမှုကိုဖြစ်စေသလို ကိုယ့်ရဲ့အလုပ်လျှောက်ထားမှုဟာ အခြားပြိုင်ဘက်တွေထက် စောစောစီးစီး အလုပ်ခေါ်ယူနေသူတွေလက်ထဲကို ရောက်ရှိစေပါတယ်။ “စောစောထတဲ့ငှက်အစာပိုရတယ်” ဆိုတဲ့စကားလိုမျိုးပဲ အလုပ်လျှောက်လွှာတွေကိုစတင်လက်ခံပြီး စီစစ်အကဲဖြတ်မှုလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေချိန်မှာ ကိုယ့်ကပထမဆုံးအလုပ်လျှောက်ထားသူဖြစ်လေလေ ကိုယ့်ရဲ့ CV ကို အလုပ်ခေါ်ယူသူတွေက မြင်တွေ့နိုင်ဖို့အခွင့်အလမ်းပိုများလေလေ ဖြစ်ပါတယ်။ အစောဆုံးအလုပ်လျှောက်ထားသူဖြစ်အောင် ဘယ်လိုတွေပြုလုပ်ရမလဲ။ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို အချိန်နဲ့တပြေးညီ အစောဆုံးသိရှိအောင်ပြုလုပ်ပါ။

Job Alert ရအောင် ဘယ်လိုလုပ်မလဲ။

အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို အချိန်နဲ့တပြေးညီအကြောင်းကြားပေးတဲ့ Job Alert တွေ ကိုယ့်ရဲ့အီးမေးလ်ထဲကို ရောက်လာအောင်လုပ်ဖို့က လွယ်လွယ်လေးပါ။ JobNet.com.mm မှာ ဝင်ရောက်စာရင်းပေးသွင်းပြီးတော့ ကိုယ်ရှာဖွေလိုတဲ့အလုပ်အကိုင်တွေကို Search Box မှာရိုက်ထည့်ပြီး ရှာဖွေပါ။ ပြီးရင် “Get by Email” ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့အီးမေးလ်ကိုရိုက်ထည့်ပြီးတော့ “Email me jobs” ဆိုတာကိုနှိပ်လိုက်ပါ။ နောက်တစ်နည်းကတော့ ဝင်ရောက်စာရင်းပေးသွင်းပြီး ကိုယ့်ရဲ့ Job-seeker Profile တစ်ခုကို တည်ဆောက်လိုက်ပါ၊ ပြီးရင် “Manage your account and privacy” မှာ “Job Alerts” နေရာကို ဖွင့်လိုက်ရင် ကိုယ်ရဲ့ကိုက်ညီမယ့် ဒါမှမဟုတ် ကိုယ်ရှာဖွေနေတဲ့အလုပ်တွေကို အချိန်နဲ့တပြေးညီအကြောင်းကြားပေးသွားပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ ကိုယ်နဲ့မကိုက်ညီတဲ့ Job Alerts တွေကိုလက်ခံရရှိတဲ့အခါမှာလည်း အလုပ်ရှာဖွေမှုတွေကိုစိတ်ပျက်လာစေပါတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ Job Alerts ပြုလုပ်လိုက်တဲ့အချိန်မှာ အရမ်းကိုယေဘူယျဆန်လွန်းတဲ့ ဒါမှမဟုတ် အရမ်းကိုကျယ်လွန်းတဲ့စကားလုံးတွေကို အသုံးပြုမိလို့ပဲဖြစ်ပါတယ်။ ဥပမာ - “Assistant Manager” ဆိုတဲ့စကားလုံးနဲ့ အလုပ်ရှာဖွေတဲ့အခါမှာ လုပ်ငန်းနယ်ပယ်ကိုအတိအကျမသတ်မှတ်တဲ့အတွက် နယ်ပယ်အစုံကအဲဒီရာထူးနဲ့ခေါ်ယူတဲ့အလုပ်မှန်သမျှဟာ ကိုယ့်ဆီကိုရောက်ရှိလာပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ့်အနေနဲ့ အရောင်းလုပ်ငန်းနယ်ပယ်အပိုင်းက Assistant Manager ရာထူးနဲ့အလုပ်တွေကိုပဲသိချင်တယ်ဆိုရင် “Sales Assistant Manager” ဆိုတဲ့ Keywords ကိုသုံးပြီးရှာဖွေသင့်ပါတယ်။

တစ်ခါတလေမှာ တချို့ကတော့ Job Alert တွေဟာ သူတို့ရဲ့အီးမေးလ်တွေထဲမှာအခြားစာတွေနဲ့ရောပြီး မျက်စိနှောက်စေတဲ့အတွက် သိပ်မနှစ်သက်ချင်ကြပါဘူး။ ဒီလိုအခြေအနေမျိုးတွေအတွက်လည်း စိတ်မပူပါနဲ့။ လတ်တလောအလုပ်ရှာဖွေနေတဲ့အချိန်မှာပဲ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကိုသိချင်ပြီး အလုပ်ရပြီးနောက်မှာ အဲဒီလိုအကြောင်းကြားစာတွေကို မလိုချင်ဘူးဆိုရင်လည်း စောစောကပြောခဲ့တဲ့အဆင့်အတိုင်း ကိုယ့်ရဲ့ Profile ထဲက “Manage your account and privacy” မှာ “Job Alerts” ကိုပိတ်လိုက်ရင်ရပါပြီ။ ဒါဆိုရင် ကိုယ့်ရဲ့အလုပ်အကိုင်ရှာဖွေမှုတွေကို အဆင်ပြေလွယ်ကူစေမယ့် JobNet ကပေးပို့ပေးတဲ့ Job Alerts တွေကို အခုပဲရယူပြီး ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်အကိုင်အသစ်တွေကို သိရှိအောင်ပြုလုပ်လိုက်ပါ။