2nd October, 2018
ထိပ်တန်းကုမ္ပဏီကြီးများ၏HR Managerများမှအလုပ်ရှာဖွေသူများအတွက်အကြံပြုစကားသံများ
Share
Blog Link Copied
Job Function ပေါ်မှာမူတည်ပြီး career တစ်ခုကိုဘယ်လိုမျိုးရွေးသင့်လဲ။ အခုမှ အလုပ်ရှာကြတဲ့သူတွေ၊ ကျောင်းပြီးကာစတွေ၊ အတွေ့အကြုံ ၁ နှစ်ပဲရှိသေးတဲ့သူတွေ ဘယ်လို career မျိုးကိုရွေးမလဲ၊ ဘယ်လို function ကိုရွေးမလဲဆိုတာကို အကြံပေးပါဦး။
Ms. KhineThazin Swe – HR Manager, Jotun Myanmar Co.,Ltd
လူငယ်တွေ ဒီလိုမျိုး Job Fair တွေတက်ရောက်တာက သူတို့အတွက်လည်း Opportunity တွေအများကြီးရှိတယ်။ career တစ်ခုကိုရွေးချယ်တဲ့အခါ အဓိက ကိုယ့်ကိုဆန်းစစ်စေချင်တာပေါ့။ ကိုယ်ကဘာကိုဝါသနာပါတာလဲ။ ကိုယ်ကလူတွေအများကြီးနဲ့ စကားပြောတာမျိုးကိုကြိုက်တယ်။ Presenter လုပ်ရတာမျိုးကိုကြိုက်တယ်။ ဒါမျိုးဆိုရင် ဒါနဲ့ပတ်သတ်တဲ့ media လိုင်းကိုရွေးမလား။ ဒါမှမဟုတ် ကိုယ်က HR အလုပ်မျိုးကိုကြိုက်တယ်။ အဓိကကတော့ ဝါသနာလမ်းကြောင်းကိုအခြေခံပြီးတော့ နောက်တစ်ခုက ကိုယ့်ရဲ့ educational background နဲ့လည်း match ဖြစ်တာမျိုးဆိုရင်တော့ လူတစ်ယောက်ကအောင်မြင်ဖို့အရမ်းကိုမြန်တယ်ပေါ့နော်။ အဲ့လိုမဟုတ်ဘဲ မြန်မာပြည်မှာတော့ ဘွဲ့အမျိုးမျိုးရှိတယ်။ ဒါပေမယ့် ဝါသနာပါတာကတစ်မျိုး၊ ပညာသင်ခဲ့တာကတစ်မျိုးဆိုရင်လည်း အခုချိန်မှာတော့ အခွင့်အလမ်းတွေ အများကြီးရှိတယ်ပေါ့နော်။ အွန်လိုင်းကသင်မယ်၊ အပြင်မှာသင်တန်း သွားတတ်တာရှိမယ်။ ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းကို ရွေးချယ်တာကတော့အကောင်းဆုံးပါပဲ။
Ms. Kay Khing Aung – Chief HR Officer, Camusat Myanmar
ကိုယ်စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ့်ရဲ့ education ပေါ့နော်။ အမရဲ့အတွေ့အကြုံအရ အမ banking မှာလုပ်တုန်းကတွေ့ခဲ့ရတာက အမတို့ဝန်ထမ်းတွေခန့်တယ်။ JB ရာထူးကိုခေါ်တုန်းက များသောအားဖြင့် Engineer တွေ B.E, B.Tech ဘွဲ့တွေပါ လာလျှောက်ကြတယ်။ B.E ဘွဲ့တွေရဖို့ အချိန်အများကြီးကုန်ခဲ့ရတယ်၊ ရင်းနှီးခဲ့ရတယ်။ ဘာကြောင့်လာလျှောက်လဲဆိုတော့ သူတို့အနေနဲ့ကလည်း အလုပ်အကိုင်တစ်ခုရဖို့ရန်အတွက် လျှောက်ကြတာပေါ့နော်။ အမတို့ ပြီးခဲ့တဲ့ အပတ်ကနေပြည်တော်နဲ့မန္တလေးမှာလုပ်ခဲ့တဲ့ Job Fair လုပ်တဲ့အခါမှာ တစ်ချို့ဆိုအလုပ်လိုချင်လို့ BE ဘွဲ့က Driver ဆင်းလျှောက်တယ်။ အမပြောတယ် ဘာလို့ confident မရှိတာလဲ၊ ကိုယ်ဒီလောက်အချိန်တွေအများကြီးရင်းနှီးခဲ့တာ။ Engineer လည်း open ဖြစ်တာပဲ။ အမတို့က အင်တာဗျုးတွေမှာဆိုရင် အမြဲတမ်း counselling တော့ လုပ်လုပ်ပေးတယ်။ ကိုယ်အချိန်တွေလည်း အများကြီးနစ်မြုပ်ခဲ့ပြီးပြီး B.com ဆိုလည်း banking လိုင်းမှန်တယ်။ အဲ့တော့မှ ကိုယ့်ရဲ့ Career က develop ဖြစ်မှာလေ။ ကိုယ့်ရဲ့ဝါသနာနဲ့မကိုက်ညီရင် အချိန်အတိုင်းအတာတစ်ခု ပြေလည်အောင်ဖြေရှင်းလိုက်ပေမယ့် ရေရှည်မှာကုမ္ပဏီအတွက်လည်းအဆင်မပြေဘူး။သူ့အတွက်လည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဒါကြောင့် ရည်ရွယ်ချက်ကို သေချာ decide လုပ်ဖို့တော့လိုအပ်ပါတယ်။
Ms. Soe Hnin Phyu – HR Manager – KEB Hana Microfinance
အကြံပေးချင်တာက အဓိက ကိုယ့်ကိုယ်ကိုဆန်းစစ်ဖို့ပေါ့နော်။ Career တစ်ခုကိုရွေးတော့မယ်ဆိုရင်ကိုယ်အဲ့ဒါလုပ်ရတာ စိတ်ပါသလား။ တခါတလေကြရင် စိတ်ပါတယ်၊ စိတ်မပါဘူးမပြောနိုင်ဘူးပေါ့နော်။ မြန်မာနိုင်ငံမှာဒီလိုသာမာန် ဘွဲ့ရတစ်ယောက်ဆိုရင်ဘယ် Career ကိုလျှောက်ရမလဲ။ Opportunity တွေကလည်းအများကြီးပဲ။ အဲ့လိုအခြေ အနေမျိုးမှာဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ ကိုယ့်ကိုဆန်းစစ်ပါ။ တကယ်လို့ကိုယ်ကြိုက်တာ ကိုယ်ကောင်းကောင်းလုပ်နိုင်တဲ့ဟာကိုမသိခဲ့ဘူးဆိုရင် ကိုယ်မကြိုက်တာတော့သိမယ်ပေါ့နော်။ ဘယ်လိုအလုပ်မျိုးဆိုကိုယ်မကြိုက်ဘူးလဲ။ အဲ့လိုအလုပ်မျိုးတွေကိုမရွေးမိဖို့လိုတယ်။ နောက်ပြီး ကိုယ်ကြိုက်တာပဲဖြစ်ဖြစ်၊ မကြိုက်တာပဲဖြစ်ဖြစ်လုပ်ခဲ့လိုက်ပြီးပြီဆိုရင် အဲ့ဒီ Career မှာဘယ်လိုနောက်ထပ် ထပ်ပြီးတော့ တိုးတက်လို့ရအောင် ဘယ်လိုလေ့လာလို့ရနိုင်မလဲ။ ဘာလို့လဲဆိုတော့ အခု education မှာသင်လာတဲ့ဟာနဲ့ လုပ်ငန်းခွင်ထဲမှာတွေ့တဲ့ဟာမျိုးက ထပ်တူကျဖို့ဆိုတာအရမ်းရှားပါတယ်။ နောက်ပြီးတော့ အမတို့ကမ္ဘာက Dynamic ဖြစ်နေတယ်။ နည်းပညာတွေကတိုးတက်နေတယ်။ အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ အခုသင်လာပေမယ့် နောက် ၂ နှစ်လောက်နေရင် အဲ့ဒီနည်းပညာပဲဖြစ်ဖြစ်၊ ပညာရပ်မျိုးပဲဖြစ်ဖြစ် out of date ဖြစ်သွားမယ်။ အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ အမြဲတမ်းနည်းပညာမှာလည်းအမီလိုက်နို်င်အောင် ကိုယ်က လေ့လာနေဖို့လိုတယ်ပေါ့နော်။ ကိုယ်ရွေးထားတဲ့ Career မှာရှိတဲ့အခက်အခဲတွေကိုလည်းသိဖို့လိုတယ်။ နောက်ပြီး နောင်လာမယ့်အခက်အခဲတွေကဘာတွေဖြစ်နိုင်သလဲ။ အဲ့ဒီအခက်အခဲတွေကိုကြည့်ပြီိးကိုယ့်ရဲ့ Skill တွေဖြည့်ထားဖို့လိုတယ်ဆိုလို့ရှိရင်ဖြည့်ထားဖို့လိုပါတယ်။ မဟုတ်ရင် နောင် ၂ နှစ်၊ ၃ နှစ်နေရင်ကိုယ့်ရဲ့ Career develop ရဖို့အတွက်မရှိတော့မယ့်အလုပ်တွေကို ကိုယ်ကရွေးချယ်မိတာမျိုးတွေဖြစ်သွားတတ်ပါတယ်။ အဲ့ဒါလေးကို Job Seeker တွေကို message လေးပေးချင်ပါတယ်။
Mr Han Lwin – HR Manager – Colgate Palmolive Myanmar
အားလုံးပြောခဲ့သလိုပါပဲ။ ကိုယ်ကိုယ်ကိုသိဖို့ပေါ့နော်။ ကိုယ့်ကိုယ့်ကိုသိဖို့ဆိုတာ Career Consultancy တွေကို အများကြီးအားကိုးလို့မရပါဘူး။ သူတို့လည်းကိုယ်နဲ့တွေ့ရတဲ့ကာလလေးမှာပဲသုံးသပ်ရတာဆိုတော့လေ။ ကိုယ့်ကိုယ်ကိုပဲအသိဆုံးဆိုတော့ ကိုယ်ဘာဖြစ်ချင်တာလဲ။ ကျွန်တော်ကြုံခဲ့ဖူးတာဆိုလို့ရှိရင် ဘောလုံးအသင်း တစ်ခုရဲ့ရာထူးကြီးကြီးတစ်ခု ကျွန်တော်ရဖူးတယ်။ ဘောလုံးကွင်းမှာ ဘောလုံးပွဲအမြဲကြည့်နေရမယ်။ ကျွန်တော်ကဘောလုံးအသင်းမှာလူဘယ်နှစ်ယောက်ရှိလည်းဆိုတာကို သေသေချာချာ ဂဃနဏသိတဲ့လူမျိုး မဟုတ်ဘူး။ အဲ့အလုပ်မျိုးကိုသွားလက်ခံလိုက်ရင် ကျွန်တော့်အတွက်တော့ဒါဟာ ဘယ်လိုမှထက်ပြီးတိုးတက်နိုင်မယ့်ဟာမျိုးမဟုတ်ဘူး။ အဲ့တော့ ကိုယ့်ကိုယ်သိပြီးတော့ကိုယ်ဘာကိုရချင်တယ်၊ ကိုယ်ဘာကိုဖြစ်ချင်တယ်၊ ကိုယ်ဝါသနာတဲ့ဟာကြ ဘယ်လောက်လုပ်လုပ်ပင်ပန်းတယ်လို့မထင်ဘူးပေါ့နော်။ ဝါသနာမပါတဲ့ဟာကြတော့ ပင်ပန်းတယ်။ ပိုက်ဆံရလို့သာလုပ်နေရတယ်၊ မပျော်ရွှင်ဘူးပေါ့နော်။ အဲ့ဒါမျိုးကြတော့ ကိုယ့်အတွက်လည်းမကောင်းဘူး။ ရေရှည်မှာလည်းကိုယ့်အတွက် ဘယ်လိုမှအဆင်မပြေနိုင် တဲ့အနေအထားပေါ့။ နောက်တစ်ခုက ကိုယ်သွားမယ့်အလုပ်၊ ကိုယ်လုပ်မယ့်အလုပ်ကိုသိအောင်ကြိုးစားရမှာ ပေါ့နော်။ အခုဆိုလို့ရှိရင် အလွယ်ကူဆုံးပြောရမယ်ဆိုရင် JobNet ပေါ့နော်။ JobNet မှာ အလုပ်တွေ Vacancy တွေခေါ်ထားပေးတယ်။ အဲ့အလုပ်ကိုတစ်ခုချင်းဆီလိုက်ကြည့်ကြည့်ပေါ့။ ကုမ္ပဏီကမတူညီတဲ့အတွက်ကြောင့် မလို့ခေါ်တဲ့ရာထူးနာမည်တွေကလည်းမတူနိုင်ဘူး။ ဥပမာ Sales Manager လို့ရှင်းရှင်းလင်းလင်းခေါ်ထားရင် sales manager ဆိုတာတန်းသိမယ်ပေါ့နော်။ ကျွန်တော်တို့ကုမ္ပဏီဆိုရင် Sales Manager ဆိုပေမယ့် ခေါ်တော့ Customer Development Manager လို့ခေါ်တယ်။ ဆိုရင်ဘာတွေလုပ်ရတာလဲပေါ့။ အဲ့လုပ်ရတဲ့အလုပ်တွေကို အမှတ်စဉ်ချကြည့်ပေါ့။ ကိုယ်က ဘယ်အလုပ်ကိုတော့ဖြင့်လုပ်ချင်တယ်လို့ထင်လဲ။ ဘယ်အလုပ်ကိုတော့လုပ်နိုင်တယ်လို့ထင်လဲ။ ကိုယ်လုပ်နိုင်တယ်၊လုပ်ချင်တာတွေကိုချကြည့်လိုက်လို့ လုပ်ချင်တာတွေလည်းများတယ်၊ လုပ်နိုင်တာတွေလည်းများတယ်ဆိုရင်တော့ ဒီအလုပ်ကိုရွေးပြီးတော့ အကောင်းဆုံးဆက်လုပ်ပေါ့။ နောက်တစ်ခုက ကိုယ် Career တစ်ခုကိုရွေးလိုက်ပြီးပြီဆိုရင်တော့သစ္စာရှိဖို့ပေါ့။ ဘာလို့လဲဆိုတော့ HR ကိုဝါသနာပါတယ်ဆိုပြီး HR ကိုရွေးလိုက်တယ်။ တကယ့်တကယ်လုပ်တော့ sales ကလူတွေကဝင်ငွေပိုကောင်းတာကိုသွားတွေ့တယ်။ sales ကိုပြောင်းချင်တယ်။ ကာလတစ်ခုရောက်တော့ တစ်ခါအခြားတစ်ခုကအခွင့်အလမ်းတွေသာနေတယ်ဆိုရင် အဲ့တစ်ခုကိုလိုက်ကြည့်။ အဲ့ဒါဆိုလို့ရှိရင်အဲ့လူက တိုးတက်သင့်သလောက်တိုးတက်မှုရမှာမဟုတ်တော့ပါဘူး။ သူကိုယ်တိုင်ကိုက ခိုင်မာမှုမရှိတဲ့ဟာမျိုးပေါ့နော်။ နောက်တစ်ခုက Career တစ်ခုရွေးလိုက်တဲ့အခါမျိုးမှာလည်း ကိုယ့်ပဲအကျိုးရှိတဲ့ဟာမျိုးထက်စာရင် အများအတွက်လည်းအကျိုးရှိနိုင်တဲ့ဟာမျိုးကိုလုပ်ခြင်းအားဖြင့်လည်း တဖြည်းဖြည်းနဲ့ဒါဟာကိုယ့်ကိုပြန်ပြီးတော့ အကျိုးပြုလာတာတွေလည်းရှိလိမ့်မယ်။ ကျောင်းဆရာ၊ ဆရာမဆိုပါစို့။ သူလက်ရှိကျောင်းဆရာ၊ဆရာမလုပ်တဲ့ အတွက် သူဝင်ငွေများများရချင်မှရမယ်။ ဒါပေမယ့် လူ့လောကကိုအကျိုးပြုနိုင်တဲ့ဟာမျိုးတွေရှိတယ်ပေါ့။ ဒီလိုနည်းတွေနဲ့လည်းလုပ်သွားလို့ရတယ်။