ပရော်ဖက်ရှင်နယ်ကျကျ ပြုမူနိုင်တာက ကိုယ်အလုပ်မှာအောင်မြင်ဖို့အတွက် အရေးကြီးတဲ့အဓိကအချက်ပဲဖြစ်ပါတယ်။ ဒီလိုပြုမူတာက သင့်အတွက်အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကိုရရှိနိုင်မယ့်တံခါးပေါက်တစ်ခုပဲဖြစ်တဲ့အပြင် ကိုယ့်ရဲ့တက်လမ်းအတွက်အထောက်အကူကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအချက်တွေနဲ့မိမိကိုယ်ကိုမြှင့်တင်နိုင်မလဲကြည့်လိုက်ကြရအောင်။
သန့်ရှင်းသပ်ရပ်စွာဝတ်စားတတ်ပါစေ
ကိုယ့်ရဲ့ဝတ်စားပုံတွေက ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ်မြင်သာစေမယ့်ပုံစံမျိုးတွေဖြစ်ရပါမယ်။ ဒါကြောင့် ကိုယ့်ရဲ့အလုပ်ခွင်နေ့ရက်တိုင်းကို သန့်သန့်ရှင်းရှင်း၊သပ်သပ်ရပ်ရပ်ဝတ်စားပြီးတက်ရောက်လိုက်ပါ။ အများအမြင်မှာ လေးစားမှုရှိနိုင်တဲ့ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကသင်ရဲ့ပုံရိပ်ကိုတက်စေမှာပါ။ ဒါပေမယ့် အဝတ်အစားကအရမ်းကြပ်နေတာ၊ ဆံပင်အရောင်တွေအရမ်းတောက်နေအောင်ဆိုးထားတာ၊ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အရမ်းထင်ပေါ်လွန်းတဲ့အဝတ်အစားဝတ်ဆင်ခြင်းကိုတော့ရှောင်သင့်ပါတယ်။
အလုပ်ရဲ့အစဉ်အလာတွေကိုလိုက်နာပါ
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့လုပ်ပုံကိုင်ပုံတွေ၊သူတို့တွေဘယ်လိုတွေဝတ်စားကြသလဲဆိုတာရယ်တွေအပြင် ကိုယ်ရဲ့ဝယ်သူနဲ့ဆွေးနွေးမှုတွေပြုလုပ်တဲ့အခါဘယ်လိုတွေပြုမူဆက်ဆံကြလဲ စတာတွေကိုမှတ်သားပြီး ကိုယ့်အလှည့်ကျဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်တာက ပိုပြီးလူကြီးလူကောင်းဆန်မလဲဆိုတာကို စဉ်းစားပြီးလိုက်နာသင့်ပါတယ်။
အလုပ်တက်ချိန်ကိုလေးစားပါ
ကိုယ်အလုပ်တက်ရမယ့်အချိန်က မနက် ၉ နာရီဆိုရင်တော့ကွက်တိကြီးအရောက်မလာပါနဲ့။ အလုပ်မှာပဲ မနက်စာစားတာကော်ဖီသောက်တာတွေလုပ်မယ်ဆိုရင်တော့ ၉ နာရီမှရောက်တာကသင့်အတွက် မကောင်းပါဘူး။ ဒါကြောင့် ၉ နာရီထက်အနည်းငယ်စောပြီးရောက်တာက သင့်အတွက်အဆင်ပြေစေသလို အလုပ်တွေကိုလည်းသက်သောင့်သက်သာလုပ်နိုင်မှာဖြစ်ပါတယ်။
ကိုယ်တက်ရောက်ရမယ့်ဆွေးနွေးပွဲတွေကိုအချိန်မီရောက်ရှိပါစေ
ကိုယ့်ရဲ့အလုပ်ခွင်ဝင်တဲ့အခါရုံးကသတ်မှတ်ထားတဲ့ရုံးချိန်အမီရောက်ရှိတာ၊ အစည်းအဝေးအတွက် ကြိုတင်ရောက်ရှိနေတာတွေကလုပ်ငန်းခွင်မှာအရေးပါတဲ့ကိစ္စရပ်လည်းဖြစ်ပါတယ်။ အလုပ်ရှင်တော်တော်များများကအလုပ်ချိန်ကိုလေးစားပြီး အလုပ်တွေပိုမိုပြီးမြောက်အောင်လုပ်နိုင်တဲ့ဝန်ထမ်းတွေကိုမျှော်လင့်တတ်ကြပါတယ်။
အကောင်းမြင်စိတ်မွေးပါ
အရာရာကိုအကောင်းမြင်စိတ်နဲ့ တက်တက်ကြွကြွနဲ့လုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါစေ။ ကိုယ့်ကိုပေးအပ်ထားတဲ့တာဝန်တွေဝတ္တရားတွေကိုကျေပွန်အောင်ကျွမ်းကျွမ်းကျင်ကျင်နဲ့လုပ်ဆောင် ပြသနိုင်မယ်ဆိုရင်တော့ ကိုယ်ကအလုပ်ခွင်မှာအောင်မြင်တဲ့သူတစ်ယောက်အဖြစ်ရပ်တည်နိုင်မှာပါ။ ထိရောက်တဲ့ဆက်ဆံရေးကောင်းတွေကိုတည်ဆောက်ပါ
အစည်းအဝေးတွေနဲ့ အခြားတွေ့ဆုံမှုတွေလုပ်တဲ့အခါစာအုပ်နဲ့ဘောပင် (သို့) Digital Notepad ကိုယူဆောင်သွားခြင်းဖြင့်ကိုယ့်ရဲ့အလုပ်အပေါ်အလေးထားမှုကိုပြသလိုက်ပါ။ ဒါ့အပြင် စကားကိုပီပီသသပြောတာ၊ သေချာမကြားနိုင်တဲ့အခါစကားကိုမြှင့်ပြောတာတွေလုပ်တာတွေက သင့်အတွက်အခြားသူနဲ့ဆက်ဆံတဲ့အခါပိုပြီးအဆင်ပြေချောမွေ့မှာပါ။
Meeting ထိုင်ပြီးဆုံးဖြတ်စရာမလိုတဲ့ကိစ္စတွေမှာ email သို့ ဖုန်းကိုအသုံးပြုပြီးဆက်သွယ်ပါ
အသေးအဖွဲဆုံးဖြတ်ရမယ့်ကိစ္စတွေ၊ဖြေရှင်းရမယ့်ကိစ္စတွေကို email သို့မဟုတ် ဖုန်းကိုအသုံးပြုပြီး ကိုယ့်ရဲ့အချိန်တွေကိုထိထိရောက်ရောက်အသုံးပြုလိုက်ပါ။ မလိုအပ်တဲ့ဆွေးနွေးမှုတွေနဲ့အခြားသူတွေရဲ့အချိန်တွေကို မဖြုန်းတီိးသင့်ပါဘူး။
ပရောဖက်ရှင်နယ်ကျကျပြုမူပြောဆိုပါ
ရုံးတွင်းမှာအတင်းအဖျင်းပြောခြင်းကိုရှောင်ရှားပါ။ ရုံးတွင်းမှာရှိတဲ့ ကောလဟာလတွေနဲ့  အတင်းအဖျင်းစကားတွေမှာကိုယ်တိုင်ပါဝင်ပြီးဝင်ရောက်ပြောဆိုတာတွေက ကိုယ့်အတွက်လည်းမကောင်းသလို ကိုယ့်ရဲ့သိက္ခာအတွက်လည်းကာင်းမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီအပြုအမူတွေကနေဝေးဝေးရှောင်တာက ကိုယ့်ရဲ့ဂုဏ်သတင်းကိုထိန်းသိမ်းနိုင်တဲ့အပြင် သင်က လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာလေးစားမှုရှိကြောင်းကို ပြရာလည်းရောက်ပါတယ်။
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပေါ်အလေးထားပါ
အကယ်၍သင့်မှာ လက်တွဲပြီးလုပ်လို့မရတဲ့သူတစ်ယောက်ရှိခဲ့တယ်ဆိုရင် သူတို့နဲ့တိုက်ရိုက်အလုပ်လုပ်တာကို တက်နိုင်သမျှရှောင်ကြဉ်ပြီိးအလုပ်လုပ်ပါ။ ဒီလိုကိစ္စမျိုးကြုံတွေ့လာရင် ကိုယ့်ရဲ့အထက်လူကြီးကိုသွားရောက်တိုင်ပင်ပြီး ကိုယ်ကြုံတွေ့နေရတဲ့အခက်အခဲကိုပြောပြပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့်အရာကိုဦးတည်ဆွေးနွေးမှုပြုလုပ်ပါ။
ကိုယ့်ရဲ့အလုပ်ရှင်ကိုဦီးဆောင်ညွှန်ကြားပေးနိုင်သူကဲ့သို့အလေးထားပါ
ကိုယ့်ရဲ့အလုပ်ရှင်ကကိုယ့်ရဲ့စွမ်းဆောင်နိုင်စွမ်းကို သိမြင်လာတဲ့အခါသူတို့ကိုယ်တိုင်ရှေ့ကနေ ဦးဆောင်လမ်းပြသူတစ်ယောက်အဖြစ်ကူညီပေးပါလိမ့်မယ်။