3rd August, 2018

ဘယ်အချိန်မှာ အလုပ်ပြောင်းမလဲ

အလုပ်ထဲမှာ အဆင်မပြေတာကတော့ လူတိုင်း ကြုံရတဲ့ကိစ္စတစ်ခုပါ။ အသားကျပြီးသား လုပ်ငန်းခွင်တစ်ခုကနေ နုတ်ထွက်ဖို့ဆိုတာကလည်း ထင်သလောက် မလွယ်ကူပါဘူး။ လုပ်ငန်းခွင်မှာ မပျော်ရွှင်နိုင်တော့လို့ အလုပ်ပြောင်းတော့မယ် စဉ်းစားနေပြီဆိုရင်တော့ အောက်ပါအချက်တွေနဲ့ ကိုက်ညီနေရဲ့လားဆိုတာ အရင်ဆုံးချင့်ချိန်ရမှာ ဖြစ်ပါတယ်။

၁) လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုတွေ ပျောက်ဆုံးလာပြီဆိုရင်

အလုပ်ဝင်ခါစ နေ့ရက်တွေမှာ လုပ်ဖက်ကိုင်ဖက်တွေနဲ့ မရင်းနှီးတာ သဘာဝကျပါတယ်။ နောက်တော့မှ တဖြည်းဖြည်း ရင်းနှီး ခင်မင်လာပြီး အလုပ်ကိစ္စတွေရော ပုဂ္ဂိုလ်ရေးတွေပါ တိုင်ပင်ဖြစ်သွားကြတာပါ။ ခင်မင်ရင်းနှီးနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားမပြောနိုင်တော့လောက်အောင် ပင်ပန်းမှုက ကြာရှည်နေပြီ၊ ပြောရင်လည်း အလုပ်ကိစ္စနဲ့ အလုပ်ထဲက အဆင်မပြေစရာတွေကိုချည်းပဲ ပြောနေမိတာက လုပ်ငန်းခွင်ပျော်ရွှင်မှု မရတော့တဲ့သဘောပါ။

၂) တက်လမ်းမရှိတော့ဘူးလို့ ထင်လာပြီလား

ကိုယ်ရွေးချယ်ထားတဲ့ အလုပ်အကိုင်လမ်းကြောင်းမှာ တိုးတက်မှုတွေ ရနေဖို့ အရေးကြီးပါတယ်။ ငွေကြေးနဲ့ ရာထူးတိုးတက်မှုသာမက လုပ်ငန်းကျွမ်းကျင်မှုတွေပါ တိုးတက်လာဖို့ လိုပါတယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခြင်းခံရသလို အလုပ်ထဲမှာ သင်ယူလေ့လာစရာ တစ်ခုမှ မရတော့ဘူးဆိုရင်လည်း အလုပ်မှာ မပျော်နိုင်တောာ့ပါဘူး။ ကိုယ့်အတွက် အခွင့်အလမ်းသစ်တွေ ရနိုင်ဖို့ လမ်းစပျောက်နေပြီဆိုရင်တော့ အဲ့ဒီနေရာကို စွန့်ခွာဖို့ စဉ်းစားသင့်ပါပြီ။

၃) ကိုယ်ပိုင်အချိန်တွေ ပျောက်ဆုံးနေပြီဆိုရင်

ညဉ့်နက်သန်းခေါင်တွေနဲ့ ပိတ်ရက်တွေမှာပါ အလုပ်အတွက် အချိန်ပေးလွန်းနေရပြီး ကိုယ်ပိုင်ဘဝ ပျောက်ဆုံးနေရင်တော့ မဖြစ်သေးပါဘူး။ မိသားစု၊ အပေါင်းအသင်းနဲ့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ အနားယူဖို့အတွက် ပိတ်ရက်တွေကို အသုံးချရမယ့်အစား အလုပ်ကိုအချိန်ပေးရင်း ဘဝပျောက်ဆုံးသွားရတာ နှမျောဖို့ကောင်းပါတယ်။

၎) ကျန်းမာရေးကိုတောင် အာရုံမစိုက်နိုင်တော့တဲ့ ဘဝ

အလုပ်လုပ်တယ်ဆိုတာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အလုပ်ကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းပြီး ကျန်းမာရေးကို ထိခိုက်လာပြီဆိုရင်တော့ လက်ရှိအလုပ်ဟာ ကိုယ့်အတွက် မသင့်တော်တဲ့ အလုပ်ဖြစ်တာကို သိသင့်ပါတယ်။

၅) ကိုယ်နဲ့ရော တကယ်ကိုက်ညီရဲ့လား

ကိုယ်သင်ယူတတ်မြောက်ထားတဲ့ ပညာရပ်တွေဟာ လုပ်ငန်းခွင်ထဲမှာ အသုံးမချရဘူးဆိုရင်တော့ အလုပ်မှာ ပျော်ရွှင်ဖို့ထက် စိတ်ဖိစီးမှုတွေက ပိုများလာရပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်တတ်မြောက်ထားတဲ့ပညာရပ်၊ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတွေနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်တွေကို တွေ့ရှိလာပြီဆိုရင်တော့ အလုပ်ပြောင်းဖို့ ဆုံးဖြတ်တာ မမှားပါဘူး။

 www.jobnet.com.mm ကို ဝင်ကြည့်လိုက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွင်းက အသေချာဆုံး အကောင်းဆုံး အလုပ်အကိုင်တွေကို ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီမှာ ကိုယ့်ရဲ့စွမ်းရည်တွေနဲ့ ကိုက်ညီမှုရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကို တွေ့ရမှာပါ။ JobNet ဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်ဖြစ်ပြီး Register ပြုလုပ်ထားမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို သင့်ထံယူဆောင်လာပေးမှာ ဖြစ်ပါတယ်။

တကယ်လို့ သင်က နည်းပညာနဲ့အင်ဂျင်နီယာနယ်ပယ်ထဲကဖြစ်ပြီး ဆိုခဲ့ပါ အချက်တွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ သင့်အတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။

အဲဒါကတော့ သြဂုတ်လ ၁၂ ရက်နေ့၊ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်မယ့် Technology and Engineering Career Conference ကြီးပါပဲ။ ပြည်တွင်းက နည်းပညာနဲ့ အင်ဂျင်နီယာဆိုင်ရာ ကုမ္ပဏီလုပ်ငန်းစုကြီးတွေက ဒီပွဲမှာပါဝင်ပြီး ဝန်ထမ်းတွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။