13th September, 2018

ဘယ်အကြာင်းအရာကသင့်ကိုအလုပ်ပြောင်းစေချင်တာလဲ

လုပ်ငန်းခွင်ဝင်တဲ့လူတစ်ယောက်အဖို့တော့ တခါတရံမှာ အလုပ်ကစိတ်ညစ်စရာတွေကြောင့် မပျော်ရွှင်တော့တာတွေ ရှိတတ်ပါတယ်။ မပျော်မရွှင်ဖြစ်လာရင် ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကျလာမယ်။ စိတ်ဖိစီးတာတွေကြောင့် ကိုယ့်ကျန်းမာရေးကိုပါထိခိုက်စေလာနိုင်ပါတယ်။ ဒါဆို ကိုယ့်ရဲ့အလုပ်ခွင်မှာ ဘယ်အချက်တွေကြောင့်မပျော်ရွှင်ကြတာလဲ…ဒီလိုမပျော်ရွှင်တဲ့အခါဘာတွေဆက်လုပ်ရမလဲ။

မိမိကိုယ်ကို ဆန်းစစ်ကြည့်ပါ

ကိုယ့်ရဲ့အလုပ်ခွင်နေ့ရက်တွေက အဆင်မပြေမှုတွေနဲ့ဖြတ်သန်းနေရသလားဆိုတာကို ပြန်ဆန်းစစ်ပါ။ ဥပမာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့အဆင်မပြေတာလား၊ ကိုယ်မလုပ်ချင်တဲ့အလုပ်ကို တာဝန်လွှဲပြောင်ပေးအပ်ခြင်းခံရတာလား၊ ကိုယ့်ရဲ့အလုပ်ရှင်က ကိုယ့်အပေါ်စိတ်ကျေနပ်မှုမရှိတော့တာလား၊ ဒါမှမဟုတ် လုပ်ငန်းခွင်ဆက်ဆံရေးတွေ အဆင်မပြေတော့တာ၊ ကိုယ့်အတွက်တက်လမ်းမရှိတာ စတဲ့အချက်တွေကြောင့် ကိုယ့်ရဲ့အလုပ်နေ့ရက်တွေ မပျော်ရွှင်ဖြစ်လာပြီး အလုပ်ပြောင်းချင်နေတာလားဆိုတာ ပြန်ပြီးသုံးသပ်ကြည့်ပါ။

အလုပ်တိုင်းက ပြီးပြည့်စုံပြီး ပျော်ရွှင်နေရတဲ့အလုပ်ရယ်လို့မရှိပါဘူး။ အနည်းနဲ့အများတော့ စိတ်ဖိစီးမှုနဲ့ အဆင်မပြေတာတွေရှိကြပါတယ်။ ဒါပေမယ့် အရင်အလုပ်တွေထက် ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်မှာ ပိုပြီးစိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေများနေတာလား ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က အလုပ်တိုင်းမှာ အဆင်မပြေဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုမရှိတာဆိုရင်တော့ မိမိကိုယ်တိုင်မှာ တာဝန်ရှိနေပါပြီ။

ကိုယ့်ရဲ့အမြင်တွေကိုပြောင်းလဲကြည့်ပါ

နောက်တစ်ချက်အနေနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်အပေါ် အမြင်တွေကို အရင်ဆုံးကြိုးစားပြီးပြောင်းလဲကြည့်ပါ။ မိမိကိုယ်တိုင်ပြောင်းလဲကြည့်တဲ့အနေနဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရင်ကထက်ပိုပြီး ပျော်ရွှင်စရာအကြောင်းတွေပြောတာ၊ ရုံးတွင်း activity တွေမှာဝင်ရောက်ပါဝင်ပြီး အကူအညီပေးတာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။ ဒီိလိုကြိုးစားရင်းနဲ့မှ မိမိနဲ့ ဆက်ဆံနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေက အဆိုးမြင်ဝါဒီသမားတွေများနေတာ၊ ကိုယ်ကူညီနေပေမယ့် အသိမှတ်မပြုတာတွေအပြင် လုပ်ငန်းခွင်ထဲမှာ မိမိအတွက်တိုးတက်မှုမရှိတော့တာတွေဆိုရင်တော့ သင်အလုပ်ပြောင်းဖို့စဉ်းစားတာ မှန်ကန်မှုရှိပါတယ်။

ဒီလိုအချိန်မှာအလုပ်သစ်ကိုရှာဖွေလိုက်ပါ

ကိုယ်ကတကယ်ပဲ ဒီလိုသာကြုံတွေနေရတယ်၊ ကိုယ်ရဲ့အခြေအနေတွေကို အကောင်းမြင်စိတ်နဲ့ ပြောင်းလဲနေပေမယ့် မအောင်မြင်တာတွေရှိလာတဲ့အခါမှာတော့ သင့်မှာရွေးချယ်စရာတစ်ခုပဲရှိပါတော့တယ်။ ဒါကတော့ ကိုယ်နဲ့သင့်တော်ပြီး ကိုယ့်ရဲ့တက်လမ်းအတွက် အထောက်အကူပြုမယ့် အလုပ်သစ်တစ်ခုကိုရှာဖွေသင့်ပါပြီ။ ဒီလိုရှာဖွေမယ်ဆိုရင်တော့ လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့၊ Novotel Hotel မှာကျင်းပပြုလုပ်မယ့် Job Nation ပွဲကြီးမှာ သင့်အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကစောင့်ကြိုနေပါတယ်။ ကုမ္ပဏီပေါင်း ၆၅ ခုကျော်ကနေ ခေါ်ယူသွားမှာဖြစ်တဲ့အတွက် ဒီလင့်ခ်မှာ https://goo.gl/7uKrBT စာရင်းသွင်းပြီး ကိုယ်နယ်ပယ်နဲ့သက်ဆိုင်ရာအလုပ်တွေကို စိတ်ကြိုက်ရှာဖွေပြီး ကျေနပ်စရာကောင်းတဲ့ ပတ်ဝန်းကျင်သစ်မှာ အလုပ်တွေကိုပျော်ရွှင်စွာလုပ်လိုက်ကြရအောင်။