16th November, 2021

မိမိရဲ့ပြောင်းလဲလုပ်ဆောင်နိုင်မှုများအပေါ်အခြေခံပြီး CV ဘယ်လိုရေးသင့်သလဲ။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်၊ အခွင့်အလမ်း ဈေးကွက်ပြန်လည်မြင့်တက်လာသည်နှင့်အမျှ  ကဏ္ဍအသစ် တစ်ရပ် (သို့မဟုတ်) လုပ်ငန်းနယ်ပယ်အသစ်ကို ဝင်ရောက်ဖို့အတွက် စဉ်းစားရပါလိမ့်မယ်။ လုပ်ငန်းနယ်ပယ်အသစ်တစ်ခုကို ဝင်ရောက်ဖို့အတွက် သက်ဆိုင်တဲ့လုပ်ငန်းအတွေ့အကြုံများစွာလည်း ရှိနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် မိမိရဲ့ CV ကို ကိုက်ညီအောင် ရေးသားဖော်ပြနိုင်တဲ့ အရည်အချင်းရှိဖို့လည်းအရေးပါ ပါတယ်။

လက်ရှိမိမိပြုလုပ်နေသော အလုပ်မှ ပြောင်းလဲလုပ်ဆောင်နိုင်မှုသည် မည်သည့်အခန်းကဏ္ဍတွင်မဆို အဓိကအသုံးဝင်တဲ့ စွမ်းဆောင်နိုင်မှုတစ်ခုသာဖြစ်တယ်။ အချို့ပြောင်းလဲလုပ်ဆောင်နိုင်မှု ဥပမာတွေကိုကြည့်မယ်ဆိုရင် စီမံကိန်းအလိုက် စီမံခန့်ခွဲမှု၊ အချိန်စီမံခန့်ခွဲမှု၊ အဖွဲ့လိုက်စီမံခန့်ခွဲမှု နှင့် နောက်ဆုံးခေါင်းဆောင်မှုအထိ တိုးတတ်လာမှာဖြစ်တယ်။

ပြောင်းလဲလုပ်ဆောင်နိုင်မှုစွမ်းရည်သည် မိမိအတွက် မတူညီတဲ့အလုပ်များစွာကို လုပ်ဆောင်နိုင်ပြီး၊ ကဏ္ဍသစ်တစ်ခု (သို့မဟုတ်) လုပ်ငန်းနယ်ပယ်အသစ်တစ်ခုကို ဝင်ရောက်ရန်အတွက်လည်း အကူအညီဖြစ်နိုင်ပါတယ်။

ပြောင်းလဲလုပ်ဆောင်နိုင်မှု အရည်အချင်းများနှင့် ပတ်သက်၍ မိမိရဲ့ CV မှာ ဘယ်လိုရေးသားဖော်ပြသင့်လဲဆိုတာကို အောက်တွင်နည်းလမ်း ၅မျိုးဖြင့်ဖော်ပြလိုက်ပါတယ်။ 

 

၁။ မိမိရဲ့ ပြောင်းလဲလုပ်ဆောင်နိုင်မှုအရည်အချင်းကို ဖော်ထုတ်ပါ။

မိမိရဲ့ ပြောင်းလဲလုပ်ဆောင်နိုင်သော အရည်အချင်းကို ရှင်းရှင်းလင်းလင်းသိရဖို့အတွက် အရေးကြီးပါတယ်။ ဒါမှသာလျှင် အလုပ်ရှင်များထံမှ မိမိရဲ့လုပ်ဆောင်နိုင်မှုကို သိသိသာသာမြင်သာစေမှာဖြစ်ပါတယ်။

၂။ လုပ်ငန်းနယ်ပယ် (သို့) ကဏ္ဍသစ်တစ်ရပ်အတွက် လိုအပ်တဲ့နေရာတွေကိုလေ့လာပါ။

မိမိလုပ်ဆောင်လိုသော ကဏ္ဍသစ်တစ်ရပ် (သို့) လုပ်ငန်းနယ်ပယ်အသစ်တစ်ခုမှာ ဘယ်အရာက ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်နိုင်တယ်ဆိုတာ စဉ်းစားပါ။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်အကိုင်တစ်ခုကို တွေ့ပါက လိုအပ်ချက်များကို သေချာဖတ်ပါ။ ဒါမှမိမိရဲ့ CV ရေးသားရာမှာ ပြောင်းလဲလုပ်ဆောင်နိုင်မှု အရည်အချင်း တွေကို ဖော်ထုတ်လို့ရမှာဖြစ်ပါတယ်။

၃။ ဖော်ပြချက်များနှင့် ဥပမာများကို အသုံးပြု၍ မိမိရဲ့ ပြောင်းလဲလုပ်ဆောင်နိုင်မှုအကြောင်းရေးပါ။

ပြောင်းလဲလုပ်ဆောင်နိုင်မှုကို အခြေခံပြီးရေးသားထားသော မိမိရဲ့ CV တွင် ကိုယ်ရေးအချက်အလက်၊ ပညာရေး၊ လုပ်ငန်းအတွေ့အကြုံနှင့် ဆက်သွယ်ရန်အချက်အလက်များပါဝင်သော်လည်း သက်ဆိုင်တဲ့ကျွမ်းကျင်မှုကို ဖော်ပြရမည်။ ထိုသို့ဖော်ပြရာတွင် ၎င်းကျွမ်းကျင်မှုများကို မည်သို့အသုံးပြုသည်ကို “ အဓိကကျွမ်းကျင်မှုများ “ ခေါင်းစဉ်အောက်တွင် သီးသန့်ဖန်တီးနိုင်ပါသည်။ သို့မဟုတ် မိမိ CV ရဲ့လုပ်ငန်းအတွေ့အကြုံများရေးသားထားသော အပိုင်း၏အောက်ဘက်တွင် အမှတ်အသားလေးများဖြင့် ထည့်သွင်းနိုင်ပါတယ်။

မိမိရဲ့ပြောင်းလဲလုပ်ဆောင်နိုင်မှုကို ပြသရန်အလွယ်ကူဆုံးနည်းလမ်းကတော့ လက်ရှိအလုပ်လုပ်နေသော အလုပ်ပတ်ဝန်းကျင်ကိုထည့်သွင်းရေးသားဖော်ပြရန် ဖြစ်ပါတယ်။ ဒီအချက်ဟာ မိမိကိုအလုပ်ခန့်မည့်မန်နေဂျာမှ သူတို့၏ပတ်ဝန်းကျင်မှာ သင်လုပ်ဆောင်နိုင်ခြင်းရှိ/မရှိကို သိရှိစေရန် အထောက်အကူဖြစ်ပါလိမ့်မယ်။ ဥပမာ-အလုပ်ပတ်ဝန်းကျင်တွင် အခြားသူများ(သို့)အဖွဲ့များနှင့် ကဏ္ဍသစ်တစ်ရပ်အတွက် ပါဝင်ညိူနိူင်းလုပ်ဆောင်နေခြင်းဖြင့် မိမိသည် အလုပ်ရှင်၏အမြင်တွင် အကောင်းမြင်ခံရလိမ့်မည်။

၄။ အလုပ်ရှင်များရှာဖွေနေသည့် ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်များကို စဉ်းစားပါ။

အဖွဲ့အစည်းဖြင့် အလုပ်လုပ်ဆောင်ခြင်းသည် မှန်ကန်သောစွမ်းရည်ကိုပေါ်လွင်စေသည်။ အလုပ်ခေါ်ယူသည့်အခါ ကုမ္ပဏီ (သို့) အလုပ်ရှင်ဘက်မှ အကျင့်စရိုက်များကိုကြည့်ရှုရန်လည်း အရေးကြီးပါတယ်။ အလုပ်ခွင်တွင် တတ်ကြွစွာ လုပ်ကိုင်နေသော လူတစ်ဦးကို လိုအပ်နေပါသလား။ အလုပ်ခွင်တွင် ကောင်းသောစီမံခန့်ခွဲမှုစွမ်းရည် ရှိသူတစ်ဦး လိုအပ်နေပါသလား။ ထိုအရာများသည် မိမိရဲ့ CV တွင်ထည့်သွင်းဖော်ပြနိုင်တဲ့ အလုပ်ရှင်ရှာဖွေနေသည့် အချက်အလက်ဥပမာများ ဖြစ်ပါတယ်။ အခြားဥပမာတွေကတော့-တတ်ကြွစွာ လုပ်ဆောင်ခြင်း နှင့် အလိုက်သင့်ပြောင်းလဲခြင်း။

၅။ မိမိရဲ့ စွမ်းဆောင်နိုင်မှု အပေါ်ယုံကြည့်မှုရှိပါ။

ဒါကတော့ အရာအားလုံးဟာ အတွေ့အကြုံကြောင့် မဟုတ်ကြောင်း သိဖို့လိုအပ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ နည်းပါးပေမယ့်လည်း မိမိရဲ့ပြောင်းလဲလုပ်ဆောင်နိုင်သော အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးစရိုက်များကို ပေါင်းစပ်ပြီး၊ လုပ်ငန်းနယ်ပယ်အသစ်တစ်ခုသို့ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

အလုပ်အကိုင် ပြောင်းလဲဖို့ရှာဖွေနေပါသလား။ လက်ရှိမြန်မာနိုင်ငံ၏ အကြီးဆုံးအလုပ်ရှာဖွေမှု portal ဖြစ်တဲ့ JobNet.com.mm ကိုဦးတည်သွားပါ။