26th January, 2022

မိမိရဲ့အင်တာဗျူးသူအား မေးသင့်သော မေးခွန်းများ။

ဒါဆို သင် အင်တာဗျူး ရပြီလား။ အများအားဖြင့် အလုပ်ရှာဖွေသူများက အင်တာဗျူးတွင် မေးမည့်မေးခွန်းများကို မည်သို့အကောင်းဆုံးဖြေရမည်ကို စဉ်းစားကြပါတယ်။ ဒါပေမယ့် အလုပ်ရှာဖွေသူတစ်ယောက်အနေနဲ့လည်း မိမိကိုအင်တာဗျူးမည့်သူအား ကုမ္ပဏီတွင် မိမိလုပ်ရမည့်အလုပ်နှင့်ပတ်သက်တဲ့ အင်တာဗျူးမေးခွန်းတွေကို မေးဖို့အရေးကြီးပါတယ်။ “ မရှိပါဘူး၊ ငါ့မှာမေးစရာ ဘာမေးခွန်းမှမရှိဘူး ” လို့ပြောတာကို ရှောင်ကြဉ်ပါ။ အင်တာဗျူးကို တတ်နိုင်သမျှကြိုးစားပြီးဖြေပါ။ အဆုံးမှာမေးခွန်းတွေမေးခြင်းက မိမိကိုအရာအားလုံးထက် ကြီးမားတဲ့ ထိုးထွင်းသိမြင်မှုပေးနိုင်ပါတယ်။

အောက်တွင် အလုပ်ခန့်မည့်မန်နေဂျာ (သို့) အင်တာဗျူးသူအား သေချာမေးရန် လိုအပ်သောမေးခွန်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဒီကုမ္ပဏီရဲ့ယဉ်ကျေးမှုနဲ့ အလုပ်ပတ်ဝန်းကျင်ကို မင်းဘယ်လိုဖော်ပြမလဲ။

ဒါက အင်တာဗျူးဖြေတဲ့နေရာမှာ မိမိကိုတကယ်အလုပ်လုပ်စေချင်တာလားဆိုတာကို စိတ်ဝင်စားရင် မေးဖို့ကောင်းတဲ့မေးခွန်းတစ်ခုပါ။ အင်တာဗျူးသူ၏ အဖြေကိုကြည့်ပြီး ဒါဟာအလုပ်လုပ်ဖို့ ကောင်းသောနေရာ ဟုတ်၊ မဟုတ်နှင့် စီမံခန့်ခွဲမှု/အဖွဲ့များက တကယ်ပြေလည်ရဲ့လားဆိုတာကို ကြည့်ပြီးကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။ အင်တာဗျူးသောအဖွဲ့သည် ကောင်းမွန်သောနည်းလမ်းဖြင့် ပြန်လည်တုံ့ပြန်ပါက ၎င်းသည် အလုပ်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ဖို့ ဖြစ်နိုင်ချေပိုများပါတယ်။

ဒီဌာနအတွက်စိန်ခေါ်မှုတွေက ဘာတွေလို့မင်းထင်လဲ။ 

ထိုကဲ့သို့သော မေးခွန်းမျိုးမေးခြင်းက မိမိသည်စိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် မိမိလုပ်ဆောင်နိုင်မည့် အရာကိုပြသခြင်းဖြစ်ပါတယ်။  ပြီးတော့ မိမိလုပ်ဆောင်မည့် ဌာနကိုတိုးတတ်အောင် ပြုလုပ်ရန်လည်း စိတ်ဝင်စားကြောင်းပြသစေပါတယ်။ ဒါက စစ်မှန်သော စိတ်ဝင်စားမှုနှင့် အစပြုခြင်းပါပဲ။ 

မည်သို့သော သင်ယူမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများရရှိနိုင်ပါသလဲ။

ကုမ္ပဏီက အသုံးဝင်တဲ့သင်တန်း အခွင့်အလမ်းများပေးထားတာလား၊ ဒါမှမဟုတ် သင်ယူမှုအတွက် ဘတ်ဂျက်ကိုဖယ်ထားပေးလား ဆိုတာသိရမယ့် အံ့သြစရာကောင်းတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒါက မိမိရဲ့ကျွမ်းကျင်မှုအပေါ်မူတည်ပြီး သင်ယူရန်နှင့် တိုးတတ်ဖို့အတွက် စိတ်အားထက်သန်ကြောင်း အင်တာဗျူးသူအား ပြသခြင်းဖြစ်ပါတယ်။

ဘာကြောင့် ဒီအလုပ်နေရာက လစ်လပ်နေရတာလဲ။

ဒီမေးခွန်းကတော့ ကုမ္ပဏီရဲ့ ရှုထောင့်အမျိုးမျိုးကို အလင်းပြပေးနိုင်တဲ့ အတွက်အလွန်ကောင်းပါတယ်။ ဝန်ထမ်းများက ကုမ္ပဏီမှထွက်ခွာသွားခြင်းလား (ဒါကကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။) သို့မဟုတ် အဖွဲ့ထဲသို့ အဖွဲ့ဝင်များထပ်တိုး၍ ကုမ္ပဏီကို လွယ်ကူစွာတိုးတတ်ပြောင်းလဲလာစေဖို့လား ဆိုတာကို သိရပါလိမ့်မယ်။