ကုမ္ပဏီတိုးတက်အောင်မြင်ဖို့အတွက်လုပ်ဆောင်တဲ့နေရာမှာ ဝန်ထမ်းကောင်းတွေက အဓိကနေရာကနေ ပါဝင်နေပါတယ်။ ကုမ္ပဏီက အားထားရတဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်နေခြင်းက သင့်ရဲ့အနာဂတ်အတွက် အရေးကြီးသလို အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရယူနိုင်ဖို့အတွက်လည်း အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်အချက်တွေက သင့်ကို ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်အချက်တွေကအရေးကြီးလဲဆိုတာ ကြည့်လိုက်ကြရအောင်။
ပရော်ဖက်ရှင်မယ်ကျကျပြုမူပါ
ကိုယ်လုပ်နေတဲ့အလုပ်ခွင်က ပရော်ဖက်ရှင်နယ်ကျကျ ပြုမူပြောဆိုဆက်ဆံရမယ့် နေရာဖြစ်ပါတယ်။ ဘယ်သူက အလုပ်ကို ပေါ့ပျက်ပျက်လုပ်နေတယ်၊ ဘယ်သူက အလုပ်ကို အလုပ်နဲ့တူအောင် လုပ်နေသလဲ ဆိုတာ လူတိုင်းကသိပါတယ်။ ဒါ့ကြောင့် ကိုယ်လုပ်ဆောင်ရမယ်အလုပ်တွေနဲ့ ဆက်ဆံရမယ့်သူတွေအပေါ်ကို လေးစားမှုရှိရှိနဲ့ ပြုမူဆက်ဆံတတ်ဖို့လိုပါတယ်။
ကိုယ့်ကိုဝေဖန်မှုအပေါ်ကိုအကောင်းမြင်တတ်ပါစေ
ဝေဖန်မှုတွေကတဆင့် ကိုယ့်ဆီကသူတို့ဘာတွေမျှော်လင့်နေသလဲ၊ ကိုယ့်ရဲ့အားနည်းချက်ကဘာလဲ၊ ဘာတွေကိုကြိုတင်ပြီးလုပ်ထားသင့်လဲဆိုတာတွေကို သိရှိနိုင်တဲ့အတွက် ဒီဝေဖန်မှုတွေက ကိုယ့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။
အလုပ်တွေကိုဘယ်လိုကောင်းမွန်အောင်လုပ်ရမလဲဆိုတာသင်ယူပါ
ကိုယ့်အတွက်ဘယ်လောက်ထိခက်ခဲတယ်လို့တွေးနေတာကိုဖျောက်ပြီး ဒီအလုပ်ကိုဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာကို သင်ယူပါ။ ကိုယ့်ရာထူးတဆင့်မြင့်ဖို့ဆိုတာက ဒီလိုအလုပ်တွေကိုလုပ်နိုင်စွမ်း၊ ကုမ္ပဏီအပေါ်မှာရှိတဲ့သစ္စာရှိမှုနဲ့ အကောင်းမြင်စိတ်တွေအပြင် သင်ယူခဲ့တဲ့ ပညာရပ်တွေအပေါ်မှာမူတည်ပါတယ်။
ကိုယ့်အဖွဲ့အစည်းထဲကလူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးထူထောင်နိုင်ပါစေ
ကိုယ့်အဖွဲ့အစည်းကလူတွေအကုန်လုံးကတော့ သူနေရာနဲ့သူ တော်ပြီးထက်မြက်ကြတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အဖွဲ့အစည်းထဲမှာရှိတဲ့သူတွေကို လေးလေးစားစားနဲ့ ရိုင်းပင်းကူညီမှုတွေကို ပြုလုပ်ပါ။ ဒါပေမယ့် ကိုယ် အကောင်းဆုံး ဆက်ဆံပေမယ့် ကိုယ့်အပေါ်မှာ သိပ်မကောင်းတဲ့သူတွေ၊ အချင်းချင်းအပြန်အလှန်လေးစားမှုမရှိသူတွေနဲ့ တစ်ပါးသူကို နှိမ့်ချပြောဆိုတတ်သူတွေနဲ့တော့ အတတ်နိုင်ဆုံးရှောင်လွှဲသွားလိုက်ပါ။
ကိုယ့်ရဲ့အလုပ်လုပ်တဲ့စံချိန်ကို ထိန်းသိမ်းထားပါ
အလုပ်ကို အချိန်မှန်လာမယ်၊ ရုံးမှန်မှန်တက်မယ်၊ ပေးထားတဲ့အလုပ်တွေကို အသေအချာ ကိုင်တွယ်ပြီး အချိန်မီိပြီးစီးအောင်လုပ်မယ်စတဲ့ အချက်တွေက အဓိကကျတဲ့နေရာပါဝင်နေပါတယ်။ ဒါပေမယ့် သင့်ဘက်က တာဝန်ပျက်ကွက်မှုတွေ ဖြစ်လာမယ်၊ အလုပ်တွေကို အချိန်မီမပြီးစီးတာတွေအပြင် ပရော်ဖက်ရှင်နယ်ကျကျမလုပ်နိုင်တာတွေ၊ ဒါမှမဟုတ် Customer Complaints အရမ်းများလာပြီဆိုရင်တော့ ကုမ္ပဏီကအလိုရှိတော့မှာမဟုတ်ပါဘူး။
အလုပ်ကိုစောစောလာပါ
ရုံးကို သတ်မှတ်ထားတဲ့အချိန်ထက် အနည်းဆုံး ၁၅ မိနစ် လောက်စောရောက်အောင်လာပါ။ ဒီလိုရောက်နေတဲ့အတွက် ကားပိတ်တာတွေ အပြေးအလွှားလာရတာတွေ မရှိဘဲ အလုပ်ကိုအချိန်မီရောက်နိုင်ပါလိမ့်မယ်။
စကားနည်းနည်းနဲ့အလုပ်များများပြီးအောင်လုပ်ပါ
သူများအကြောင်းပြောတာတွေကိုရှောင်ကြဉ်ပြီး အလုပ်ကိုပြီးအောင်လုပ်ပါ။ ခဏတဖြုတ် စကားပြောတာတွေက ကိစ္စမရှိပေမယ့် အုပ်စုလိုက် အခြားအကြောင်းအရာကို အချိန်အတော်ကြာပြောဆိုနေမယ်ဆိုရင်တော့ အလုပ်ရှင်ကသင်တို့အပေါ်အကောင်းမြင်စိတ်ရှိမှာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့လက်အောက်ကသူတွေကိုသင်ကြားပေးတာတွေ အားပေးမှုတွေပြုလုပ်ပါ
အသစ်ဝင်ရောက်လာတဲ့သူပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့လက်အောက်ငယ်သားဖြစ်ဖြစ် သူတို့တွေအလုပ်ကြောင်းနားမလည်တာတွေရှိလာတဲ့အခါမှာ အကူအညီလိုမလိုမေးမြန်းပြီးဖေးမပေးပါ။ သူတို့ရဲ့အလုပ်တွေကူညီလုပ်ကိုင်ပေးတာထက် ဘယ်လိုတွေလုပ်ရမယ်ဆိုတာကို သင်ပြပေးတာက သူတို့အတွက်တင်မက ကုမ္ပဏီအတွက်ပါ အကျိုးရှိစေပါတယ်။
ဒီအချက်တွေကိုလေ့လာပြီး မိမိရဲ့ လုပ်ငန်းခွင်မှာ အခြားသူတွေထက် ပိုမို အောင်မြင်တဲ့သူတစ်ယောက်၊ ဝန်ထမ်းကောင်းတစ်ယောက် မိမိရဲ့ဝန်ထမ်းကောင်းတစ်ယောက်ဂုဏ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် www.jobnet.com.mm မှာ မိမိအလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ ဆောင်းပါးများကိုလည်း ဝင်ရောက်ဖတ်ရှုလေ့လာပြီး အလုပ်ကောင်းအခွင့်အလမ်းအတွက် အကြံဉာဏ်ကောင်းတွေ ရယူလိုက်နိုင်ပါတယ်။