16th August, 2018

အလုပ်အကိုင်လမ်းကြောင်းမှာ အောင်မြင်တိုးတက်မှုရလာအောင်

 

အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးပြီဆိုရင် အဲ့ဒီအလုပ်မှာ အောင်မြင်တိုးတက်ချင်ကြတာ လူတိုင်းရဲ့ဆန္ဒပါ။ လက်ရှိထက် ပိုကောင်းမွန်တဲ့ ရာထူး၊ လစာကို လိုချင်ရင်တော့ ကိုယ့်ဘက်ကလည်း အမြဲမပြတ် အားထုတ်ကြိုးစားရမယ့် အရာတွေရှိပါတယ်။ အလုပ်စဝင်တဲ့အချိန်ကနေ နှစ်အတော်ကြာတဲ့အထိ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်း တိုးတက် မလာဘူးဆိုရင်တော့ ပြန်သုံးသပ်စရာတွေ ရှိလာပါပြီ။ လုပ်ငန်းခွင်ကြောင့်လား၊ ကိုယ့်ရဲ့အားထုတ်မှု လျော့နည်းနေလို့ လားဆိုတာကို အရင်ဆုံး သုံးသပ်ရပါမယ်။

 

(၁) ကိုယ်ပိုင်ရည်မှန်းချက်

 

အလုပ်နဲ့ပတ်သက်ပြီး တာဝန်အရ ပြီးမြောက်ရမယ့် ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေကို အထမြောက် အောင်မြင်အောင် လုပ်ရသလို ကိုယ်တိုင်လည်း ပန်းတိုင်ချမှတ်ရပါမယ်။ အလုပ်မှာအောင်မြင်နေသူတွေကို ကြည့်လိုက်ရင် ကိုယ်ပိုင်ချမှတ် ထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ကိုယ်စီရှိနေကြတာကို တွေ့ရပါတယ်။ ကိုယ့်ရဲ့အသက်မွေးကြောင်းအလုပ်နဲ့ ပတ် သက်ပြီး ဘယ်အချိန်မှာ ဘာရရှိနေရမယ်ဆိုတဲ့ ပန်းတိုင်တစ်ခု ချမှတ်ကြည့်ပါ။ ဖြစ်မြောက်အောင်လည်း ကြိုးစားဖို့လိုတာပေါ့။


 

(၂) အထက်လူကြီးရဲ့ အကြံဉာဏ်

 

အလုပ်ထဲက ကိုယ့်ရဲ့အထက်အရာရှိက အလုပ်တွေပဲ ဖိအားပေး ခိုင်းစေနေမှာတော့မဟုတ်ပါဘူး။ ကိုယ့်ထက်ပိုပြီး လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့လူလည်းဖြစ်၊ စီမံခန့်ခွဲမှုပိုင်းကိုလည်း နားလည်တဲ့လူပါ။ လုပ်ငန်းနယ်ပယ်ထဲမှာလည်း အချိန်အတိုင်းအတာတစ်ခုထိ ကျင်လည်ခဲ့ပြီးသူဆိုတော့ အထက်လူကြီးဆီက အကြံဉာဏ်တွေဟာ အဖိုးတန်ပါတယ်။ ရယူအသုံးချဖို့ကတော့ ကိုယ့်ရဲ့တာဝန်ပါ။

 

(၃) တိုင်ပင်ဆွေးနွေးမှု

 

လုပ်ဖော်ကိုင်ဖက်တွေအပြင် မိမိနဲ့ အလုပ်အကိုင်လမ်းကြောင်းတူသူတွေကိုလည်း တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သူတို့နဲ့ တွေ့ဆုံပွဲတွေကို တက်ရောက်မယ်ဆိုရင်တော့ မသိသေးတဲ့အရာတွေရော အကြံဉာဏ်ကောင်း၊ သင်ခန်းစာတွေ ရရှိနိုင်ပါတယ်။ အသက်မွေးဝမ်းကျောင်းနယ်ပယ်နဲ့ ဆက်စပ်နေသူတွေကို မိတ်ဆွေဖွဲ့ထားရတာလည်း ကိုယ့်အတွက် အခွင့်အလမ်းအသစ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။


 

(၄) Conference နဲ့ Workshop များ

 

သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်ထဲက ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ conference တွေ၊ ကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်တဲ့ workshop တွေကိုလည်း အချိန်ရရင် ရသလို တက်ရောက်ပါဦး။ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း အလုပ်အကိုင် နယ်ပယ်ထဲက နောက်ဆုံးပေါ် နည်းပညာတွေ၊ အခြေအနေတွေကို သိရှိနိုင်မှာဖြစ်သလို ကိုယ်မသိသေးတဲ့ အကြောင်း အရာတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ပါတယ်။ Job Net က ကျင်းပပြုလုပ်တဲ့ Career Conference တိုင်းဟာ အလုပ် အကိုင်ခေါ်ယူပွဲဖြစ်ရုံသာမက Panel Discussion တွေကိုပါ ထည့်သွင်းပြုလုပ်တာမို့လို့ အလုပ်အကိုင်လမ်းကြောင်း တိုး တက်ရေးအတွက် သေချာပေါက် အကျိုးရှိစေမှာပါ။

 

JobNet.com.mm အနေနဲ့ အလုပ်အကိုင် ကဏ္ဍအသီးသီးအတွက် ဆွေးနွေးပွဲတွေကို လစဉ်လတိုင်း ပုံမှန် ပြုလုပ်နေတာကြောင့် ဒီလမှာဆိုရင် နည်းကပညာနဲ့ အင်ဂျင်နီယာ အလုပ်အကိုင်ပြပွဲနဲ့ ဆွေးနွေးပွဲကို ပြုလုပ်ဖို့ရှိနေပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီလင့်မှာ စာရင်းပေးသွင်း တက်ရောက်နေပါတယ်။

အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးချယ်ထားတဲ့ အလုပ်အကိုင်လမ်းကြောင်း တိုးတက်ဖို့အတွက် အလုပ်အကိုင် အခွင့် အလမ်းအသစ်တွေကိုလည်း အမြဲတမ်း လေ့လာနေသင့်ပါတယ်။ ဘယ်လိုကုမ္ပဏီလုပ်ငန်းတွေက ကိုယ်နဲ့သင့်လျော် မယ့် အကောင်းဆုံး အလုပ်အကိုင်ရာထူးတွေကို ခေါ်ယူနေသလဲ ဆိုတာကိုလည်း သိရှိဖို့အတွက် အခုပဲ www.jobnet.com.mm  ကို ဝင်ရောက်ကြည့်ရှုလို့ရပါပြီ။

 

Advance your career path

Everyone wishes to get success and advance in his or her career path. Hence, you have to develop and brush up yourself for the sake of high income and career advancement. Work goes on for several years at the same level but no improvement or no promotion, you need to review that it is because of the workplace or your less effort.

 

1. Set your goal

You have to focus on both career responsibilities and personal goal setting. When looking at the people who succeed at work, each of them has their self-imposed goals. So let’s have a plan when to finish the goal and then you need to set it done.

 

2. Get advice from your supervisor

Your supervisor does not expect you to work crazy long hours. They know well how to manage and job functions. For that reason, advice from your supervisor should be valued and utilized well.

 

3. Make consultation

It is better to consult with your colleagues from the same fields and gather to get new advice and experiences what they have faced at work. Furthermore, a new opportunity will earn while dealing with them.

 

4. Attend workshop and conference

A professional conference with the panel discussion and the workshop in your fields will have a huge effect on your career. You can assess all the latest news and technology that can impact your future result. And every career conference which is conducted by JobNet including a panel discussion will benefit you to get more career advancement.

 

JoBNet.com.mm always conducts the panel discussion for every sector monthly. And the Technical and Engineering Career Conference will be held this month. Everyone who is interested to join the conference and register here https://goo.gl/xuApxf. To improve your career, find and grab the best jobs for you on www.jobnet.com.mm to find out which companies are looking for what positions.