လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဟာ စီးပွားရေးကဏ္ဍတွေ တိုးချဲ့လာတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေကလည်း ပိုပြီးများပြားလာနေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ကျွမ်းကျင်လုပ်သားတွေကို ပိုမိုလိုအပ်လာပါတယ်။ ထိုနည်းတူ အလုပ်ရှာဖွေနေသူတွေကလည်း ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေနေကြပါတယ်။ အလုပ်အကိုင်ရှာဖွေသူတွေနဲ့ ဝန်ထမ်းလိုအပ်နေတဲ့ ကုမ္ပဏီတွေအတွက် အလုပ်အကိုင်ခေါ်ယူပွဲ (Job Fair) တွေဟာ အထိရောက်ဆုံး အကျိုးသက်ရောက်မှုကောင်းတွေ ပေးတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ ကုမ္ပဏီတွေဘက်က ကြည့်မယ်ဆိုရင်တော့ အလုပ်အကိုင်ခေါ်ယူပွဲတွေမှာ ပါဝင်ခြင်းကြောင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲဆိုတဲ့ စိတ်ဝင်စားစရာအချက်တွေကိုကြည့်ရအောင်။
ပထမဆုံး အကျိုးရလဒ်ကတော့ အချိန်တိုတွင်းမှာ လိုအပ်တဲ့ဝန်ထမ်းကို မြန်မြန်ဆန်ဆန် ရရှိနိုင်ခြင်းပါပဲ။ ပုံမှန်ဆိုရင် လိုအပ်တဲ့ ကျွမ်းကျင်ဝန်ထမ်းကို ရဖို့အတွက် သတင်းစာ၊ ဂျာနယ် ၊ အွန်လိုင်းတွေကနေ အလုပ်ခေါ်စာကြော်ငြာတွေထည့်ပြီး အဲ့ဒီနေရာတွေကနေ CV တွေ များများရအောင် အချိန်တွေရင်းနှီးရပါတယ်။ CV တွေ ရလာတာနဲ့လည်း မပြီးပါဘူး။ အင်တာဗျူးချိန်းဖို့၊ တွေ့ဆုံမေးမြန်းဖို့တွေအထပ်ထပ်လုပ်ရမယ်ဆိုရင် ကုမ္ပဏီဘက်က HR တွေအနေနဲ့ ဝန်ထမ်းခန့်အပ်ရေးမှာ အချိန်ပိုပြီးပေးရပါတယ်။ ကျွမ်းကျင်ဝန်ထမ်း မရမချင်း CV တွေ ခေါ်ယူ၊ အင်တာဗျူးတွေ လုပ်ရတာက လနဲ့ချီ ကြာမြင့်လေ့ရှိပါတယ်။ အလုပ်အကိုင်ခေါ်ယူပွဲတွေမှာ ဒီလိုအချိန်ကုန်တာတွေကို တစ်ဝက်လောက်လျှော့ချပစ်နိုင်ပါတယ်။ ဒီလိုအလုပ်အကိုင်ခေါ်ယူပွဲတွေမှာ ဝင်ရောက်ခေါ်ယူမယ်ဆိုရင်တော့ အလုပ်လျှောက်လွှာတွေ အများကြီးကို တစ်နေရာတည်းမှာ ရနိုင်ပြီး လျှောက်ထားသူကိုလည်း တစ်ခါတည်း အင်တာဗျူးလုပ်နိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ဝန်ထမ်းကို အချိန်ကုန်သက်သာစွာနဲ့ မြန်မြန်ဆန်ဆန်ရနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ငွေကုန်ကြေးကျ သက်သာမှုပါ။ ဝန်ထမ်းခန့်အပ်ရေးအတွက် ကုန်ကျရမယ့် ကုန်ကျစရိတ်တွေကို အလုပ်အကိုင်ခေါ်ယူပွဲမှာ ဝင်ရောက်ဆင်နွှဲခြင်းအားဖြင့်လည်း အချိန်ကုန်သက်သာ၊ ငွေကုန်ကြေးကျ သက်သာသွားမှာ ဖြစ်ပါတယ်။ အချိန်ကိုယ်၌ကလည်း အဖိုးတန်ပြီးသားဖြစ်တဲ့အတွက် လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ဝန်ထမ်းကိုသာ အချိန်တိုတွင်း ရသွားမယ်ဆိုရင် ပိုထွက်လာတဲ့အချိန်တွေမှာ အလုပ်တွေပိုလုပ်နိုင်မှာပါ။
အလုပ်အကိုင်ခေါ်ယူပွဲမှာ ပါဝင်လိုက်တဲ့အကြိမ်တိုင်းမှာ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကိုလည်း လူတွေက ပိုပြီး သတိထားမိလာပါတယ်။ Brand Awareness ရလာတဲ့အတွက် ဝန်ထမ်းခေါ်ယူနေစဉ် အချိန်အတွင်းမှာပဲ လူတွေပိုသိအောင် ဘတ်ဂျက်သီးသန့်မသုံးရဘဲ ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ကုမ္ပဏီအကြောင်းကို လူပိုသိစေပါတယ်။
နောက်ထပ်စိတ်ဝင်စားစရာလည်းရှိပါသေးတယ်။ ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့ဝန်ဆောင်မှု၊ ထုတ်ကုန်ကို ဝယ်ယူသုံးစွဲသူတွေကြားမှာလည်း ဆက်ဆံရေးတစ်ခု တည်ဆောက်ရာလည်း ရောက်သွားပါတယ်။ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေကို လူတွေပိုသိလာတဲ့အခါ ကုမ္ပဏီအမှတ်တံဆိပ်ကိုလည်း ပိုရင်းနှီးလာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ထိပ်တန်း အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် JobNet.com.mm က အလုပ်အကိုင်ခေါ်ယူပွဲတွေကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့မှာပဲ JobNet ရဲ့ Sales and Marketing Career Conference အလုပ်အကိုင်ခေါ်ယူပွဲကြီးကို ကျင်းပခဲ့ပါသေးတယ်။
JobNet ရဲ့ အလုပ်အကိုင်ခေါ်ယူပွဲတွေမှာ ပါဝင်လေ့ရှိတဲ့ MPT ကတော့ ဒီပွဲနဲ့ပတ်သက်လို့ MPT ရဲ့ Staffing and Recruitment Manger ဒေါ်မာလာအောင်က ရဲ့အမြင်ကစိတ်ဝင်စားစရာကောင်းပါတယ်။
“ကုမ္ပဏီတွေအတွက် အကျိုးသက်ရောက်မှုရှိတယ်။ အလုပ်ရှာတဲ့ဝန်ထမ်း လူငယ်တွေအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ အလုပ်ရှာနေတဲ့လူတွေနဲ့ ဝန်ထမ်းလိုအပ်တဲ့အလုပ်ရှင်တွေက တစ်နေရာတည်းမှာ တစ်ခါတည်း ပေါင်းစုတဲ့အတွက် ကုမ္ပဏီအတွက်ရော အလုပ်ရှာနေတဲ့လူငယ်တွေအတွက်ပါ effective ဖြစ်ပါတယ်” လို့ ဒေါ်မာလာအောင်က အလုပ်အကိုင်ခေါ်ယူပွဲတွေ ပြုလုပ်တဲ့အပေါ် သူမရဲ့ အမြင်ကိုပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဒီပွဲမှာပဲ CV တွေလက်ခံခဲ့တဲ့ CDSG က တာဝန်ရှိသူတစ်ဦးကလည်း အခုလိုဆိုထားပါတယ်။
“CV တချို့တော့ လက်ခံရရှိထားပြီးပါပြီ။ Filter တော့ ပြန်လုပ်ရဦးမယ်။ ပြီးတော့မှပဲ short list candidate တွေကို နှစ်ပတ်အတွင်း ပြန်အကြောင်းကြောင်းပေးပါ့မယ်” လို့ ဒီပွဲမှာ ပါဝင်ခဲ့တဲ့ CDSG ကုမ္ပဏီရဲ့ Recruitment Manager မစုမြတ်သူက ပွဲမှာ သူတို့ ဘယ်လိုပါဝင်ပုံကို ရှင်းပြပါတယ်။
JobNet အနေနဲ့ အလုပ်အကိုင်လမ်းကြောင်းနယ်ပယ်တစ်ခုကို သီးသန့်ကိုယ်စားပြုတဲ့ အလုပ်အကိုင်ခေါ်ယူပွဲတွေလည်း ကျင်းပနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ အလုပ်အကိုင်ခေါ်ယူပွဲကြီး နှစ်ခုကိုလည်း အောင်မြင်စွာ ပြုလုပ်ခဲ့ပြီးပါပြီ။ မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel မှာ ပြုလုပ်ခဲ့တဲ့ JobNet VR Career Fair 2018 ဟာ မြန်မာနိုင်ငံရဲ့ စံတင်ချိန် အလုပ်အကိုင်ခေါ်ယူပွဲကြီးဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ Heniken, CB Bank, Metro, Ooredoo, Unilever, Anada တို့လို နာမည်ကျော် ကုမ္ပဏီကြီးတွေ အပါအဝင် ကုမ္ပဏီပေါင်း ၃၂ ခုက ဒီပွဲမှာ ပါဝင်ခဲ့ပြီး ဝန်ထမ်းတွေခေါ်ယူခဲ့ကြပါတယ်။ အလုပ်အကိုင် ရှာဖွေသူပေါင်း တစ်သောင်း တက်ရောက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ စံချိန်တင် VR Job Fair ဖြစ်ခဲ့ပါတယ်။
မကြာခင်က ပြုလုပ်ခဲ့တဲ့ Sales and Marketing အလုပ်အကိုင်ခေါ်ယူပွဲကြီးမှာ ဆိုရင်လည်း Sales နဲ့ Marketing ဆိုင်ရာ အလုပ်အကိုင်လမ်းကြောင်းတွေကို ဦးစားပေးခေါ်ယူတာဖြစ်လို့ ပါဝင်တဲ့ကုမ္ပဏီတွေဟာ လိုချင်တဲ့ ဝန်ထမ်းကို လိုအပ်ချက်ပြည့်မီတဲ့ အလုပ်လျှောက်လွှာတွေကတစ်ဆင့် အင်တာဗျူးပြီး အလုပ်ခန့်အပ်နိုင်ခဲ့ပါတယ်။ ဒီပွဲကိုတော့ ဇွန်လ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ Rose Garden Hotel မှာ ကျင်းပခဲ့တာပါ။ MPT, Heniken, Ooredoo, CocaCola, Wall Street English, AGH, Canal+ , CDSG စတဲ့ ကုမ္ပဏီကြီးတွေလို ကုမ္ပဏီပေါင်း ၄၀ ကျော်က JobNet ရဲ့ Sales and Marketing Career Conference 2018 အလုပ်အကိုင်ခေါ်ယူပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ ဒီပွဲကိုတော့ အလုပ်အကိုင်ရှာဖွေသူပေါင်း ၃၅၀၀ ကျော်က လာရောက်ပြီး အလုပ်ရှာဖွေခဲ့ကြသလို ကျွမ်းကျင်သူပညာရှင်တွေရဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကိုလည်း စိတ်ဝင်တစား တက်ရောက်နားထောင်ခဲ့ကြပါတယ်။ ဒါ့အပြင်အခြားသော ဝန်ထမ်းခန့်အပ်လိုမှုတွေအတွက်လည်း ပွဲမှာ ခေါ်ယူနိုင်ပါသေးတယ်။
ကုမ္ပဏီရဲ့ လစ်လပ်နေတဲ့ အလုပ်အကိုင်ရာထူးတွေကို ပွဲတစ်ခုတည်းမှာ ရနိုင်တာမို့လို့ JobNet ရဲ့ အလုပ်အကိုင် ခေါ်ယူပွဲတွေမှာ ပါဝင်ဖို့အတွက် လူကြီးမင်းတို့ရဲ့ ကုမ္ပဏီကိုလည်း ဖိတ်ခေါ်လိုက်ပါရစေ။