အလုပ်ရှာဖွေနေတဲ့ လူငယ်တွေ အတွက် အလုပ်အကိုင် ခေါ်ယူပွဲတွေဟာ မဖြစ်မနေ သွားကိုသွားသင့်တဲ့ အခွင့်အလမ်းကောင်းတွေပါ။ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်နဲ့ ဆက်စပ်ပြီး ဘယ်လိုရာထူးတွေ ခေါ်ယူနေတယ်၊ ဘယ်လိုအခွင့်အလမ်းသစ်တွေ ပေါ်ထွက်နေတယ်ဆိုတာကို အလုပ်အကိုင်ခေါ်ယူပွဲတွေက ပြောပြနေပါတယ်။ ကိုယ့်မှာရှိနေတဲ့ အရည်အချင်းတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တစ်ခုကို အရယူနိုင်ဖို့အတွက် Job Net က အလုပ်အကိုင်ခေါ်ယူပွဲတွေ ကျင်းပပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးသော ကုမ္ပဏီလုပ်ငန်းစုတွေက ဝန်ထမ်းတွေကို လာရောက်ရှာဖွေကြတာမို့လို့ ဒီပွဲကနေ လစာကောင်းကောင်းနဲ့အလုပ်ကောင်းကောင်းတစ်ခု ရနိုင်မှာပါ။ တစ်ခါတည်း အလုပ်ရသွားဖို့အတွက်ဆိုရင်တော့ ဒါလေးတွေတော့ ပြင်ဆင်သွားရမှာပေါ့။
၁) CV သို့မဟုတ် Resume
ဘယ်လိုပဲခေါ်ခေါ် နှစ်မျိုးလုံးက အတူတူပါပဲ။ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို သေသေချာချာလေး ရေးသားပြီး ပြင်ဆင်သွားဖို့လိုပါတယ်။ လုပ်ငန်းအတွေ့အကြုံရှိဖူးရင်တော့ လုပ်ဖူးတဲ့ အဖွဲ့အစည်း၊ ရာထူး၊ လုပ်ရတဲ့တာဝန်တွေကိုပါ CV ထဲမှာ ထည့်သွင်းဖော်ပြသင့်ပါတယ်။ ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံကိုလည်း CV မှာ တစ်ပါတည်း ကပ်ထားပါဦး။ CV မှာ ရေးသားတင်ပြပုံ ကောင်းရင် အလုပ်ရဖို့အခွင့်အလမ်းပိုများတာမို့လို့ CV ကောင်းကောင်းရေးနည်းကိုတော့ ဒီလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုပြင်ဆင်နိုင်ပါတယ်။ ကုမ္ပဏီတွေအများကြီးက အလုပ်လာခေါ်ကြတာမို့လို့ CV များများလေး သယ်သွားနိုင်ရင် ပိုကောင်းပါတယ်။
၂) ဝတ်စားဆင်ယင်မှု
အလုပ်ခေါ်ယူပွဲသွားတဲ့အခါ ရုံးဝတ်စုံဆန်ဆန် ဝတ်စုံပြည့် ဝတ်သွားစရာတော့ မလိုပါဘူး။ ဒါပေမဲ့ ခေတ်ရှေ့ပြေးလွန်းနေတဲ့ လက်ပြတ်နဲ့အပြဲဒီဇိုင်းတွေကတော့ မဝတ်သင့်တာ အမှန်ပါ။ ဘာကြောင့်လဲဆိုရင် အလုပ်ခေါ်ယူပွဲဆိုတဲ့အတိုင်းပဲ ကုမ္ပဏီလုပ်ငန်းစုတွေရဲ့ HR မန်နေဂျာတွေနဲ့ အကြီးအကဲတွေက တစ်ခါတည်းအင်တာဗျူးကြမှာဖြစ်လို့ သပ်သပ်ရပ်ရပ်လေး ဝတ်စားဆင်ယင်ဖို့ လိုပါတယ်။ ဖရိုဖရဲဖြစ်နေတဲ့ ကိုယ့်ရဲ့အပြင်အဆင်ကြောင့် အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်မခံသင့်ဘူးလေ။
၃) အင်တာဗျူးဖြေတဲ့အခါ
တချို့ကုမ္ပဏီတွေက CV လာတင်တဲ့လူတွေထဲမှာ သဘောကျစရာအချက်တွေတွေ့ရင် တစ်ခါတည်း အင်တာဗျူးအတိုလေး လုပ်လေ့ရှိပါသေးတယ်။ “ expect လုပ်ထားတာထက်ပိုပြီးတော့ CV တွေ ရလိုက်တယ်၊ urgent position လေးတွေလည်း ရှိနေတော့ တစ်ခါတည်းအင်တာဗျူးလုပ်ထားတာတွေကလည်း မဆိုးဘူးပေါ့၊ အင်တာဗျူးနောက်တစ်ကြိမ်တော့ လုပ်ရဦးမှာပေါ့၊ within 2 weeks (နှစ်ပတ်အတွင်း)မှာပဲ အင်တာဗျူးထပ်ခေါ်ပါ့မယ်” လို့ Job Net ရဲ့ Technology and Engineering Career Conference 2018 မှာ ပါဝင်ခဲ့တဲ့ Camusat Myanmar ရဲ့ Chief HR Officer ဒေါ်ကေခိုင်အောင်က ပြောပါတယ်။ ပွဲထဲမှာ မေးမှာဆိုတော့ လိုရင်းတိုရှင်းတွေကိုပဲ အမေး၊ အဖြေ လုပ်ကြမှာဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ကိုယ်တတ်ကျွမ်းတဲ့အပိုင်း၊ တာဝန်ယူလုပ်ဆောင်နိုင်တာတွေကို ကြိုတင်ပြင်ဆင်ထားရင် အလုပ်ရဖို့ သေချာသလောက်ဖြစ်သွားပါပြီ။ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အင်တာဗျူးမေးခွန်းတွေကိုလည်း www.jobnet.com.mm မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
၎) အတွေ့အကြုံမရှိလည်း အလုပ်ရနိုင်ပါတယ်
လိုချင်တဲ့ရာထူးကို ခပ်မြန်မြန်လျှောက်နိုင်ဖို့အတွက် ပတ်ဝန်းကျင်လေ့လာမှုကိုလည်း မမေ့လျော့ဖို့ လိုပါတယ်။ အလုပ်ခေါ်ယူပွဲရဲ့ ဝင်ပေါက်နားမှာ ခေါ်ယူနေတဲ့ အကောင်းဆုံးရာထူးတွေကို ဆိုင်းဘုတ်ထောင်ပြထားရင် သေသေချာချာလေး ကြည့်ရှုပါ။ တချို့ကုမ္ပဏီတွေက internship တွေကို လစာကောင်းကောင်းပေးပြီး ခေါ်နေတာတွေလည်း ရှိတာမို့လို့ အလုပ်မလုပ်ဖူးသူတွေဆိုလည်း အလုပ်ရနိုင်ပါတယ်။ နောက်ပြီးတော့ ဘယ်ကုမ္ပဏီတွေက ဘယ်နေရာမှာ ရှိနေတယ်ဆိုတဲ့ လမ်းညွှန်မြေပုံ (booth map) လေးတွေကိုလည်း Job Net ရဲ့ အလုပ်အကိုင်ခေါ်ယူပွဲတိုင်းမှာ ပြသထားလေ့ရှိတာမို့ လျှောက်ချင်တဲ့ကုမ္ပဏီဆီကို မြန်မြန်ရောက်အောင်သွားနိုင်တာပေါ့။
၅) ဘယ်တော့အလုပ်ရမလဲ
အလုပ်ခေါ်ယူပွဲတွေကို သွားတဲ့လူတိုင်း ဒါကို သိချင်မယ်ထင်ပါတယ်။ ပွဲထဲမှာ လျှောက်ထားခဲ့တဲ့ CV တွေကို ကုမ္ပဏီတွေဘက်က ပြန်စိစစ်ရမှာမို့လို့ အနည်းဆုံး အချိန်နှစ်ပတ်တော့ စောင့်ပေးရပါမယ်လို့ ကုမ္ပဏီတွေကိုယ်စား HR ပိုင်းဆိုင်ရာ ဌာနမှူး/မန်နေဂျာတွေက ဖြေပေးထားပါတယ်။ ကိုယ့်ရဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ ရာထူးနဲ့ လစာကို ရရှိဖို့အတွက် Job Net က အမြဲတမ်း ကူညီပေးနေပါတယ်။ ဒါကြောင့်မို့လို့ လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့မှာ ပြုလုပ်မယ့် Job Nation အလုပ်အကိုင်ပြပွဲကို ဆက်ဆက်လာရောက်ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။ Novotel Yangon Max ဟိုတယ်မှာ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး အလုပ်ခေါ်ယူမှုတွေအပြင် အခြားစိတ်ဝင်စားစရာကဏ္ဍတွေလည်း ရှိနေဦးမှာမို့ လာဖြစ်အောင်လာခဲ့ဖို့ မမေ့နဲ့နော်။
Job fairs create many opportunities for all who are looking for a right job. In the job fairs,
you will learn which positions are hiring related to your profession, which opportunities are in hot demands. To get a right job, JobNet is organizing the job fairs for you and top companies are hiring right person with attractive salary. So make sure and be ready to get a job.
1. CV or Resume
Prepare your up-to-date CV filling full details of contacts, former experiences if you have, previous organization, position, and your job function. And do not forget to a photo along with your CV. The more you can attract, the more you have chances to get a job. So if you want advice for preparing CV. Bring more CV as many companies are waiting to hire you.
2. Dress well
When you go to the job fairs, you do not need to wear a very formal dress. However, companies HR managers or heads of the department are waiting for the right person to see and make an interview. So notice that you should not go with sleeveless wear or over modernize clothing but wear appropriate interview attire. Do not miss the chance because of your first impression.
3. Get ready for an interview
Some of the companies used to make a short interview if your CV is attractive. ‘We've got more CV than we expected and held some interview for the urgent position. Within two weeks, we will call the second interview', said Daw Kay Khine Aung, Chief HR Officer of Camusat Myanmar at Technology and Engineering Career Conference 2018. Most of the HR Managers will interview for a short time at job fairs, so it is better to prepare to describe your skills, what you can do. And you can find out interview questions on the link for an interview.
4. Jobs for entry level
To get your right job, do not forget to learn about your work environment. Look carefully at the job advertising board at the entrance of job fairs because some of the companies are looking for an internship. Furthermore, JobNet always displays the booth map to guide you to company your interest.
5. When will you be hired?
Everyone wants to know that question. On behalf of the companies, HR Managers said that you have to wait at least 2 weeks to review your CV. So we, JobNet are ready to help to get a suitable job for you. So you are invited to come and join Job Nation on September 22nd at the Novotel Hotel from 9 am to 5 pm with other sessions.