15th July, 2017

အ​လုပ်​သစ်​မ​ရ​ခင် ​အ​လုပ်​ထွက်​သ​င့်​သ​လား

အလုပ်အသစ်တစ်ခုမရခင်မှာ လက် ရှိအလုပ်ကနေထွက်သင့်သလား။ 

အဲဒီ လိုအလုပ်ကထွက်လိုက်တဲ့အတွက် အလုပ် မရခင်စပ်ကြားမှာ ကိုယ့်အတွက်ဘယ်လို စိတ်ခံစားမှုဆိုင်ရာကိစ္စရပ်တွေဖြစ်ပေါ်စေ နိုင်မလဲဆိုတာ ဒီတစ်ပတ်မှာ ဖော်ပြပေး သွားချင်ပါတယ်။

 

အခုခေတ်မှာ အလုပ်ခဏခဏ ပြောင်းလဲလုပ်ကိုင်လာတာကို အားပေး လာကြပါတယ်။ အလုပ်ဟောင်းမှာ နေမြဲအတိုင်းပဲနေတာထက် အခွင့်အလမ်း အသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေ၊ ပတ် ဝန်းကျင်အသစ်တွေက ကိုယ့်အတွက် ဒီထက်တိုးတက်ဖို့ အခွင့်အလမ်းပိုများတာ ကြောင့်ပါ။ အလုပ်ထွက်တဲ့အခါ နောက်အလုပ်အတွက်သေချာမှသာ အလုပ်က ထွက်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် မလို လားအပ်တဲ့ စိတ်ဖိစီးမှုတွေရလာနိုင်လို့ပါ။ 

အလုပ်အသစ်က ကမ်းလှမ်းချက်မရခင် လက်ရှိအလုပ်ကထွက်လိုက်တဲ့အခါ ဘယ်လိုတွေကြုံတွေ့ရနိုင်သလဲ။ 

 

ဝင်ငွေအတွက်စိတ်ပူပန်ရတာ

ကိုယ့်မှာအရင်အလုပ်တုန်းက ဝင်ငွေ လေး စုမိဆောင်းမိထားရင်တော်သေးတာ ပေါ့။ မဟုတ်ရင်တော့ ဝင်ငွေအတွက် လည်းဗျာများရတတ်ပါတယ်။ အိမ်လခ၊ စားစရိတ်၊ အထွေထွေကုန်ကျစရိတ်၊ လူမှုရေးကုန်ကျစရိတ်၊ ကျန်းမာရေးကုန် ကျစရိတ်တွေက လစဉ်လတိုင်းကုန်ကျနေ ရတာပါ။ အဲဒီအခါမှာ ကိုယ့်အတွက်စုဆောင်း ထားတာမရှိ၊ လက်ရှိအလုပ်ကလည်း မရှိ တဲ့အခါ ဝင်ငွေကလည်းမရှိတော့ ဝင်ငွေ အတွက် စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ အဲဒီ အချက်ကြောင့်ပဲ သတိပြုရမှာက အလုပ် အသစ်က ကမ်းလှမ်းချက်မရခင် စိတ် လိုက်မာန်ပါနဲ့ လက်ရှိအလုပ်ကမထွက်မိဖို့ လိုပါတယ်။ 

 

အလုပ်မရှိတဲ့အတွက် စိတ်ပူပန်ရတာ

အလုပ်သစ်မရခင်မှာ အလုပ်ထွက် လိုက်တဲ့ ဝန်ထမ်းတွေသတိထားရမယ့် အချက်ပါ။ လက်ရှိအလုပ်ကနေလည်း ထွက်လိုက်ပြီ။ လျှောက်ထားတဲ့ အလုပ် တွေကလည်း တစ်ခုမှအကြောင်းမပြန် သေးဘူး။ မထူးခြားသေးဘူး။ တစ်လပြီး တစ်လကြာသွားတယ်၊ အလုပ်တွေလည်း လိုက်လျှောက်ပေမဲ့ မထူးခြားလာဘူး။ ဒီတော့ အလုပ်အတွက်စိတ်ပူပန်လာရ တယ်။အလုပ်မထွက်ခင်သတိထားသင့် တာက နောက်အလုပ်အသစ်အတွက် အဆင်ပြေပြီလားဆိုတာပါပဲ။ နောက်အ လုပ်အသစ်က ကိုယ့်အတွက်အဆင်သင့် မဖြစ်သေးဘဲ အလုပ်ကထွက်လိုက်တဲ့အခါ မလိုလားအပ်တဲ့အခြေအနေတွေဖြစ်ပေါ် စေပါတယ်။ တစ်ခါတစ်ရံမှာ အလုပ်ကနေ ထွက်ဖို့ အစီအစဉ်မရှိဘဲ ထွက်ရတာတွေ လည်းရှိတတ်ပါတယ်။ အဲဒီလိုအခြေအနေ မျိုးကလွဲလို့ ကြိုတင်စီမံပြီးအလုပ်ထွက် မယ်ဆိုရင်တော့ နောက်ထပ်အလုပ်အ သစ်တစ်ခုက သေချာမှသာ လက်ရှိအလုပ် ကထွက်သင့်ပါတယ်။

 

စိတ်ဓာတ်ကျတာ

ဒီအချက်ကတော့ အလုပ်မရသေး တဲ့လူတွေ အဖြစ်အများဆုံးကိစ္စတစ်ရပ်ပါ။ အလုပ်လုပ်နေတဲ့သူတစ်ယောက်က အ လုပ်မရှိတော့တဲ့အခါ၊ အားလပ်ချိန် တွေအများကြီးရသွားတဲ့အခါ ဟိုဟိုဒီဒီ တွေးပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ အလုပ်ရှာရတာထင်သလောက်မလွယ်ကူ ဘဲ အလုပ်လက်မဲ့ဘ၀နဲ့နေရတာကို ငြီးငွေ့ လာတတ်ပါတယ်။ အလုပ်လက်မဲ့ဖြစ်တာ အချိန်ကြာ လာတာနဲ့အမျှ စိတ်လေလာတာ၊ စိတ်ပျက် အားငယ်လာတာတွေဖြစ်လာတတ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အလုပ်သစ်မသေချာသေးရင် လက်ရှိအ လုပ်ကို မစွန့်လွတှ်လိုက်ပါနဲ့။ လက်ရှိအ လုပ်ကလည်းဆုံးရှုံးသွားတယ်၊ အလုပ်အ သစ်ကလည်းမရသေးတဲ့အခြေအနေမှာ စိတ်ဓာတ်ကျလာတတ်တာကိုသတိပြုသင့် ပါတယ်။

 

အလုပ်အသစ်ရှာဖွေဖို့အတွက် စိတ်ဖိစီးရတာ
အလုပ်ခေါ်စာတွေမှာဖတ်ကြည့် တယ်။ ဒါပေမဲ့ကိုယ်နဲ့သင့်တော်တဲ့အလုပ် ရှာမတွေ့ဘူး။ ဒီလိုနဲ့ နှစ်လ၊ သုံးလသာ ကြာသွားတယ်။ အလုပ်အသစ်ကမရသေး ဘူး။ အဲဒီအခါအလုပ်အသစ်ရှာဖွေဖို့ အတွက် စိတ်ဖိစီးလာရပြီ။ စိုးရိမ်သောက ရောက်လာရပြီ။ တစ်ဖက်ကလည်း အလုပ် မရှိတာကြောင့်ဖြစ်လာတဲ့ အကျိုးဆက် တွေကိုရင်ဆိုင်နေရတယ်။ တစ်ဖက်က လည်း အလုပ်မရှိသေးလို့စိတ်ဖိစီးနေရ တယ်။ အချိန်ကြာလာတော့ ငါအလုပ်အ သစ်မှ ရပါဦးမလား၊ ငါ့အရည်အချင်းတွေ ကအလုပ်တစ်ခုရဖို့တောင် မကူညီနိုင် တော့ဘူးလား၊ ဒီလိုအလုပ်လက်မဲ့ဘ၀နဲ့ ရှေ့ဆက်ဘယ်လိုနေထိုင်သွားမလဲ၊ ပတ် ဝန်းကျင်အမြင်မှာ ငါကအလုပ်အကိုင်မရှိ တဲ့ လူပေလူတေလို့ထင်မြင်နေမလားစတဲ့ အတွေးတွေနဲ့ စိတ်ဖိစီးနေတတ်ပါတယ်။
 
ယုံကြည်မှုပျောက်ဆုံးတာ
အလုပ်လက်မဲ့ဘ၀မှာ ပျောက်ဆုံးနိုင် တာတစ်ခုက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပါ။ လူတစ်ယောက်ရဲ့အဓိကအားသာ ချက်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပါ။ အလုပ်လက်မဲ့ဘ၀မှာ ဒီအချက်ပျောက်ဆုံး နိုင်တာကို သတိထားသင့်ပါတယ်။ အလုပ် အကိုင်မရှိတဲ့အချိန်မှာ စိတ်ပျက်အားငယ် နေတာ၊ မလုပ်နိုင်တော့ပါဘူးလို့ ကိုယ့် ကိုယ်ကိုယ်ယုံကြည်စိတ်ပျောက်သွားတဲ့အခါ ဘ၀မှာ ဆုံးရှုံးမှုတွေထပ်ခါထပ်ခါကြုံဆုံရ နိုင်ပါတယ်။
 
ဂျပန်စကားပုံတစ်ခုရှိပါတယ်။ ‘‘ခုနှစ် ကြိမ်လဲကျရင် ရှစ်ကြိမ်ပြန်ထနိုင်အောင် ကြိုးစားပါ’’တဲ့။ဒီတော့အလုပ်မရလို့ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုတွေပျောက်ဆုံးနေ မယ့်အစား အားမလျှော့ဘဲ အလုပ်ရရှိဖို့ နည်းလမ်းကောင်းတွေကို ရှာဖွေသင့်ပါ တယ်။ ထိုင်ပြီးစိတ်ပျက်နေတာထက် အလုပ်ရရှိဖို့ ကြိုးစားနေတာက အလုပ်ရဖို့ ပိုပြီးနီးစပ်ပါတယ်။ ကိုယ့်မှာအလုပ်အကိုင် ဆုံးရှုံးရတာထက် ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုမဆုံးရှုံးမိစေဖို့ လိုအပ်ပါတယ်။ 
 
Credit:opportunity.com.mm
Credit:ကျော့ကေခိုင်