Share
Blog Link Copied
ရူပဗေဒဘာသာရပ်ကိုလေ့လာသင် ယူခဲ့ရတုန်းက အလုပ်ဆိုတာရွေ့လျားမှုရှိမှ ပြီးမြောက်တယ်လို့သင်ယူခဲ့ရတယ်။ ထိုင်ပြီး လုပ်နေရင် အလုပ်မဟုတ်ဘူး။ သွား လာမှု ရှိမှအလုပ်ဖြစ်တယ်။ တစ်နည်းအား ဖြင့် အရွေ့ရှိမှအလုပ်ဖြစ်တယ်ပေါ့။ ဒါက ရူပဗေဒနဲ့ပတ်သက်တဲ့ အလုပ်သဘော တရားပါ။
လူမှုဝန်းကျင်မှာတော့ အလုပ်ဆိုတာ အဲဒီလိုမဟုတ်ပြန်ဘူး။ ဆိုကြပါစို့၊ တစ် ယောက်ယောက်ကတစ်ယောက်ယောက်ကို ဘယ်မှာအလုပ်လုပ်နေသလဲလို့မေးရင် အမေးခံရတဲ့သူရော၊ ဘေးကနေကြားရတဲ့ သူကပါ ဝင်ငွေရတဲ့အလုပ်လုပ်နေတယ်လို့ ပဲမှတ်ယူကြလေ့ရှိတယ်။ ဝင်ငွေရတဲ့အလုပ် ကိုမေးမြန်းတာလို့ပဲထင်မြင်ကြတယ်။အများအားဖြင့်ကျွန်တော်တို့ရဲ့ လူမှု ပတ်ဝန်းကျင်မှာ အလုပ်ဆိုတာကို ပိုက်ဆံ ဆိုတဲ့ငွေကြေးနဲ့တိုင်းတာတတ်တဲ့ အလေ့ အထကအရိုးစွဲနေပါတယ်။ လူတွေအနေနဲ့အလုပ်လုပ်ရမယ်။ ဝင်ငွေရတာ၊ မရတာကတစ်ပိုင်း၊ ဝင်ငွေအ နည်းအများကအခြားကိစ္စပါ။ အရာရာ တိုင်းကိုငွေနဲ့တိုင်းတာသတ်မှတ်ရင် လူ့ရဲ့ ဂုဏ်သိက်ခာကို ညှိုးနွမ်းတတ်ပါတယ်။ ဆို ကြပါစို့၊ ပရဟိတသမားတွေကလည်း အလုပ်လုပ်တာပါပဲ။ သူတို့တစ်တွေဟာငွေ အတွက်အလုပ်လုပ်တာမဟုတ်ပါဘူး။ လုပ် သင့်လုပ်ထိုက်တယ်လို့ ထင်မြင်ယူဆတဲ့ ကိစ္စအကြောင်းအရာတွေကို လုပ်ဆောင် နေကြတာပါ။ ဒါကြောင့်သူတို့တစ်တွေ လည်း အလုပ်လုပ်နေသူတွေဖြစ်တယ်။ ဒီဆောင်းပါးမှာ အဓိကတင်ပြချင်တဲ့ အကြောင်းအရာက လုပ်ငန်းခွင်ထဲက t လုပ်အကြောင်းပါ။ တစ်နည်းအားဖြင့်ဆိုရ ရင် ဝင်ငွေတို့၊ လုပ်ခလစာတို့နဲ့ ပတ်သက် တဲ့အလုပ်ပေါ့။ ဒီဆောင်းပါးကိုရေးဖြစ်တဲ့ အကြောင်းကလည်း အလုပ်ကိုစတင်ဝင် ရောက်မယ့် လူငယ်တချို့ရဲ့သဘောထား အထင်အမြင်တွေနဲ့ပတ်သက်ပြီး ဆွေးနွေး တင်ပြချင်လို့ပါ။
ဘွဲ့ရပြီး၊ ကျောင်းပြီးခါစ လူငယ်တွေ အလုပ်ရှာကြတယ်။ တတ်သိကျွမ်းကျင်မှု အရည်အချင်းလည်းမပြည့်စုံ၊ လုပ်ငန်းအ တွေ့အကြုံလည်းလုံးဝမရှိဘဲနဲ့ ဝင်ငွေအ မြောက်အမြားလိုချင်ကြတယ်။ စားဝတ် နေရေးအတွက် လုံလောက်တဲ့ဝင်ငွေလိုချင် တာကို အပြစ်မပြောလိုပေမဲ့ လောဘအလို ရမ္မက်ကြီးလွန်းတဲ့ မတန်တဆဝင်ငွေမျှော် မှန်းမှုကိုတော့ သိပ်ပြီးအားမပေးချင်ပါဘူး။
ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကြားခဲ့ဖူးတယ်။ ‘အလုပ်ဟူသမျှဂုဏ်ရှိစွ’ တဲ့။ အခုတော့ အလုပ်ဆိုရင်ပိုက်ဆံများ များရမှ ဆိုတဲ့စိတ်ထားတဲ့လူအတော်များ များတွေ့ရတယ်။ တစ်နေ့က သတင်းစာ တစ်စောင်ကို ကြည့်မိတယ်။ သေသေချာ ချာဆိုရရင် ၁၁.၃.၂၀၁၆ နေ့ထုတ် ပြည် ထောင်စုနေ့စဉ်သတင်းစာပါ။ အဲဒီမှာ အထက်ကဆိုခဲ့တဲ့ ‘အလုပ်ဟူသမျှဂုဏ်ရှိစွ’ ဆိုတဲ့အတိုင်း ကိုယ့်ရဲ့အလုပ်ကိုဂုဏ်ယူစွာ နဲ့ လုပ်ကိုင်နေတဲ့မိန်းကလေးတစ်ဦး t ကြောင်းကို တင်စိုး(ပဲခူး)ဆိုတဲ့ စာရေး ဆရာက ရေးသားထားတာဖတ်လိုက်ရ တယ်။ အဲဒီမိန်းကလေးက ဘွဲ့ရ၊ ပညာ တတ်မိန်းကလေး။ သူလုပ်တဲ့အလုပ်က သတင်းစာ၊ ဂျာနယ်ပို့တဲ့အလုပ်။ သူ့ရဲ့အ လုပ်နဲ့ပတ်သက်တဲ့ သဘောထားကို တစ်ဆင့်တင်ပြပါရစေ။
‘‘လူရယ်လို့ဖြစ်လာရင် အရွယ်ရောက် လာတဲ့အခါမှာ မိသားစုစားတတ်နေရေး အတွက်အလုပ်အကိုင်တစ်ခုခုတော့ လုပ် ကြရမှာဖြစ်ပါတယ်။ တချို့ရှေးဘ၀ ကုသိုလ်ရေစက်ကောင်းကြတော့ မိဘအ သိုင်းအဝိုင်းက ချမ်းသာပြည့်စုံလို့ အလုပ် မလုပ်ဘဲနေလို့ရတဲ့သူတွေလည်း ရှိကြပါ တယ်။ သမီးတို့ကတော့ ရှေးဘ၀ ကုသိုလ် ရေစက် မကောင်းခဲ့လို့ အလုပ်လုပ် နေရ တာပေါ့။ အလုပ်လုပ်တဲ့နေရာမှာ ယောက်ျား လေးအလုပ်၊ မိန်းကလေး အလုပ်ဆိုပြီး ခွဲခြားနေဖို့မလိုဘဲ မိမိလုပ် ကိုင်နိုင်စွမ်းရှိတဲ့ အပေါ်မူတည်ကာ သမ္မာအာဇီဝကျပြီး နည်းမှန်လမ်းမှန်ရိုးသားတဲ့ ဥပဒေဘောင် အတွင်းကအလုပ်ဆိုရင် လုပ်ကြရမှာဖြစ် ပါတယ်။ ငါကတော့ ပညာတတ်ဘွဲ့ရပ၊ဲ ဒီအလုပ်ကိုမလုပ်နိုင်ဘူး။ ဟိုအလုပ်ကို ရမှဖြစ်မှာ။ ဒီအလုပ် ရမှလုပ်နိုင်မှာ။ ငါ့ပညာနဲ့မတန်ဘူး။ ဒီလိုယူဆနေတဲ့ သူတွေ လည်းရှိကြတယ်။ ဘွဲ့ရတာ မရ တာ၊ ပညာတတ်တာမတတ်တာထား မိမိကအလုပ်လုပ်ကိုင်ချင်စိတ် ရှိသူ၊ အလုပ်လုပ်လိုသူဆိုရင်တော့ ခုနက သမီးပြောသလို သမ္မာအာဇီဝကျပြီး ရိုး သားတဲ့နည်းမှန်လမ်းမှန်တဲ့ ဥပဒေဘောင် အတွင်းကအလုပ်ဆိုရင်တော့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ်ရောက် လာသည့်သူတိုင်း အလုပ်လုပ်ကြ ဖို့လိုအပ် တယ်။’’ လူတွေဟာ အလုပ်လုပ်ကြတယ်။ အလုပ်တစ်ခုကိုလုပ်နေကြတဲ့သူတွေတောင် တစ်ဦးနဲ့တစ်ဦး အလုပ်အပေါ်သဘော ထားပုံချင်းမတူကြပါဘူး။ တစ်ခါက အုတ် စီနေတဲ့လူသုံးယောက်ကိုတွေ့တော့ လူ ငယ်တစ်ဦးကအခုလိုမေးလိုက်တယ်။ ‘ခင် ဗျားတို့ဘာတွေလုပ်ကြတာလဲဗျ’။ အဲဒီအ ခါမှာ ပထမတစ်ဦးက အခုလိုဖြေပါတယ်။ ‘အုတ်စီနေတာပါကွာ’။ ဒုတိယတစ်ဦး ကတော့ အခုလိုဖြေပါတယ်။ ‘အုတ်တံ တိုင်းလုပ်နေတာလေ’။ တတိယတစ်ဦးက တော့ အခုလိုဖြေပါတယ်။ ‘ဘုရားကျောင်း ဆောက်ဖို့လုပ်နေတာကွ’။ သူတို့ရဲ့အဖြေ ကို မှန်းဆကြည့်ရင် သူတို့လုပ်နေတဲ့အလုပ် အပေါ်မှာ တစ်ဦးချင်းစီအနေနဲ့ဘယ်ပုံ ဘယ်လိုသဘောထားတယ်ဆိုတာ သိနိုင် ပါတယ်။
အလုပ်နဲ့ပတ်သက်ပြီး ပညာရှင်တစ် ဦးကတော့ အခုလိုဆိုလေရဲ့။ ‘အသက်၂၀ မှာ ပညာတစ်ခုခုသင်ပါ။ အသက်၂၀နဲ့၃၀ ကြားမှာအလုပ်လုပ်ပါ။ လူတစ်ယောက် နောက်ကိုလိုက်ပါ။ အလုပ်လုပ်တဲ့အခါမှာ လည်း Cooperation အကြီးကြီးတွေကို မလိုက်ပါနဲ့။ ဖြစ်နိုင်ရင် Family Trend လေးတွေလုပ်ပါ။ အသက်၃၀နဲ့၄၀ကြားမှာ ကိုယ့်လမ်းကြောင်းကိုယ်ဖောက်ဖို့ကြိုးစား ပါ။ အသက်၄၀နဲ့၅၀ကြားမှာ ကိုယ်နေတဲ့ အလုပ်မှာ ထိပ်ကိုရောက်အောင်လုပ်ပါ။ ၆၀ ကျော်ရင်တော့ ဘ၀ကိုပျော်ပျော်ရွငှ် ရွငှ်ဖြတ်သန်းပါ။ ဒါကြောင့် လုပ်ငန်းခွင်က လူငယ်တွေကို အကြံပေးချင်တာက လူ တစ်ယောက်ဟာ ဘ၀မှာအနည်းဆုံးတော့ ငါးခါအလုပ်ပြောင်းရတယ်။ ကိုယ့်ကိုယ် ကိုယ် Reposition ပြန်လုပ်ဖို့လိုတယ်။ ခေတ်အရတောင်းဆိုမှုတွေပြောင်းလဲနေတဲ့ အတွက် အဲဒီပြောင်းလဲမှုတွေကိုလည်း Update ဖြစ်နေဖို့လိုတယ်။ တစ်သက်လုံး ကိုယ့်ရဲ့ Career နဲ့ပတ်သက်ပြီး Life-ူသညါ Learning လုပ်နေဖို့လိုတယ်။’
အလုပ်လုပ်တဲ့အခါမှာ ကိုယ်လုပ်ကိုင် နေတဲ့အလုပ်အပေါ်အနည်းနဲ့အများဆို သလို ကြိုက်နှစ်သက်မှု၊ ပျော်ရွငှ်မှုရှိဖို့ လိုတယ်။ အလုပ်သာလုပ်နေရတယ်၊ စိတ် ဆင်းရဲတယ်၊ raysာ်ဘူးဆိုရင်တော့ မလုပ် တာ အကောင်းဆုံးပါပဲ။ တစ်ခါက မြို့ပေါ်မှာသတင်းအတတ် ပညာနဲ့ဘွဲ့ရခဲ့တဲ့လူငယ်လေးတစ်ယောက် အလုပ်ဝင်လုပ်တော့ သတင်းစာတစ်စောင် မှာ ဂျာနယ်လစ်တစ်ဦးအနေနဲ့အလုပ် လုပ်ပါတယ်။ တစ်နေ့မှာသူ့ရဲ့ပထမဆုံး တာဝန်အနေနဲ့ သူတို့မြို့နဲ့မိုင်၂၀အကွာ အဝေးမှာရှိတဲ့လယ်ကွင်းက လယ်သမား ကြီးတစ်ဦးကို အင်တာဗျူးရမယ့်ကိစ္စရှိလာ တယ်။ လယ်သမားကြီးရဲ့အိမ်ရှေ့ကွပ်ပျစ် မှာ ထိုင်ရင်းလူငယ်လေးက လယ်သမား ကြီးကိုမေးလိုက်တယ်။ ‘ဦးလေးဘယ်အချိန် အလုပ်သွားသလဲ’။ အဲဒီအခါမှာလယ် သမားကြီးရဲ့အဖြေကအခုလိုဖြစ်တယ်။ ‘လူ ကလေး၊ အဘဘယ်တော့မှအလုပ်ထဲကို မသွားဘူးကွယ့်၊ အလုပ်တွေကြားမှာပဲ အဘနေနေတာ’။ အဲဒါကတော့ လယ် သမားကြီးရဲ့အလုပ်အပေါ်မှာထားရှိတဲ့ သဘောထားပါ။ အဆိုအမိန့်တစ်ခုကိုလည်း မျှဝေပေး ပါရစေဦး။ ‘နိစ္စဓူဝတွေနဲ့သမားရိုးကျအလုပ် တွေကအောင်မြင်မှုရဲ့အစပဲ’ (ဟင်နရီဂျွန် ဟိန်း(ဇ်) ဆိုလိုချင်တာက ဘယ်အလုပ်ပဲ လုပ်လုပ် သေသေချာချာဂရုတစိုက်လုပ်ဖို့ လိုအပ်တယ်လို့ဆိုလိုတာပါ။ အခွင့်အလမ်း နဲ့လုပ်ချင်ကိုင်ချင်စိတ်ဟာ ဆက်စပ်နေပါ တယ်။ လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့သူမှပဲ အခွင့်အလမ်းကိုမြင်နိုင်ပါတယ်။ အခွင့်အ လမ်းဆိုတာ လုပ်ချင်ကိုင်ချင်စိတ်ဖြစ်စေတဲ့ အကြောင်းတရားပါပဲ။
တီထွင်မှုပါရဂူကြီး သောမတ်အက်ဒီ ဆင်ကလည်း‘ကျွန်တော်တို့တွေ ကိုယ်ပိုင် လုပ်နိုင်စွမ်းရှိသလောက်လုပ်ခဲ့မယ်ဆိုရင် ရလဒ်တွေအတွက် ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး လေးစားအံ့အားသင့်လို့ဆုံးမှာမဟုတ်ဘူး’ လို့ဆိုခဲ့တယ်။ သောမတ်အက်ဒီဆင်ဆိုတာက သူ့ရဲ့ ဘ၀တစ်လျှောက်လုံးမှာ တီထွင်မှုပေါင်း တစ် ထောင်ကျော်ပြုလုပ်ခဲ့တဲ့သူ။ ငယ် ငယ်တုန်းက စာညံ့တဲ့ကလေး အဖြစ်သတ် မှတ်ခံခဲ့ရသူဆိုတာ အားလုံး သိပြီးသားပါ။ သူ့ရဲ့တီထွင်မှုတွေကလည်း ချက်ချင်းဝုန်းခ နဲဆိုသလို အောင်မြင်ပြီး မြောက်ခဲ့တာ မဟုတ်ဘူး။ အကြိမ်ကြိမ် အဖန်ဖန်အမှား အယွင်း များစွာနဲ့စမ်းသပ် ပြီးမှ အောင်မြင် လာခဲ့တာ တွေလည်းရှိတယ်။ Life မဂ္ဂဇင်းက သောမတ် အက်ဒီဆင်ကို ထောင်စုနှစ်ရဲ့ နံပါတ်တစ် လူသားအဖြစ် ညွနှ်းဆိုခဲ့တယ်။ သောမတ် အက်ဒီဆင်ရရှိ တဲ့ ခြောက် ဆယ့်ငါးနှစ် ဆက်တိုက်သက် တမ်းရှိတဲ့ရပိုင်ခွင့်တွေဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူထက်မဆို များတယ်လို့ဆို တယ်။ အက်ဒီဆင်က ပါရမီရှင်ဆိုတာ ၉၉ရာခိုင်နှုန်းကြိုးစားမှုနဲ့ ၁ရာခိုင်နှုန်းစိတ် ကူးဉာဏ်ကွန့်မြူးမှုဖြစ် တယ်လို့ဆိုတယ်။ ဆိုလိုတာကတော့ အလုပ်များများလုပ် လေ၊ အောင်မြင်ဖို့ အတွက်ဖြစ်နိုင်ချေများ လေလေလို့ဆိုလိုတာ ဖြစ်တယ်။
ကျွန်တော်တို့အနေနဲ့ တစိုက်မတ် မတ်ယုံကြည်ရမှာကတော့ အလုပ် ကိုစိတ် အားထက်ထက်သန်သန်နဲ့လုပ်လေ အကျိုး ရှိလေဆိုတာပဲဖြစ်ပါတယ်။
Credit :opportunity.com.mm Credit :သူရထိုက်