13th July, 2017

အောင်မြင်တဲ့လုပ်ငန်းရှင်များထံမှ အတုယူစရာများ

လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ရတာကို ခက်ခဲပါတယ်။ ဒါပေမယ့် စတည်ထောင်ပြီး အောင်မြင်တဲ့လုပ်ငန်းတိုင်းမှာ တကယ်တော်တဲ့ ခေါင်းဆောင်တွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် အတော်ဆုံး ခေါင်းဆောင်တွေ ဘယ်လိုလုပ်တတ်ကိုင်တတ်ကြသလဲဆိုတာကို လေ့လာကြည့်ဖို့ လိုပါတယ်။       

 

၁။ သူတို့က ၀န်ထမ်းတွေကို အကောင်းဆုံးရွေးချယ်ခန့်ထားနိုင်သလို ထုတ်ပစ်ဖို့လည်း ၀န်မလေးကြဘူး။       

 

၂။ စာအုပ်ကြီးအတိုင်း ထူးချွန်ထက်မြက်နေတာထက် အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို စီမံခန့်ခွဲနိုင်လောက်အောင် ထက်မြက်ကြပါတယ်။       

 

၃။ ကိုယ်ကျိုးစီးပွားကို နောက်တန်းမှာ ထားကြတယ်။       

 

၎။ လုပ်ထုံးလုပ်နည်းတွေကို လစ်လျူရှုနိုင်ရကြတယ်။       

 

၅။ စနစ်တကျ စီစီစစ်စစ် လုပ်ကိုင်တတ်ကြပေမယ့် အသေးစိတ်စီမံခန့်ခွဲမှုမျိုး မလုပ်တတ်ကြဘူး။       

 

၆။ ကြီးကြီးမားမား တစ်ခုခုလုပ်ချင်တဲ့ အစွမ်းသတ္တိရှိကြတယ်။ ယုံကြည်ရာလမ်းကြောင်းကို ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်ပဲ လုပ်ဆောင်နိုင်စွမ်းရှိကြတယ်။       

 

၇။ စိတ်ကူးယဉ်မဆန်ပဲ လက်တွေ့ဆန်ကြတယ်။       

 

၈။ တာဝန်လွှဲပြောင်းပေးအပ်နိုင်စွမ်း ရှိကြတယ်။ လူ(၁၀)ယောက်ကို အုပ်ချုပ်ရတာ အဆင်ပြေပေမယ့် လူ(၁၀၀)ကို အုပ်ချုပ်ဖို့က မလွယ်ပါဘူး။ ဒါ့ကြောင့် သင့်တော်တဲ့လူကို တာဝန်လွှဲပြောင်းပေးနိုင်ဖို့ လိုပါတယ်။       

 

၉။ အောင်မြင်တဲ့ ဈေးကွက်သစ်ထွင်လုပ်ငန်းရှင်တိုင်းက အရောင်းသမားကောင်းတွေ ဖြစ်ကြတယ်။ သင့်ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုကို သင်မရောင်းတတ်ဘူးဆိုရင် သင်လုပ်ငန်းလုပ်လို့ မရနိုင်သေးပါဘူး။       

 

၁၀။ အခြားသူတွေကို ဘယ်လိုစိတ်ဓာတ်လှုံ့ဆော်ပေးရမလဲ သိကြတယ်။ ကိုယ်ပိုင်စိတ်ကူးနဲ့ ရည်မှန်းချက်ကို အများမြင်သာအောင် ချပြနိုင်ရုံတင်မဟုတ်ပါဘူး။ အတူတူရယူပိုင်ဆိုင်ချင်လာအောင် ခွန်အားလည်း ပေးနိုင်ကြတယ်။        ၁၁။ တင်းမာမှု အနေအထားတစ်ခုအထိ လက်ခံနိုင်ကြတယ်။ စိတ်ရှုပ်စရာတွေ၊ အခက်အခဲတွေက ဆန်းသစ်တီထွင်နိုင်စွမ်းကို အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် တင်းမာမှုအခက်အခဲတွေကို မရှောင်လွဲပဲ ရင်ဆိုင်နိုင်စွမ်းရှိဖို့ လိုပါတယ်။       

 

၁၂။ ကံ သည် အလုပ်ဖြစ်ကြောင်း လက်ခံထားကြတယ်။       

 

၁၃။ နေ့စဉ်နေ့တိုင်း သင်ယူလေ့လာဖို့ စိတ်အားထက်သန်ကြတယ်။

 

Credit : mmgentelman.com