5th December, 2018

မြန်မာ့လုပ်ငန်းရှင်ဆုရ ကုမ္ပဏီလုပ်ငန်းတွေအကြောင်း

ကုမ္ပဏီကောင်းတွေမှာ အလုပ်လုပ်ချင်ကြတာ ဝန်ထမ်းတိုင်းရဲ့ဆန္ဒပါ။ အလုပ်အကိုင်လမ်းကြောင်းတလျှောက် အောင်မြင်တိုးတက်ဖို့အတွက် ကောင်းမွန်တဲ့လုပ်ငန်းခွင်မှာ အလုပ်လုပ်ရဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အလုပ်လျှောက်တော့မယ်ဆိုရင် နာမည်ကောင်းနဲ့ ကျော်ကြားတဲ့ ကုမ္ပဏီတွေကို ဦးစားပေးရွေးချယ်ကြပါတယ်။ ကုမ္ပဏီကောင်းတစ်ခု ဖြစ်တယ်ဆိုတာကို အလွယ်ဆုံး သိနိုင်တာကတော့ မြန်မာ့လုပ်ငန်းရှင်ဆုပါ။

 

မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် JobNet က ကြီးမှူးကျင်းပတဲ့ မြန်မာ့လုပ်ငန်းရှင်ဆုဟာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နယ်ပယ်အသီးသီးမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ၏ ၀န်ထမ်းရေးရာစီမံခန့်ခွဲမှုနှင့် ထူးချွန်သောလုပ်ငန်းရှင်များအဖြစ် ကြိုးစားအားထုတ်မှုအတွက် အောင်မြင်မှုကိုဂုဏ်ပြုပေးအပ်တာ ဖြစ်ပါတယ်။ စီစစ်အကဲဖြတ်မှုများကို ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် Deloitte Myanmar က တွဲဖက်အတည်ပြုပေးသည့် အဖွဲ့အစည်းအနေဖြင့်ပါဝင်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ လူ့စွမ်းအားစီမံခန့်ခွဲမှုနယ်ပယ်မှ ပညာရှင် ၂၄ ဦးက အကဲဖြတ်ရွေးချယ်ခဲ့ကြတာပါ။

 

ကုမ္ပဏီအဖွဲ့အစည်းကောင်းတွေမှာ အလုပ်လုပ်ခွင့်ရခြင်းဟာ မိမိရဲ့လစာငွေထက် ပိုပြီးတော့သာလွန်တဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။ လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်မှု၊ သင်ယူလေ့လာနိုင်မှု၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုနဲ့ လူမှုဘဝကိုပါ အထောက်အပံ့ကောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် အလုပ်မလျှောက်ခင်မှာ ကုမ္ပဏီတွေရဲ့အကြောင်းကို အရင်ဆုံး စုံစမ်းသင့်သလို ကောင်းမွန်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ခွင့်ရအောင်လည်း မိမိဘက်က အားထုတ်ရပါတယ်။

 

ဒုတိယအကြိမ်မြောက် မြန်မာ့လုပ်ငန်းရှင်ဆုပေးအပ်ပွဲကိုတော့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီးပါပြီ။ ဆုတစ်ခုချင်းစီဟာ မြန်မာနိုင်ငံရှိ လူ့စွမ်းအားအရင်းအမြစ်နယ်ပယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ထူးချွန်စွာလုပ်ဆောင်ပေးနိုင်ခဲ့တဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီအဖွဲ့အစည်းတွေကို အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီကောင်း၊ CEO ကောင်း၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ်၊ ဝန်ထမ်းခန့်အပ်မှုစနစ် စတဲ့နေရာတွေမှာ ဆုရခဲ့တဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်ရမယ်ဆို ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်မှာ အောင်မြင်တိုးတက်မှုတွေ ရရှိလာမှာပါ။ ယခုနှစ် မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲမှာ ရသွားတဲ့ ဆုတွေကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

 

 

http://bit.ly/2G9bShI