MMR
Myanmar
28th July, 2020
ဇူလိုင်လအတွင်း အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောလုပ်ငန်းနယ်ပယ်များ
ယခုနှစ်အစပိုင်းမှာဖြစ်ပျက်သွားတဲ့ကျန်းမာရေးပြဿနာတွေကြောင့် စီးပွားရေးနယ်ပယ်မှာနောက်ဆက်တွဲအကျိုးဆက်တွေကို ခံစားခဲ့ရပြီး အလုပ်အကိုင်ကဏ္ဍမှာလည်းအကြပ်အတည်းတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ မည်သို့ပင်ဆိုစေကာမူ စီးပွားရေးနယ်ပယ်ရဲ့နေ့စဉ်လုပ်ငန်းလည်ပတ်မှုတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့အလျင်အမြန်ပြောင်းလဲမှုတွေဟာ အလုပ်ခေါ်ယူမှုတွေလုံးဝမရှိဘူးလို့တော့ မဆိုလိုပါဘူး။ တကယ်တမ်းပြောရမယ်ဆိုရင် ဘယ်လိုစီးပွားရေးအခြေအနေမျိုးမှာမဆို သေချာတာတစ်ခုကတော့ အလုပ်အကိုင်ခေါ်ယူမှုတွေဆက်လက်လုပ်ကိုင်နေတဲ့နေရာတွေရှိပါသေးတယ်။
လက်ရှိအခြေအနေတွေကိုစိုးရိမ်ပူပန်နေတာထက် အလုပ်ရှာဖွေသူတွေအဓိကလုပ်ရမယ့်အရာကတော့ အလုပ်အကိုင်ဈေးကွက်ထဲမှာဖြစ်ပေါ်နေတဲ့သတင်းအချက်အလက်တွေကို ကိုယ်တိုင်လေ့လာစုံစမ်းဖို့ပါပဲ။ အလုပ်အကိုင်ရှာဖွေတဲ့အခါမှာ မှန်ကန်တဲ့သတင်းအချက်အလက်တွေသိထားခြင်းက အရေးကြီးပါတယ်။ အဲဒါကြောင့် ယခုလအတွင်းမှာ အလုပ်ရှာဖွေနေသူတွေအဆင်ပြေလွယ်ကူစေဖို့ JobNet ကနေ ယခုလအတွင်းအလုပ်ခေါ်ယူမှု အများဆုံးပြုလုပ်နေတဲ့စီးပွားရေးလုပ်ငန်းနယ်ပယ် ၁၀ ခုကိုဖော်ပြပေးလိုက်ပါတယ်။
အလုပ်ရှာဖွေရာမှာ အဓိကလေ့လာရမယ့်အချက် ၃ ချက်ရှိပါတယ်။ အဲဒါကတော့ အလုပ်အကိုင်အမျိုးအစား၊ ကုမ္ပဏီနဲ့ လုပ်ငန်းနယ်ပယ်တို့ပဲဖြစ်ပါတယ်။ အဲဒီနေရာမှာ လူအများစုကအလုပ်အကိုင်အမျိုးအစားနဲ့ လုပ်ငန်းနယ်ပယ်ကို ရောထွေးတတ်ကြပါတယ်။ အလုပ်အကိုင်အမျိုးအစားဆိုတာက ကိုယ်ရွေးချယ်လိုက်တဲ့အလုပ်ရာထူးနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ရမယ့်အရာကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဥပမာ - စာရင်းကိုင်အလုပ်အကိုင်။ လုပ်ငန်းနယ်ပယ်ဆိုတာကတော့ ကိုယ်လျှောက်ထားမယ့်ကုမ္ပဏီရဲ့ လုပ်ငန်းအမျိုးအစားကိုပြောခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ - ဘဏ်လုပ်ငန်းနယ်ပယ်။
အထက်မှာဖော်ပြထားတဲ့လုပ်ငန်းနယ်ပယ် ၁၀ ခုကိုလေ့လာကြည့်လိုက်တဲ့အခါမှာ ကုန်သွယ်ရေး/ဖြန့်ချီရေး/သွင်းကုန်/ထုတ်ကုန်လုပ်ငန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချီရောင်းဝယ်ရေးလုပ်ငန်း၊ ထုတ်လုပ်ရေးလုပ်ငန်းနဲ့ စားသောက်ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ဒီလအတွင်းအလုပ်ခေါ်ယူမှုအများဆုံး လုပ်ငန်းနယ်ပယ်တွေအဖြစ်ပါဝင်လာပါတယ်။ ထို့အပြင် ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ နည်းပညာ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာနဲ့ စွမ်းအင်လုပ်ငန်းကဏ္ဍတွေမှာ အလုပ်အကိုင်တွေပြန်လည်ခေါ်ယူ လည်ပတ်နေပြီဖြစ်ပါတယ်။
ထိုလုပ်ငန်းနယ်ပယ်တွေကအလုပ်အကိုင်တွေကို လျှောက်ထားချင်တယ်ဆိုရင်တော့ JobNet.com.mm မှာ register ပြုလုပ်ပြီး မိမိရဲ့ JobSeeker Profile ကိုသေချာဖြည့်စွက်ပြီးလျှောက်ထားနိုင်ပါတယ်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us