MMR
Myanmar
27th December, 2019
ဒီဇင်ဘာလအတွင်းမှာ အများဆုံးခေါ်ယူနေသောထိပ်တန်းအလုပ်အကိုင် ၁၀ ခု
ပုံမှန်အားဖြင့်တော့ ဒီဇင်ဘာလဟာ ကုမ္ပဏီအများစုအတွက် အလုပ်အကိုင်ခေါ်ယူမှုနဲ့ပတ်သတ်လာလျှင် အခြားလတွေထက်ပိုပြီးနှေးတယ်ဆိုပေမဲ့ ဒီဇင်ဘာလကုန်ကတော့ အလုပ်အသည်းအသန်ရှာဖွေနေသူတွေအတွက် အလုပ်လျှောက်လို့အကောင်းဆုံးအချိန် ဖြစ်နေဆဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အနေနဲ့ နှစ်ကုန်ခါနီးမှာခေါ်ယူနေတဲ့အလုပ်တွေအတွက် လျှောက်လွှာတင်ထားတယ်ဆိုလျှင် အလုပ်ခေါ်ယူနေသူတွေ နှစ်ကူးမှာအလုပ်ပြန်တတ်ကြတဲ့အခါမှာ ကိုယ့်ရဲ့လျှောက်လွှာကိုအရင်ဆုံးမြင်ရမှာဖြစ်ပြီး ယှဉ်ပြိုင်မှုတွေကြားမှာ အသာစီးရစေနိုင်ပါတယ်။ နောက်ပြီး အဲဒီအချိန်မှာ အလုပ်လျှောက်လွှာတွေအများကြီးကိုရရှိဦးမှာ မဟုတ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့လျှောက်လွှာကိုသေသေချာချာဖတ်ဖို့ အခွင့်အရေးလည်းရှိနိုင်ပါတယ်။
အဲဒီအပြင် ဒီဇင်ဘာလဆိုတာ အလုပ်အကိုင်ရှာဖွေမှုတွေပြုလုပ်ဖို့အတွက် ကိုယ့်ရဲ့အချိန်တွေကို ကောင်းကောင်းရင်းနှီးမြှုပ်နှံသင့်တဲ့လလည်း ဖြစ်ပါတယ်။ အလုပ်အကိုင်ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေနဲ့ ကိုယ်ရွေးချယ်ထားတဲ့အလုပ်အကိုင်လမ်းကြောင်းမှာ ဖြစ်လာနိုင်တဲ့အလားအလားတွေကို လေ့လာတာတွေ ဒါမှမဟုတ် ကိုယ်လျှောက်ထားချင်တဲ့ကုမ္ပဏီတွေကို ဆက်သွယ်နိုင်ဖို့ ပြင်ဆင်တာတွေအတွက် ကိုယ့်ရဲ့အချိန်တွေကိုကောင်းကောင်းအသုံးချသင့်ပါတယ်။ တကယ်တမ်းပြောရမယ်ဆိုလျှင် ဒီဇင်ဘာလမှာခေါ်ယူနေတဲ့အလုပ်အကိုင်တွေဟာ နောက်နှစ်သစ်မှာ တတ်နိုင်သလောက်မြန်မြန်ခေါ်ယူဖို့အတွက် အရမ်းကိုလိုအပ်နေတဲ့အလုပ်တွေ ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီတွေက HR ဌာနအများစုဟာ အလုပ်လျှောက်ထားသူတွေရဲ့ CV တွေကို စစ်ဆေးမှုနဲ့ အင်တာဗျူးလုပ်ငန်းစဉ်တွေကို နှစ်ကုန်ခါနီး ဒါမှမဟုတ် နှစ်ကူးအစောပိုင်းမှာ အမြန်ဆုံးပြုလုပ်နိုင်ဖို့ ဒီဇင်ဘာလမှာလစ်လပ်ရာထူးတွေကိုကြော်ငြာပြီး အလားအလာကောင်းရှိတဲ့ CV တွေကိုစုဆောင်းလေ့ရှိပါတယ်။ အဲဒါကြောင့် ဒီဇင်ဘာလမှာရေပန်းစားပြီး ခေါ်ယူမှုများနေတဲ့အလုပ်တွေကို ကိုယ့်အနေနဲ့သိရှိထားမယ်ဆိုလျှင် နှစ်သစ်အခွင့်အရေးကောင်းတွေကို ရှာဖွေနေသူတွေကြားမှာ ကိုယ်ကရှေ့ပြေးတစ်ဦးဖြစ်နေမှာ သေချာပါတယ်။
အဲဒါကြောင့် JobNet.com.mm ရဲ့နောက်ဆုံးရအလုပ်အကိုင်သတင်းတွေအပေါ်အခြေခံပြီး ဒီဇင်ဘာလအတွင်းမှာ ထိပ်တန်းကုမ္ပဏီကြီးတွေက သိသိသာသာနဲ့ အများဆုံးခေါ်ယူနေတဲ့ထိပ်တန်းအလုပ်အကိုင် ၁၀ ခုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
အထက်ဖော်ပြထားတဲ့စာရင်းအရ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာအလုပ်တွေဟာ ဒီဇင်ဘာလရဲ့ရေပန်းအစားဆုံးနဲ့ ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အဖြစ် ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း လာမယ့်နှစ်မှာ မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုချဲ့ထွင်ဖို့နဲ့ အဖွဲ့အစည်းတွေကို တိုးတက်အောင်ပြုလုပ်ဖို့ ခေါင်းဆောင်ကောင်းတွေလိုအပ်တဲ့အတွက်ကြောင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာအတွေ့အကြုံကောင်းရှိသူတွေကို ရှာဖွေနေကြပါတယ်။ နောက်ပြီး နည်းပညာနဲ့ပတ်သက်တဲ့အလုပ်အကိုင်တွေဖြစ်တဲ့ IT, Web Developer နဲ့ Graphic Designer အလုပ်တွေဟာလည်း ယခုလရဲ့ရေပန်းစားတဲ့အလုပ်အကိုင်စာရင်းထဲမှာ ပါဝင်နေသလိုပဲ JobNet ရဲ့မကြာသေးမီက ပြုလုပ်ထားတဲ့အလုပ်အကိုင်ဈေးကွက်အစီရင်ခံစာမှာလည်း ခေါ်ယူမှုများဆုံးအလုပ်အကိုင်တွေအဖြစ် ပါဝင်ပါတယ်။ ဒါ့အပြင် sales အပိုင်း၊ marketing အပိုင်းတို့နဲ့သက်ဆိုင်တဲ့အလုပ်တွေဟာလည်း ထိပ်တန်းအလုပ်အကိုင် ၅ ခုစာရင်းထဲမှာကို ပါဝင်နေပါတယ်။ ကိုယ့်အနေနဲ့ အရောင်းပိုင်းဆိုင်ရာ၊ လူ့စွမ်းအားစီမံခန့်ခွဲမှုပိုင်းဆိုင်ရာ၊ ဒီဇိုင်းအပိုင်း၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ၊ ဈေးကွက်ဖန်တီးဖော်ဆောင်မှုပိုင်းဆိုင်ရာအလုပ်တွေ ဒါမှမဟုတ် ITအလုပ်အကိုင်တွေမှာ စိတ်ဝင်စားတယ်ဆိုလျှင် ကိုယ်နဲ့ကိုက်ညီမယ့်အဲဒီအလုပ်တွေဟာ လာမယ့်နှစ်ရဲ့အလားအလာအကောင်းဆုံးအလုပ်အကိုင်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။
ဒီဇင်ဘာနဲ့ပတ်သက်တဲ့သတင်းကောင်းတစ်ခုကတော့ ဒီလမှာခေါ်ယူနေတဲ့လစ်လပ်အလုပ်အကိုင်အများစုဟာ တကယ်ကိုလိုအပ်လို့ခေါ်ယူနေတဲ့အလုပ်တွေဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းမှာ အရေးကြီးတဲ့နေရာတစ်ခုအတွက် အရည်အချင်းရှိတဲ့သူတစ်ယောက်ကို အရေးတကြီးလိုအပ်တဲ့အခါမှာ ဒါမှမဟုတ် အရေးကြီးတဲ့နေရာကသူတစ်ယောက် ထွက်သွားတဲ့အခါမှာ အဲဒီနေရာတွေကို တတ်နိုင်သမျှမြန်မြန်ပြန်ဖြည့်ဖို့အတွက် အားလပ်ရက်တွေများတဲ့ဒီဇင်ဘာလမှာ မဖြစ်မနေအခြေအနေအတွက် အလုပ်တွေကိုခေါ်ယူလေ့ရှိပါတယ်။ အဲဒါကြောင့် ဒီဇင်ဘာလမှာအလုပ်ခေါ်ယူမှုလုပ်ငန်းစဉ်တွေက အချိန်တွေကြာတတ်ပေမဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာ အဲဒီလိုခေါ်ယူနေတဲ့လစ်လပ်ရာထူးတွေကို စောင့်ကြည့်နေမယ်ဆိုလျှင် အလုပ်ခေါ်ယူနေသူတွေဆီကို ယှဉ်ပြိုင်မှုနည်းနည်းနဲ့အရောက်သွားနိုင်မယ့် အခွင့်အရေးကောင်းတွေ ကိုယ့်ဆီချက်ချင်းရောက်လာနိုင်ပါတယ်။ နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့အလုပ်သစ်တစ်ခုဆီကို တက်လှမ်းဖို့စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ အခုပဲ ဒီနေရာမှာ စာရင်းသွင်းပြီး မြန်မာနိုင်ငံရဲ့နိုင်ငံတကာနဲ့ပြည်တွင်းထိပ်တန်းကုမ္ပဏီကြီးတွေမှာ ခေါ်ယူနေတဲ့နယ်ပယ်မျိုးစုံက အလုပ်အကိုင်ကောင်းတွေကို လျှောက်ထားလိုက်ပါ။
နှစ်သစ်မှာ ကိုယ့်ရဲ့လက်ရှိအလုပ်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် အလုပ်အသစ်မှာပဲဖြစ်ဖြစ် အောင်မြင်မှုတွေဆွတ်ခူးနိုင်ကြပါစေလို့ JobNet.com.mm ကနေဆုတောင်းပေးလိုက်ပါတယ်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us