MMR
Myanmar
25th September, 2019
စက်တင်ဘာလအတွင်း လျှောက်ထားမှုအများဆုံးအလုပ်အကိုင် ၁၀ ခု
မြန်မာနိုင်ငံဟာဆိုရင် အရှေ့တောင်အာရှဒေသအတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းမှာပါ စီးပွားရေးအလျင်မြန်ဆုံးတိုးတက်နေတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်တယ်လို့ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ကမ္ဘာ့ဘဏ်ကထုတ်ဝေထားတဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာဘာကိုဖော်ပြနေသလဲဆိုရင် အလျင်အမြန်တိုးတက်လာတဲ့ဈေးကွက်ထဲမှာ စိန်ခေါ်မှုတချို့ကိုတွေ့ရှိရတယ်ဆိုပေမဲ့လည်း မြန်မာနိုင်ငံမှာ ပုဂ္ဂလိကစီးပွားလုပ်ငန်းတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရဲ့ တိုးတက်လာမှုအလားအလာတွေကို သေချာပေါက်တွေ့မြင်နေရပါတယ်။
ဒီနှစ်ပိုင်းအတွင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံတွေဝင်ရောက်လာမှုဟာ အနည်းငယ်တိုးတက်လာတယ်လို့ပြောလို့ရသလို ပြည်တွင်းကစီးပွားရေးလုပ်ငန်းတွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့အတူ အပြိုင်အဆိုင်စီးပွားရေးလုပ်ငန်းတွေချဲ့ထွင်မှုကြောင့် လုပ်ငန်းနယ်ပယ်အစုံမှာ အလုပ်အကိုင်ခေါ်ယူမှုတွေဟာ တစ်စတစ်စမြှင့်တက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က မြန်မာ့လုပ်ငန်းရှင်ဆုရွေးချယ်ပွဲမှာ ဆုရရှိခဲ့တဲ့ကုမ္ပဏီတွေကိုလေ့လာကြည့်လိုက်မယ်ဆိုရင် ပြည်တွင်းကုမ္ပဏီတွေဟာ နိုင်ငံတကာအခြေစိုက်ကုမ္ပဏီတွေနည်းတူ အရမ်းကိုအံ့သြစရာကောင်းလောက်တဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းတွေကို ထောက်ပံ့ပေးနေတယ်ဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။
ဒါဆိုရင် ၂၀၁၉ ခုနှစ်ရဲ့စက်တင်ဘာလအတွင်းမှာ ပြည်တွင်းနဲ့ နိုင်ငံတကာအခြေစိုက်ကုမ္ပဏီတွေကနေ ခေါ်ယူနေတဲ့ဘယ်လိုအလုပ်အကိုင်တွေဟာ အလုပ်ရှာဖွေနေသူတွေကို ဆွဲဆောင်နိုင်ဆုံးဖြစ်နေသလဲ။ လစဉ်ဝင်ရောက်ကြည့်ရှုသူပေါင်း ၇ သိန်းကျော်ရှိသည့်အပြင် အလုပ်လျှောက်ထားသူပေါင်း ၁ သိန်း ၂ သောင်း ကျော်ရှိသည့် မြန်မာနိုင်ငံရဲ့ဝင်ရောက်ကြည့်ရှုမှုနဲ့ အသုံးပြုမှုအများဆုံးအလုပ်အကိုင်ဝက်ဘ်ဆိုက်ဒ်ကြီးတစ်ခု ဖြစ်တဲ့ JobNet.com.mm ရဲ့ အချက်အလက်တွေအရ ဒီစက်တင်ဘာလအတွင်းမှာ လျှောက်ထားမှုအများဆုံးအလုပ်အကိုင်ကဏ္ဍတွေကို ဖော်ပြပေးလိုက်ပါတယ်။
တွေ့ရှိရတဲ့အချက်အလက်တွေအရ စာရင်းကိုင်နဲ့ ဘဏ္ဍာရေးဆိုင်ရာအလုပ်အကိုင်ကဏ္ဍဟာ အလုပ်လျှောက်ထားသူတွေကြားမှာ လျှောက်ထားမှုအများဆုံးအလုပ်အကိုင်ကဏ္ဍအဖြစ် ထိပ်ဆုံးကရပ်တည်နေပါတယ်။ ဒီအလုပ်အကိုင်ကဏ္ဍဟာ ၂၀၁၈ ခုနှစ်ကတည်းကစပြီး ၂၀၁၉ ခုနှစ်ရဲ့ပထမနှစ်ဝက်အထိ လျှောက်ထားမှုအများဆုံးအလုပ်အကိုင်စာရင်းရဲ့ ထိပ်ပိုင်းအလုပ်အကိုင်တွေထဲမှာ အဆက်မပြတ်ပါဝင်နေတာကို JobNet ရဲ့ သုံးလပတ်အလုပ်အကိုင်ဈေးကွက်အစီရင်ခံစာတွေမှာ တွေ့ရှိရပါတယ်။ JobNet က အလုပ်အကိုင်ဈေးကွက်လေ့လာဆန်းစစ်သူတွေရဲ့ လေ့လာကောက်ချက်ချမှုအရ တိုးတက်လာတဲ့ဈေးကွက်စီးပွားရေးနဲ့အတူ ကုမ္ပဏီတွေဟာ မိမိတို့ရဲ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေကို ထိရောက်မှုရှိစွာစီမံခန့်ခွဲနိုင်ဖို့နဲ့ တိုးတက်လာတဲ့ဘဏ်လုပ်ငန်းမှာ အခွင့်အလမ်းတွေများပြားလာတာကြောင့် ငွေကြေးနဲ့ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတွေကို ပိုပြီးရှာဖွေလာကြပါတယ်။
ဒုတိယလျှောက်ထားမှုအများဆုံးအလုပ်အကိုင်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ Sales နဲ့ Business Development အလုပ်အကိုင်အမျိုးအစားပဲ ဖြစ်ပါတယ်။ အရှိန်အဟုန်နဲ့တိုးတက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဆန်းသစ်တီထွင်ပြီးထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဈေးကွက်အတွင်းမှာထိုးဖောက်ရောင်းချဖို့အတွက်ဆိုရင် လုပ်ငန်းရှင်တွေအနေနဲ့ အရောင်းပိုင်းဆိုင်အရည်အချင်းရှိဝန်ထမ်းတွေကို လိုအပ်တဲ့အတွက်ကြောင့် ဒီလုပ်ငန်းကဏ္ဍဟာ လိုအပ်မှုအများဆုံးအလုပ်အကိုင်တွေထဲကတစ်ခုအဖြစ် စဉ်ဆက်မပြတ်ရပ်တည်နေပါတယ်။ ဒီလိုလိုအပ်မှုတွေကြောင့်လည်း မြန်မာနိုင်ငံမှာရှိတဲ့အလားအလာရှိလူငယ်တွေဟာ Sales နဲ့ Business Development အပိုင်းတွေကို အရင်ကထက် ပိုပြီးစိတ်ဝင်စားလာကြပါတယ်။
ထို့အပြင် အင်ဂျင်နီယာအပိုင်း၊ သတင်းအချက်အလက်နဲ့ နည်းပညာအပိုင်း အလုပ်အကိုင်ကဏ္ဍတွေဟာလည်း မြန်မာနိုင်ငံရဲ့လျှောက်ထားမှုအများဆုံးအလုပ်အကိုင်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါဟာ သိသိသာသာတိုးတက်လာတဲ့ဒီလုပ်ငန်းနယ်ပယ်တွေရဲ့ အရေးပါမှုတွေကို ဖော်ပြနေပါတယ်။
ဒါဆိုရင် ဒီလိုမျိုး အလုပ်လျှောက်ထားသူတွေကို ဆွဲဆောင်နိုင်တဲ့အလုပ်အကိုင်တွေကို ဘယ်လိုကုမ္ပဏီမျိုးတွေက ခေါ်ယူနေတာလဲ၊ ဘယ်လိုမျိုးဆွဲဆောင်မှုရှိတဲ့ လစာတွေနဲ့ခေါ်ယူကမ်းလှမ်းနေကြသလဲ အစရှိတဲ့အချက်အလက်တွေကို ပိုပြီးလေ့လာသိရှိချင်တယ်ဆိုရင် JobNet.com.mm မှာ register ပြုလုပ်ပြီး လေ့လာနိုင်ပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်အကိုင်တွေကို တွေ့ရှိလို့လျှောက်ထားချင်တယ်ဆိုရင်လည်း ကိုယ့်ရဲ့ Job Seeker Profile ကိုပြည့်ပြည့်စုံစုံဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us