MMR
Myanmar
7th April, 2020
ဧပြီလအတွင်း အလုပ်ခေါ်ယူမှုအဆက်မပြတ်ပြုလုပ်နေသော လုပ်ငန်းနယ်ပယ် ၁၀ ခု
တစ်ခါတလေမှာ စိန်ခေါ်မှုတွေကလည်း အခွင့်အလမ်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ၂၀၂၀ ခုနှစ်အစပိုင်းကနေ အခုလတ်တလောအချိန်အထိ မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ စီးပွားရေးအပြောင်းအလဲတွေကြောင့် တချို့သောလုပ်ငန်းနယ်ပယ်တွေမှာ အကြပ်အတည်းတွေကြုံတွေ့ခဲ့ရပေမဲ့ တချို့လုပ်ငန်းတွေမှာတော့ အလုပ်ခေါ်ယူမှုတွေတိုးလာတာကို မြင်တွေ့နိုင်ပါတယ်။
နောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ပြောင်းလဲသွားတဲ့စီးပွားရေးပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုပုံစံတွေကို ပြောင်းလဲမှုတွေပြုလုပ်နေရပါတယ်။ အဲဒါကြောင့် အလုပ်ရှာဖွေနေတဲ့သူတွေအနေနဲ့လည်း အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အချိန်မျိုးမှာ အလုပ်တစ်ခုရဖို့အတွက် ကိုယ့်ရဲ့အလုပ်ရှာဖွေမှုကို ဘယ်လိုမျိုးလိုက်လျောညီထွေဖြစ်အောင် လုပ်ရမလဲဆိုတာကို စဉ်းစားထားသင့်ပါတယ်။
အဲဒါကြောင့် ယခုဧပြီသင်္ကြန်ပိတ်ရက် အိမ်မှာနေပြီး အလုပ်လျှောက်ထားမှုတွေပြုလုပ်ဖို့ အားခဲနေတယ်ဆိုရင် JobNet.com.mm မှာ ဧပြီလအတွင်းမှာခေါ်ယူမှုတွေ အဆက်မပြတ်ပြုလုပ်နေတဲ့စီးပွားရေးလုပ်ငန်း ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။ သိထားသင့်တာကတော့ အချို့လုပ်ငန်းနယ်ပယ်တွေမှာ အကြပ်အတည်းတွေကြုံတွေ့နေရပေမဲ့ တချို့နယ်ပယ်တွေကတော့ ဆက်လက်ကောင်းမွန်နေပါတယ်။
လတ်တလောမှာဖြစ်ပွားနေတဲ့ကျန်းမာရေးကိစ္စတွေကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ လေကြောင်းလိုင်းလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းတွေ အစရှိတဲ့နယ်ပယ်တွေမှာ အကြပ်အတည်းတွေဖြစ်ပေါ်နေပေမဲ့ လူသုံးကုန်ပစ္စည်းလုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းလုပ်ငန်း၊ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုလုပ်ငန်း၊ ဆေးဝါးနဲ့ ဆေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းတွေကတော့ ဆက်လက်ပြီး အလျင်အမြန်တိုးတက်ကောင်းမွန်နေပါတယ်။
အဲဒါကြောင့်လည်း ယခုလအတွင်းမှာ အလုပ်ခေါ်ယူမှုတွေအများဆုံးပြလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကြည့်လိုက်တဲ့အခါမှာ စီးပွားရေးရိုက်ခက်မှုတွေဖြစ်ပေါ်မှုတွေကို ထိန်းသိမ်းတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်တဲ့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းတွေ၊ FMCG လိုလူသုံးကုန်ပစ္စည်းလုပ်ငန်းတွေ၊ အစားအသောက်လုပ်ငန်းတွေ၊ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းတွေနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေဟာ အလုပ်ခေါ်ယူမှုအများဆုံးဖြစ်နေပါတယ်။
အရေးအကြီးဆုံးကတော့ အထက်မှာဖော်ပြခဲ့တဲ့လုပ်ငန်းနယ်ပယ်မှာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို တည်ဆောက်ချင်တယ်ဆိုရင်တော့ အခုပဲ JobNet.com.mm မှာ Register ပြုလုပ်ပြီး ကိုယ့်ရဲ့ JobSeeker Profile ကိုပြည့်ပြည့်စုံစုံဖြည့်စွက်ကာ သင့်တော်ကိုက်ညီတဲ့အလုပ်တွေကို လျှောက်ထားလိုက်ပါ။
အခုလိုမျိုးမရေရာမှုနဲ့အကြပ်အတည်းတွေဖြစ်ပေါ်ချိန်မှာ အလုပ်ရှာဖွေဖို့အတွက် အကူအညီလမ်းညွှန်မှုတစ်ခုကို လိုအပ်တယ်ဆိုရင် အကောင်းဆုံးလမ်းညွှန်မှုတစ်ခုကို ဒီနေရာမှာ ဖတ်ရှုလိုက်ပါ။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us