MMR
Myanmar
27th August, 2019
၂၀၁၉ ပထမနှစ်ဝက်တွင် ခေါ်ယူနေသောလစာအများဆုံး အလုပ်အကိုင်အမျိုးအစား ၁၀ ခု
အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုစိတ်ကျေနပ်ပျော်ရွှင်စေတဲ့အချက်ကဘာလဲ။ ဒါမှမဟုတ် အလုပ်တစ်ခုကိုရွေးချယ်တဲ့အခါမှာ ဘယ်လိုအချက်တွေကိုကြည့်ပြီး ရွေးချယ်ဆုံးဖြတ်တာလဲ။ ဒီမေးခွန်းနှစ်ခုစလုံးအတွက် ကိုယ့်ရဲ့အဖြေက “လစာ” ဖြစ်နေပြီလား။ အလုပ်အသစ်တစ်ခု ဒါမှမဟုတ် အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို ရှာဖွေတဲ့အခါမှာ လူအများစုက လစာကောင်းတဲ့အလုပ်ကို ဦးစားပေးစဉ်းစားပေမဲ့လည်း အားလုံးအတွက်ကတော့ လစာကအရေးအကြီးဆုံးအချက်တော့မဟုတ်ပါဘူး။ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကိုရှာဖွေတဲ့အခါမှာ လစာအပြင်တခြားအချက်တွေလည်း ကြည့်ရပါသေးတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ကတော့ လစာကောင်းတယ်ဆိုတဲ့ အချက်ကအရေးကြီးဆုံးအချက်တွေကထဲကတစ်ခု ဒါမှမဟုတ် အရေးအကြီးဆုံးအရာတစ်ခုဖြစ်တယ်ဆိုရင် အခုဖော်ပြပေးလိုက်မယ့်အချက်အလက်တွေကို သေချာဖတ်ရှုပေးပါ။
မြန်မာနိုင်ငံက ပြည်တွင်းနဲ့နိုင်ငံတကာထိပ်တန်းကုမ္ပဏီပေါင်း ၈၀၀ ကျော်မှ ၄င်းတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်နေတဲ့ကျွမ်းကျင်ဝန်ထမ်းတွေကိုရှာဖွေရာမှာ ယုံကြည်စိတ်ချစွာအသုံးပြုနေတဲ့ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဒ် JobNet.com.mm ကထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ် အလုပ်အကိုင်ခန့်ထားမှုဈေးကွက်အစီရင်ခံစာရဲ့ လုပ်ခလစာဆိုင်ရာအချက်အလက်တွေအရ ၂၀၁၉ ခုနှစ်ရဲ့ပထမနှစ်ဝက်မှာ လစာအများဆုံးနဲ့ခေါ်ယူနေတဲ့ အလုပ်အကိုင်အမျိုးအစားပေါင်း ၁၀ ခုကိုဖော်ပြပေးလိုက်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အချက်အလက်တွေအရ စီးပွားရေးစီမံခန့်ခွဲမှုအပိုင်း၊ စီမံကိန်းစီမံခန့်ခွဲမှုအပိုင်းနဲ့ ဥပဒေရေးရာအပိုင်းတွေမှာရှိတဲ့အလုပ်အကိုင်တွေဟာ အခုနှစ်လယ်ပိုင်းမှာတော့ လစာအများဆုံးထိပ်တန်းအအလုပ်အကိုင်အမျိုးအစား ၃ ခုအဖြစ်ရပ်တည်နေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ JobNet.com.mm ရဲ့မြန်မာ့အလုပ်အကိုင်ဈေးကွက်ကျွမ်းကျင်သူများ၏ လေ့လာသုံးသပ်ချက်မှာ ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံကြတဲ့နိုင်ငံတကာအခြေစိုက်ကုမ္ပဏီကြီးအရေအတွက်မှာ အနည်းငယ်တိုးတက်လာခဲ့ပြီး ထိုကုမ္ပဏီတွေကစီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင်တွေကို ပိုမိုရှာဖွေလာကြတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ခြုံငုံသုံးသပ်ထားပါတယ်။
ထို့အပြင် IT နဲ့ နည်းပညာပိုင်းဆိုင်ရာအလုပ်အကိုင်တွေရယ် အေရောင်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်အကိုင်တွေဟာ ၂၀၁၉ နှစ်စပိုင်းကနေစပြီး နှစ်လယ်ပိုင်းအထိ လစာအများဆုံးထိပ်တန်းအလုပ်အကိုင်အမျိုးအစား ၅ ခုအတွင်းမှာပဲ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒီလိုမျိုး နည်းပညာအလုပ်အကိုင်တွေဟာ လစာအများဆုံးအလုပ်အကိုင်အမျိုးအစားစာရင်းထဲပါဝင်နေရခြင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီတွေဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို နည်းပညာရဲ့အားသာချက်တွေနဲ့ပေါင်းစပ်ပြီး စဉ်ဆက်မပြတ်ချဲ့ထွင်နေကြတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ လေ့လာသုံးသပ်နိုင်ပါတယ်။ အလားတူပဲ အရောင်းနဲ့စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာအလုပ်အကိုင်တွေဟာလည်း လစာအများဆုံး ထိပ်တန်းအလုပ်အကိုင်စာရင်းထဲမှာ ပါဝင်နေရုံသာမက ထိပ်တန်းလုပ်ငန်းစုနဲ့ ကုမ္ပဏီကြီးတွေရဲ့ ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစားစာရင်းထဲမှာလည်း ထိပ်ဆုံးကနေရပ်တည်နေပါတယ်။
ကိုယ့်အနေနဲ့လည်း သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အထိုက်အလျောက်လုပ်ငန်းအတွေ့အကြုံတွေရှိပြီး ကိုယ့်ရဲ့အနာဂတ်အလုပ်အကိုင်လမ်းကြောင်းအတွက် ကောင်းမွန်တဲ့အလုပ်အကိုင်ကောင်းတစ်ခုကို ရှာဖွေနေတယ်ဆိုရင် JobNet.com.mm ရဲ့အထက်မှာဖော်ပြထားတဲ့အချက်အလက်တွေဟာ အလုပ်အကိုင်ရှာဖွေရေးအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အတွက် JobNet ကထုတ်ပြန်လိုက်တဲ့ အလုပ်အကိုင်ခန့်ထားမှုဆိုင်ရာအစီရင်ခံစာကို အပြည့်အစုံလေ့လာချင်တယ်ဆိုရင် ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
နောက်ထပ်ပြောပြချင်တဲ့သတင်းကောင်းတစ်ခုကတော့ ဒီလိုလစာကောင်းကောင်းအလုပ်တွေကိုခေါ်ယူနေတဲ့ ထိပ်တန်းကုမ္ပဏီတွေတချို့ဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ Novotel Yangon Max ဟိုတယ်မှာ JobNet.com.mm က ပြုလုပ်ကျင်းပမယ့် JobNation အလုပ်အကိုင်ပြပွဲကြီးမှာ ပါဝင်ပြီးအလုပ်တွေခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီအလုပ်အကိုင်ပြပွဲကြီးဟာ အရင်ပွဲတွေနဲ့မတူဘဲ အလုပ်လျှောက်ထားသူတွေအတွက်ရော အလုပ်ခေါ်ယူနေသူတွေအတွက်ပါ အဆင်ပြေလွယ်ကူစေမယ့် JobNet Digital CV ID နည်းပညာကို အသုံးပြုပြီးအလုပ်တွေကိုခေါ်ယူသွားမှာဖြစ်ပါတယ်။ အဲဒီအလုပ်အကိုင်ပွဲကြီးမှာ အလုပ်ခေါ်ယူနေမယ့် ထိပ်တန်းကုမ္ပဏီကြီးတွေနဲ့ လူကိုယ်တိုင်တိုက်ရိုက်တွေ့ဆုံပြီး JobNet Digital CV ID ကိုအသုံးပြုကာ ကလစ်တစ်ချက်လေးနှိပ်ရုံနဲ့ အဆင်ပြေလွယ်ကူချောမွေ့တဲ့အလုပ်လျှောက်ထားမှုတွေနဲ့ တွေ့ဆုံချင်တယ်ဆိုရင် ဒီနေရာမှာ စာရင်းပေးသွင်းလိုက်ပါ။ JobNet Digital CV ID အလုပ်အကိုင်ပွဲကြီးကို တက်ရောက်ပြီး ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်အကိုင်တွေကို အဆင်ပြေလွယ်ကူစွာ လျှောက်ထားချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ JobNet Profile ကို အလုပ်အကိုင်နဲ့ပတ်သက်တဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ ပြည့်ပြည့်စုံစုံဖြည့်စွက်ပြီး ပြင်ဆင်ထားလိုက်ပါ။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us