3rd December, 2019

နိုဝင်ဘာလအတွင်းမှာ လျှောက်ထားမှုအများဆုံးအလုပ်အကိုင် ၁၀ ခု

“အချိန်ကိုက်ညီမှုဆိုတာ အမြဲကိုအရေးပါပါတယ်။ အရမ်းစောလွန်းသွားရင်လည်း ဘယ်သူမှလိုက်မမီနိုင်သလို အရမ်းနောက်ကျသွားရင်လည်း အကုန်လုံးမေ့သွားနိုင်တယ်” လို့ ဖက်ရှင်နဲ့ Lifestyle မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ Anna Wintour ကပြောဖူးပါတယ်။ အဲဒီလိုပဲ အလုပ်အသစ်ရှာဖွေရာနဲ့ လျှောက်ထားရာမှာလည်း အချိန်ကိုက်ညီမှုဟာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ လတ်တလောမှာ အလုပ်အသစ်ရှာဖွေနေတယ်ဆိုလျှင် ဒါမှမဟုတ် အလုပ်အကိုင်ဈေးကွက်ထဲမှာ ခေါ်ယူနေတဲ့အလုပ်တွေကို အချိန်နဲ့အမျှသိရှိနေမယ်ဆိုလျှင် နောက်တဆင့်တက်လှမ်းမယ့် ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းအတွက် အခွင့်အလမ်းကောင်းတွေကိုသေချာပေါက် လွဲချော်သွားမှာမဟုတ်ပါဘူး။ နောက်ကိုယ်လျှောက်ထားချင်တဲ့ ဒါမှမဟုတ် လုပ်ကိုင်လိုတဲ့အလုပ်တွေခေါ်ယူနေတဲ့အချိန်ကို လွတ်သွားတယ်ဆိုတာမျိုး ကြုံတွေ့ရမှာမဟုတ်ပါဘူး။

အခုဆိုရင် ၂၀၁၉ ခုနှစ်ရဲ့နှစ်ကုန်ပိုင်းကိုဝင်ရောက်လာပြီဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့နိုင်ငံတော်တော်များများရဲ့ အားလပ်ရက်ရာသီရောက်လာတယ်လို့လည်း ပြောလို့ရပါတယ်။ နှစ်ကုန်ပိုင်းဖြစ်တဲ့နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ပိတ်ရက်တွေများစွာရှိတယ်ဆိုပေမဲ့ ကုမ္ပဏီတွေကနေ အလုပ်ခေါ်ယူမှုတွေလျော့ကျမသွားသလို အလုပ်ရှာဖွေနေသူတွေအနေနဲ့လည်း အလုပ်လျှောက်ထားမှုတွေကို ဆက်လက်ပြုလုပ်နေကြပါတယ်။ အခုနိုဝင်ဘာလအတွင်းမှာ အလုပ်ရှာဖွေသူအများစု လျှောက်ထားမှုအများဆုံးပြုလုပ်နေတဲ့ ထိပ်တန်းအလုပ်အကိုင်ကဏ္ဍ ၁၀ ခုကိုဖော်ပြလိုက်ပါတယ်။

  1. Accounting/Finance
  2. Sales/Business Development
  3. Engineering/Technical
  4. Administrative
  5. IT Hardware/Software
  6. HR/Training and Recruitment
  7. Marketing/Media/Creative
  8. Customer Service/Support
  9. Management
  10. Manufacturing/Warehouse

၂၀၁၉ ခုနှစ်ရဲ့နှစ်ကုန်ပိုင်းကိုဝင်ရောက်လာတဲ့ နိုဝင်ဘာလမှာဆိုလျှင် စာရင်းကိုင်နဲ့ဘဏ္ဍာရေးအလုပ်အကိုင်ကဏ္ဍဟာ အလုပ်လျှောက်ထားမှုအများဆုံးအဖြစ် ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ မကြာသေးမီက JobNet.com.mm ကပြုလုပ်ထားတဲ့ ၂၀၁၉ ခုနှစ်ရဲ့တတိယသုံးလပတ် အလုပ်အကိုင်ဈေးကွက်အစီရင်ခံစာအရ စာရင်းကိုင်နဲ့ဘဏ္ဍာရေးအလုပ်အကိုင်ကဏ္ဍဟာ လျှောက်ထားမှုအများဆုံးအလုပ်အကိုင်ဖြစ်ရုံသာမက အလုပ်လျှောက်ထားသူအားလုံးပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းဟာ အမျိုးသမီးအလုပ်လျှောက်ထားသူတွေဖြစ်ကြပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်ရေးနဲ့ သိုလှောင်ရုံစီမံခန့်ခွဲမှု လုပ်ငန်းပိုင်းဆိုင်ရာအလုပ်တွေကတော့ အမျိုးသားအများဆုံး လျှောက်ထားတဲ့လုပ်ငန်းအမျိုးအစားဖြစ်ပြီး အဲဒီအလုပ်အမျိုးအစားကလည်း အခုနိုဝင်ဘာလမှာ အလုပ်လျှောက်ထားမှုအများဆုံးအလုပ်အကိုင် ၁၀ ခုစာရင်းထဲမှာ ပါဝင်ပါတယ်။ နှစ်ကုန်ခါနီးမှာ ကျရောက်တော့မယ့် ဒီနှစ်ရဲ့ပွဲတော်မှာ အားလုံးနီးပါးကလက်ဆောင်တွေပြင်ဆင်နေကြပါပြီ။ ဒါဆို သင်လည်း နှစ်သစ်ကူးအလုပ်အသစ်လက်ဆောင်တစ်ခုကို ကိုယ့်အတွက်ကိုယ်ပြင်ဆင်သင့်နေပါပြီ။

ဒီနှစ်ကုန်ပိုင်းမှာ ပိုကောင်းတဲ့အလုပ်အကိုင်အခွင့်အလမ်းရာထူးတစ်ခုကို ကိုယ့်ရဲ့အနာဂတ်အလုပ်အကိုင် လမ်းကြောင်းအတွက် ပြောင်းဖို့ ရည်ရွယ်ထားတယ်ဆိုရင် အခုပဲ JobNet.com.mm မှာစာရင်းသွင်းပြီး ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံတွေနဲ့ ကျွမ်းကျင်မှုအရည်အချင်းတွေကို ပြည့်ပြည့်စုံစုံဖြည့်စွက်ပြီး ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်တွေကို ရွေးချယ်လျှောက်ထားလိုက်ပါ။