5th June, 2020

အလုပ်ရှာဖွေမှုပြုလုပ်နေစဉ် စိတ်ဖိစီးမှုများကင်းဝေးစေရန်

လုပ်ငန်းတွေအကောင်းဆုံးလည်ပတ်နေတဲ့အခြေအနေမှာတောင် အလုပ်အကိုင်ရှာဖွေမှုဟာစိတ်ဖိစီးမှုဖြစ်စေပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး အလုပ်ခေါ်မှုတွေပါးနေတဲ့အချိန်ဆိုရင် ပိုလို့တောင်စိတ်ဖိစီးမှု ဖြစ်ရပါတယ်။ အလုပ်ကောင်းတစ်ခုရဖို့အတွက် အလုပ်ရှာဖွေမှုကိုအဆက်မပြတ်ပြုလုပ်နေတဲ့အချိန်မှာ မိမိကိုယ်ကိုယ်နဲ့ မိမိရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း အချိန်ပေးပြီးဂရုစိုက်သင့်ပါတယ်။

အခုလိုမျိုးခက်ခဲတဲ့အချိန်အတွင်းမှာ အလုပ်အကိုင်ရှာဖွေမှုနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကို ဘယ်လိုမျိုးထပ်တူကျပြီး ကိုက်ညီမှုရှိအောင်ပြုလုပ်မလဲဆိုတာကိုလေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပုံသေစနစ်တစ်ခုကိုဦးတည်ထားပါ

အိမ်မှာနေပြီးအလုပ်ရှာနေတဲ့အချိန်အတွင်းမှာ တစ်နေ့တာအတွက် ဘာတွေလုပ်မလဲဆိုတဲ့အချိန်ဇယားတချို့ကိုပြုလုပ်ခြင်းက တည်ငြိမ်မှုတစ်ခုကိုပေးစွမ်းနိုင်ပါတယ်။ ဥပမာ - ကိုယ့်ရဲ့အခန်းဖော် ဒါမှမဟုတ် အိမ်ထောက်ဘက် ဒါမှမဟုတ် အတူနေမိသားစုနဲ့အတူ ပုံမှန်လုပ်စရာရှိတဲ့အလုပ်တွေကိုသတ်မှတ်ဖို့အတွက် အချိန်ယူပြီးအချိန်ဇယာတစ်ခုပြုလုပ်ပါ။ ကိုယ့်ဘဝမှာ မိမိကိုယ်တိုင်ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့အရာတွေကို ကိုင်တွယ်ထိန်းချုပ်ပါ။ ပြောချင်တာက ကိုယ်ဘယ်အချိန်မှာလေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့အရာက ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရာဖြစ်ပါတယ်။ ပြီးရင် စိတ်တည်ငြိမ်မှုရရှိစေတဲ့လေ့ကျင့်ခန်းတွေကိုလည်း ကြိုးစားပြီးပြုလုပ်ဖို့အကြံဉာဏ်ကောင်းတွေကိုပေးချင်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> အိမ်မှာနေရင်း စိတ်ရောကိုယ်ပါကျန်းမာစေရန်

၂။ အလုပ်ရှာဖွေမှုကိုဆက်လက်ပြုလုပ်ပါ

အလုပ်အကိုင်လမ်းကြောင်းဆိုင်ရာကျွမ်းကျင်သူတွေရဲ့အဆိုအရတော့ အလုပ်အကိုင်ဈေးကွက်ထဲမှာဘယ်လိုပဲ အလုပ်ရပ်ဆိုင်းမှုတွေနဲ့ အလုပ်လက်မဲ့ဖြစ်မှုနှုန်းတွေများနေပါစေ အလုပ်အကိုင်ရှာဖွေမှုကိုဆက်လက်ပြုလုပ်ဖို့က အရေးအကြီးဆုံးပါပဲ။ စီးပွားရေးစိန်ခေါ်မှုတွေကြုံတွေ့ရတဲ့အချိန်ဖြစ်လို့ ကုမ္ပဏီတွေအနေနဲ့စရိတ်ချွေတာမှုတွေ ပြုလုပ်နေရင်တောင် တချို့လုပ်ငန်းနယ်ပယ်တွေမှာတော့ မရှိမဖြစ်လိုအပ်နေတဲ့နေရာတွေအတွက် အလုပ်ခေါ်ယူမှုတွေကိုပြုလုပ်နေကြရပါတယ်။ အဲဒါကြောင့် အလုပ်ရှာဖွေနေသူတွေကိုမှာချင်တာကတော့ အဆက်အပြတ်အလုပ်ရှာဖွေမှုနဲ့ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ပတ်သက်တဲ့နယ်ပယ်ကို ဆက်လက်ချဲ့ထွင်ထားပါ။

ဒါပေမဲ့လည်း အလုပ်ရှာတာတစ်ခုတည်းနဲ့ပဲ အချိန်မကုန်စေပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကကိုယ့်ကိုစိတ်မောစေပါတယ်။ အလုပ်ရှာတဲ့နေရာမှာ ကိုယ်နဲ့တကယ်ကိုက်ညီပြီးအရည်အသွေးကောင်းတဲ့အလုပ်ကိုရှာပါ။ အရေအတွက်များဖို့မလုပ်ပါနဲ့။ အချိန်ပြည့်အလုပ်ရှာဖွေနေရင် ကောင်းမွန်တဲ့အလုပ်ရှာဖွေမှုတစ်ခုဖြစ်မှာမဟုတ်တဲ့အတွက်ကြောင့် စာဖတ်ချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်နဲ့ အခြားသောအလုပ်တွေအတွက်လည်းအချိန်ပေးပါ။

ဆက်လက်ဖတ်ရှုရန် >>> စီးပွားရေးနယ်ပယ်မှာ စိန်ခေါ်မှုများနေချိန်အလုပ်အကိုင်ရှာဖွေမှုအတွက် ဘာတွေပြင်ဆင်ထားရမလဲ

၃။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကို အလွန်အမင်းမစွဲလမ်းပါနဲ့

၂၀၂၀ ခုနှစ်အတွင်းမှာဖြစ်ပွားနေတဲ့ကျန်းမာရေးပြဿနာတွေဟာ လူတိုင်းအပေါ်မှာသက်ရောက်မှုတွေရှိနေပေမဲ့လည်း အဲဒါကြောင့်ဖြစ်ပွားနေတဲ့အရာတွေကိုအသေးစိတ်ကြည့်ပြီး အလွန်အမင်းစွဲလမ်းခြင်းကကျန်းမာတဲ့နေထိုင်မှုပုံစံကို မဖြစ်စေပါဘူး။ အပြင်မှာဖြစ်ပွားနေတဲ့သတင်းတွေကိုသိရှိဖို့လိုပေမဲ့လည်း အလွန်အမင်းစွဲလမ်းပြီး စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ထိခိုက်စရာတော့မလိုပါဘူး။

အဲဒီအစား ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေ ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူတွေကိုအချိန်ပေး ဆက်သွယ်ပြီးတစ်ယောက်နဲ့တစ်ယောက်အားပေးစကားပြောဆိုခြင်းက ကိုယ့်အတွက်လည်းစိတ်သက်သာရစေသလို ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကိုစွဲလမ်းခြင်းကလည်း လျော့ကျသွားစေနိုင်ပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ CV ကိုအကောင်းဆုံးပြင်ဆင်ပြီး ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအသိုင်းအဝိုင်းကိုချဲ့ထားပါ။

ဆက်လက်ဖတ်ရှုရန် >>> အလုပ်အတွေ့အကြုံမရှိတဲ့သူတစ်ယောက်ရဲ့ CV မှာဘာတွေပါဝင်သင့်သလဲ

အခုလတ်တလောမှာ ထိပ်တန်းကုမ္ပဏီကြီးတွေကနေခေါ်ယူနေတဲ့အလုပ်အကိုင်တွေကို သိရှိချင်တယ်ဆိုရင်လည်း JobNet.com.mm မှာစာရင်းပေးသွင်းပြီးဝင်ရောက်လေ့လာနိုင်ပါတယ်။ နောက်ပြီး မိမိရဲ့ JobSeeker Profile ကိုစနစ်တကျဖြည့်စွက်၍ ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်တွေကို လွယ်ကူလျင်မြန်စွာလျှောက်ထားနိုင်ပါတယ်။ JobNet JobSeeker Profile ကိုဘယ်လိုမျိုးပြည့်ပြည့်စုံစုံဖြည့်စွက်ရမလဲဆိုတာကို သိရှိချင်တယ်ဆိုရင် ဒီနေရာမှာ လေ့လာနိုင်ပါတယ်။