MMR
Myanmar
26th July, 2021
အားပေးမှုနဲ့နွေးထွေးမှုကို Email ထဲမှာ ဖော်ပြနိုင်တဲ့နည်း
စီးပွားရေးလုပ်ငန်းသုံးရေးသားပြောဆိုဆက်သွယ်မှု (Business Communications) ဟာဆိုရင် အရေးပါတဲ့အရည်အသွေးတစ်ခုဖြစ်ပါတယ်။ အဲဒါဟာ အလုပ်ရှင်အများစုဟာ အလုပ်လျှောက်သူတွေဆီမှာ ရှာဖွေနေတဲ့အရာပဲဖြစ်ပါတယ်။ Business communications မှာ အရေးကြီးအရာတစ်ခုကတော့ email ရေးသားနည်းပါပဲ။ email ရေးသားတဲ့နေရာမှာ Professional ကျဖို့အပြင် နွေးထွေးမှုနဲ့ဂရုစိုက်မှုကိုဖော်ပြနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ စိန်ခေါ်မှုများစွာကိုကြုံတွေ့နေရတဲ့အချိန်မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်၊ အဖွဲ့သား၊ အထက်လူကြီး၊ Clients တွေဆီကို email နဲ့ရေးသားဆက်သွယ်ရာမှာ နွေးထွေးမှု၊ ဂရုစိုက်မှုနဲ့ အားပေးမှုတွေကိုဖော်ပြနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အဲဒီလိုအပြုအမူတွေကလည်း ကိုယ့်ရဲ့ Professional အရည်အသွေးတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒါကြောင့် email ရေးသားတဲ့နေရာမှာ ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုမျိုးအားပေးမှုနဲ့ နွေးထွေးမှုကိုဖော်ပြမလဲဆိုတာကို ဖောြ်ပပေးလိုက်ပါတယ်။ 1. “I’ve been thinking about you lately because…” E-mail ဒါမှမဟုတ် လက်ဆောင်ကဒ်တစ်ခုမှာ စိတ်ခံစားချက်ကိုဖော်ပြပေးနိုင်တဲ့ အထက်ကစာသားနဲ့စတင်ခြင်းဟာ ကိုယ့်စိတ်ထဲမှာ ဒီစာကိုလက်ခံမယ့်သူကို တကယ်အလေးအနက်ထားပြီး တွေးတောပေးနေတယ်ဆိုတာကို သိသာစေနိုင်ပါတယ်။ ကိုယ်စာရေးသားပေးပို့မယ့်သူတွေကို သူတို့နဲ့ပတ်သက်ပြီးကိုယ်ဘာတွေတွေးနေလဲဆိုတာသိပါစေ။ 2. “How are you feeling?” ကိုယ်ရေးသားထားတဲ့စာရဲ့အစပိုင်းမှာ အားပေးမှုကိုပြသစေနိုင်တဲ့နောက်ထပ်နည်းလမ်းကတော့ စာကိုလက်ခံရရှိမယ့်သူကို အဆင်ပြေလား၊ နေကောင်းလား၊ ဒီနေ့အခြေအနေဘယ်လိုလဲ ဆိုပြီး ရိုးရိုးရှင်းရှင်းလေးမေးလိုက်တာပါပဲ။ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ရင် နေ့စဉ်ပြောနေကြနှုတ်ဆက်စကားလေးတစ်ခုကို စာရေးသားတဲ့နေရာမှာထည့်သုံးလိုက်တာပဲဖြစ်ပါတယ်။ အဲဒါဟာ စာလက်ခံရရှိမယ့်သူကို သူ့စိတ်ထဲမှာဘယ်လိုတွေခံစားနေရသလဲဆိုတာ ပြန်လည်ဆင်ခြင်စဉ်းစားနိုင်စေသလို တုံ့ပြန်မှုတစ်ခုကိုရရှိအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ 3. “I appreciate all the support and guidance you have given me so much because…”
အကယ်၍ ကိုယ့်ကိုယ်ကူညီခဲ့တဲ့လူတစ်ယောက်ဆီကို စာပေးပို့တဲ့အခါမှာလည်း အဲဒီအကူအညီကကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ အပေါ်မှာဖော်ပြထားတဲ့စာသားနဲ့အစချီနိုင်ပါတယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် အထက်လူကြီး ဒါမှမဟုတ် စီးပွားဖက်တွေဆီကို သူနဲ့ပတ်သက်ပြီး ကိုယ်ဘာကြောင့်ကျေးဇူးတင်တာလဲ၊ သူတို့ကြောင့် ကိုယ်ရဲ့ပြဿနာတွေဘယ်လောက်အထိ ဖြေရှင်းသွားမိစေသလဲ ဆိုတာတွေကိုထည့်ပြောနိုင်ပါတယ်။ တစ်ဖက်လူကိုအားပေးနှစ်သိမ့်မှုဖော်ပြတဲ့ကိုယ့်ရဲ့စာမှာ ကျေးဇူးတင်ကြောင်းနဲ့အစပြုခြင်းအားဖြင့် စာကိုလက်ခံရရှိမယ့်သူအနေနဲ့လည်း အလေးထားမှုနဲ့ချစ်မြတ်နှိုးမှုကိုခံစားရနိုင်ပါတယ်။ 4. I’m always here for you အားပေးနှစ်သိမ့်မှုကိုဖော်ပြနိုင်တဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကိုယ့်အနေနဲ့ စာလက်ခံရရှိမယ့်သူကို အမြဲအားပေးနေကြောင်းနဲ့ ကူညီဖို့အဆင်သင့်ရှိနေကြောင်းကို ပြောပြပေးတာပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က ကိုယ့်အတွက်အမြဲအသင့်ရှိနေတယ်ဆိုတဲ့အားပေးမှုဟာ စိတ်ပိုင်းဆိုင်ရာခွန်းအားရရှိစေသလို ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုကိုလည်းဖြစ်စေပါတယ်။ မိတ်ဆွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်ရဲ့ပြဿနာတွေကို ကိုယ်ကဖြေရှင်းပေးလို့မရပေမဲ့လည်း သူ့အတွက်ကိုယ်ကအားပေးမှုတစ်ခုဖြစ်နေကြောင်း သူလိုအပ်တဲ့အခါမှာ တတ်နိုင်သလောက်ကူညီပေးနိုင်ကြောင်းကို ခိုင်မာစွာဖော်ပြခြင်းပဲဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် >>> Email ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့အတိုကောက်စလုံးများ
ဆက်လက်ဖတ်ရှုရန် >>> အီးမေးလ်ထဲမှာ အားပေးမှုနဲ့ဂရုစိုက်မှုကိုဘယ်လိုဖော်ပြမလဲ
Hot Topics
Top Employers
Recent Articles
2025 July- Top 10 Industries and Job Functions with the most Jobs
2025 June- Top 10 Industries and Job Functions with the most Jobs
2025 May- Top 10 Industries and Job Functions with the most Jobs
2025 April- Top 10 Industries and Job Functions with the most Jobs
2025 February- Top 10 Industries and Job Functions with the most Jobs
Follow us