3rd August, 2018

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦးနှင့် တွေ့ဆုံခြင်း-၁

"အလုပ်လိုအပ်ချက်က variety ဖြစ်လာတယ်။ ဥပမာ ခုဆို Digital Media Specialist ရာထူးမျိုးတွေကအစပေါ့နော်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ အိုင်တီသမားလိုလို ဘာလိုလိုနဲ့ နည်းပညာပေါ်မှာ အများကြီးအခြေခံထားတဲ့ဟာမျိုး ဖြစ်လာတယ်"
 

 

လက်ရှိ ပြည်တွင်းနည်းပညာအလုပ်အကိုင်အခွင့်အလမ်းများ၊ နည်းပညာနယ်ပယ်တိုးတက်မှူ အခြေအနေ များနှင့် ပတ်သက်၍ Myanma Computer Company Limited ၏ အမှုဆောင် အရာရှိချုပ် ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးငြိမ်းဦးနှင့် JobNet.com.mm ကတွေ့ဆုံမေးမြန်း ထားသည်များကို လူငယ်များအတွက်ပြန်လည်ဝေမျှပေးလိုက်ပါသည်။

 

မေး။ ။ ၂၀၀၀ ခုနှစ်ကနေ လက်ရှိအချိန်ထိကိုပြန်ကြည့်ရင် ဘယ်ကာလအပိုင်းအခြားမှာ နည်းပညာကဏ္ဍ က သိသိသာသာတိုးတက်လာပါသလဲ။

 

ဖြေ ။ ။ MICT Park တို့ဘာတို့ စတင်ပေါ်ပေါက်အောင်မြင်လာတဲ့ ၂၀၀၀-၂၀၀၁-၂၀၀၂ ကာလတွေမှာ မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍက အတိုင်းအတာတစ်ခုထိ တော်တော်လေး အောင်မြင်တိုးတက်ခဲ့တယ်။ အဲဒီ အချိန်မှာရှိတဲ့ ဘဏ်တွေကလည်း IT စနစ်ကို အသုံးပြုတဲ့အခြေအနေမျိုးထိ ပေါ်ပေါက်လာတယ်။ ဟိုး ယခင်ကလည်း ဌာနဆိုင်ရာတွေမှာ ပုဂ္ဂလိကလုပ်ငန်းတွေမှာ IT အသုံးပြုမှုတွေ ရှိခဲ့သော်ငြားလည်း ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ကာလတစ်လျှောက်ဆိုရင်တော့ ၂၀၀၁-၂၀၀၂ ကာလပတ်ဝန်းကျင်က မြန်မာနိုင်ငံမှာ ICT ကဏ္ဍတော်တော်လေးတိုးတက်ခဲ့တယ်လို့ သုံးသပ်နိုင်ပါတယ်။ အဲ့ဒီကနေ ဆယ်စုနှစ် တစ်ခုလောက် နည်းနည်း လေးပြန်ကျဆင်းသွားတဲ့သဘောရှိတယ်။ ဒါပေမဲ့ ၂၀၁၀-၂၀၁၁ နောက်ပိုင်း ကာလမှာတော့ ပြန်ပြီးတော့ ကျယ်ပြန့်လာတဲ့သဘော တွေ့ရတယ်။ ဒါလည်း ဘယ်လိုတွေ့ရလဲဆိုတော့ နည်းပညာက ပေါင်းကူးလာတယ်။ အရင်တုန်းက ကွန်ပျူတာ IT နည်းပညာလို့ပြောတာကနေ နောက်ပိုင်း communication ပေါ့၊ ဆက်သွယ်ရေး infrastructure တွေပါ ပေါင်းလာတော့ ICT ဆိုပြီးတော့ ဖြစ်လာ တယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ဆိုလို့ရှိရင် ၂၀၁၀ - ၂၀၁၁ နောက်ပိုင်းမှာ ဆက်သွယ် ရေးပိုင်းဆိုင်ရာ infrastructure တွေကလည်း တက်လာတယ်။ Mobile penetration တို့ Digital Service တို့ စသဖြင့် တက်လာတယ်။ ဒီလိုမျိုးလေးတွေတက်လာတော့ Information and Communication Technology ပေါ်မှာ အခြေခံတဲ့ infrastructure တွေ application တွေ product တွေ သက်ဆိုင်ရာ services တွေနဲ့ အသုံးပြုမှုတွေက တော်တော်ကျယ်ပြန့်လာတဲ့သဘောပေါ့။ ၂၀၀၀-၂၀၀၁ ကာလနဲ့ယှဉ် ရင်တော့ တော်တော်လေး တိုးတက်လာတဲ့သဘော ယူဆလို့ရပါတယ်။

 

မေး ။  ။ လက်ရှိပြည်တွင်းမှာ နည်းပညာနဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်း အခြေအနေတွေနဲ့ ပတ်သက်ပြီး သုံသပ်ပေးပါဦးဆရာ

ဖြေ ။ ။ ၂၀၁၁ မှာ Telecom တွေ MNO - (Multi National Organization) တွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း မှာ IT ပညာရှင်တွေအတွက် high demand ဖြစ်လာတယ်။ အဲ့ဒီမတိုင်ခင်တုန်းကတော့ ဘဏ်တွေမှာ လိုတယ်၊ ဟိုတယ်တွေမှာလိုတယ်၊ ကုန်တိုက်တွေမှာလိုတယ်။ အစိုးရဌာနတွေမှာ ခေါ်တာတော့ နည်းတာပေါ့။ အခြားပုဂ္ဂလိကလုပ်ငန်းတွေမှာ လိုတယ်။ အဲဒီတုန်းကတော့ အိုင်တီပညာရှင်လို့ ပြောတဲ့ အခါမှာ ပရိုဂရမ်မာတွေ ၊ Data base ကျွမ်းကျင်တဲ့လူတွေ ၊ Network ကျွမ်းကျင်တဲ့လူတွေ စသဖြင့်ပေါ့ ခေါ်ယူကြတယ်။ လုပ်ငန်းတွေက ICT အသုံးပြုမှုနည်းပါးသေးတယ်၊ Business တွေကလည်း survival အတွက် လုပ်နေရတဲ့အချိန်မှာ ICT ဘတ်ဂျတ်ကို အရမ်းမသုံးနိုင်ဘူး။ Full set up လုပ်ဖို့ခက်တယ်၊ ဆာဗာတွေထောင်ဖို့ခက်တယ်။ ကျွမ်းကျင်တဲ့ အိုင်တီဝန်ထမ်းတွေကိုလည်း ထိုက်ထိုက်လျောက်လျောက် လခပေးပြီး ခန့်ထားဖို့ ခက်ခဲတဲ့ အခါမှာ အဆင် ပြေသလောက်ပဲ ခေါ်ကြတာပေါ့။ ဒီလိုမျိုးလေးတွေ တွေ့ရတယ်။ ၂၀၁၁ onward မှာကျတော့ နည်းနည်း ပြောင်းသွားတယ်။ Telecom တွေပေါ်လာတယ်၊ MNO တွေလည်း အတော်အသင့် ဝင်ရောက်လာတဲ့အခါမှာ အဲဒီလုပ်ငန်းတွေကတော့ အိုင်တီသမားတွေ၊ အိုင်တီနဲ့ ဆက်စပ်တဲ့ ပတ်သက်လုပ်ငန်းတွေကို လုပ်ဖို့လူတွေကို demand က နည်းနည်းလေးမြင့် လာတယ်။ မြင့်လာတော့ ပြည်တွင်းမှာရှိတဲ့ အိုင်တီကျွမ်းကျင်တဲ့လူငယ်တွေ အလုပ်ဝင်ရောက်ကြတဲ့ အနေ အထားမျိုးကနေ အခြားနိုင်ငံကိုရောက်နေတဲ့ ဥပမာ စင်ကာပူ၊ မလေးရှား၊ ဘန် ကောက်ကို ရောက်နေတဲ့ သက်ဆိုင်ရာအလုပ်ကလူငယ်တွေပါ ပြန်ရောက်လာပြီးတော့ ဝင်ရောက်လုပ်ကိုင် နေကြတာ တွေ့ရတယ်။ ဥပမာ Telecom တွေမှာဆိုရင် ဒီလိုလူငယ်တွေ အများကြီးတွေ့ရတယ်။ ဆိုလိုတဲ့ သဘောက ၂၀၁၁ နောက်ပိုင်းမှာ demand မြင့်လာတယ်။ မြင့်လာတဲ့အခါမှာ နှစ်ခု ဖြစ်လာတယ်။ Track ကလည်း variety ဖြစ်လာတယ်။ အရင်တုန်းကတော့ ဆော့ဖ်ဝဲသမား၊ network သမား၊ programming၊ Database ဒီလိုဟာလောက်ပဲ ခေါင်းစဉ်တပ်လို့ရတာပေါ့။ ခုကျတော့ အလုပ်လိုအပ်ချက်က ပြန့်ထွက်လာတယ်။ ဥပမာ ခုဆို Digital Media Specialist ရာထူးမျိုးတွေကအစပေါ့နော်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ အိုင်တီသမားလိုလို ဘာလိုလိုနဲ့ နည်းပညာပေါ်မှာ အများကြီးအခြေခံထားတဲ့ ရာထူးမျိုးတွေ ဖြစ်လာတယ်။

 

မေး ။ ။ IT Field ထဲမှာ လက်ရှိ အလုပ်အကိုင်ခေါ်ယူမှု အခြေအနေကရော ဘယ်လိုရှိသလဲဆရာ

 

ဖြေ ။ ။ အလုပ်ခေါ်ယူမှုလိုအပ်ချက်ကလည်း များလာတယ်။ Skill Requirement တွေ မြင့်လာတယ်။ ဟိုးအရင်တုန်းကတော့ ကွန်ပျူတာဘွဲ့လောက်နဲ့၊ သင့်တင့်တဲ့ ကျွမ်းကျင်မှု ဗဟုသုတရှိရုံနဲ့ ဒီအလုပ်ကို ဝင်လုပ်လို့ရတယ်။ လုပ်နေတဲ့လူတွေလည်းရှိတယ်။ နောက်ပိုင်းကျတော့ Multi National Organization လိုမျိုးကျတော့ ကျွမ်းကျင်ရုံနဲ့မရဘူး၊ သူနဲ့ထိုက်သင့်တဲ့ relevant ဖြစ်တဲ့ Qualification တွေ Certification တွေ demand လုပ်လာတာရှိတယ်။ Highly demand ဆိုတဲ့အခါမှာ နှစ်မျိုးပေါ့။ အလုပ် vacancy အတွက် demand ဖြစ်လာသလို Skills နဲ့ Knowledge နဲ့ Experience အတွက်လည်း demand ဖြစ်လာ တာမျိုးရှိတယ်။ Telco တွေ MNO တွေမှာ IT Executive လို ရာထူးမျိုး အလုပ်ဝင်ရောက်မယ်ဆိုရင် ဘာတွေရှိဖို့ လိုလာလဲဆိုတော့ International Qualification တွေရှိဖို့လိုလာတယ်။ လုပ်ငန်းမှာသုံးတဲ့ Vendor ပေါ်မှာ အခြေခံတဲ့ Vendor Specific Qualification တွေပေါ့၊ ဥပမာ မိုက်ခရိုဆော့ဖ်တို့ Oracle တို့ Cisco တို့ Job Experience တို့ ဒါမျိုးတွေ တောင်းဆိုလာတာ ရှိလာတယ်။ လူငယ်တွေအနေနဲ့ကတော့ ကိုယ်ပြင်ဆင်လေ့ လာရမယ့်ဟာတွေ ပြောင်းဖို့လိုလာမယ်၊ ထပ်တိုးလာရမှာပေါ့။ International Working Practice တွေ လေ့လာဖို့လိုလာတယ်။ နောက်ပြီးတော့ Communication Skills တွေ၊ Language Skills တွေ အများကြီးလိုလာတယ်။ ပြောမယ်ဆိုရင်၂၀၁၁ ရှေ့ပိုင်းနဲ့ ၂၀၁၁ နောက်ပိုင်းမှာ အိုင်တီနဲ့ ဆက်စပ်ပတ်သက်တဲ့ အလုပ်လိုအပ်ချက်တွေ highly demand ဖြစ်လာတယ်။ Skills တို့ Requirement တို့လည်း နည်းနည်းလေး မြင့်လာတယ်။ ပေးတဲ့ Benefits ကလည်း မြင့်လာတယ်။

 

မေး ။ ။ ပြည်တွင်းမှာ လောလောဆယ် ကုမ္ပဏီကြီးတွေက ခေါ်ယူနေတဲ့ နည်းပညာအလုပ်အကိုင် ရာထူးတွေက ဘယ်လို ရာထူးအသစ်တွေပေါ်လာတာ ဆရာ့အနေနဲ့သတိထားမိပါသလဲ

 

ဖြေ ။ ။ ခုနပြောသလို Telenor, Ooredoo စသဖြင့်ပေါ့နော်။ နောက်အခြားသော Invest လာလုပ်တဲ့ company တွေရှိတယ်။ ဆိုတော့ အဲဒီမှာ ကျွန်တော်တွေ့တာပေါ့နော် IT နဲ့ပတ်သက်တဲ့ဟာကျတော့ အဲဒီလိုလုပ်ငန်းကြီးတွေမှာ ကျတော့ Programmer ခေါ်ယူတာကျတော့ ကျွန်တော်တို့သိသလောက်တော့ နည်းတယ်။ Programmer သိပ်မခေါ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကတကယ့် software တွေ system တွေက တကယ် banner တွေဝယ်တယ် local developer တွေဆီကယူပြီးတော့သုံးတာမျိုး ဖြစ်တဲ့အတွက် MNO ကြီးတစ်ခုက Junior programmer လိုသည်ဆိုတဲ့ဟာကတော့ နည်းနည်းတွေ့ရခဲ့တယ်။ ဒါပေမဲ့ ဘာတွေတွေ့ရလဲဆိုတော့ System administration လုပ်မယ့်သူ Network administration လုပ်မယ့်သူ database administration လုပ်မယ့်သူ ဒီလိုမျိုးတွေပေါ့ communication experts တွေ အဲလိုရာထူးမျိုးတွေခေါ်တာတွေ့ရတယ်။ ယခင်ကဆို Bank တွေတောင်မှ in-house development လုပ်တာမျိုးဆိုတော့ အဲဒီတုန်းကတော့ programmer တွေခေါ်ခဲ့တာရှိပေမယ့် အခု ဘဏ်တွေကလည်းခေါ်ရင် programmer ခေါ်တာမျိုးနည်းနည်းလေးရှားသွားပြီ။ ရာထူးအသစ်တွေ digital experts ဘာညာပေါ့ ဒီလိုမျိုးတွေနဲ့ တွေ့လာမယ်။ ပြီးတော့ နောက်ပိုင်းဘာတော့ ထပ်ဖြစ်လာလည်းဆိုတော့ ပြောင်းလဲတဲ့နည်းပညာအရ ဘဏ်ကလည်း Traditional banking processes တွေအစား Fintech တွေသုံးပြီးတော့ သွားလာတာဖြစ်တော့ Financial technology တွေနဲ့လိုက်လျောညီထွေဖြစ်မယ့် ရာထူးတာဝန်တွေကို ခေါ်ယူတာလည်း ကျွန်တော်တို့ တွေ့ရတယ်။ နောက်ပိုင်း Technology advance manager အခုဆို Apps နဲ့ပတ်သက်တဲ့ဟာတွေ ဒီလိုမျိုးတွေပေါ့နော် ဒါကတော့ ဟိုးယခင် လွန်ခဲ့တဲ့ ၅ နှစ် ၁၀ နှစ်မှာ မတွေ့ရဘူး။ အခုမှတွေ့လာရတဲ့ ရာထူးတွေပေါ့။ ဥပမာ ကျွန်တော်ဆိုရင် အရင်ကစာလည်းသင်တယ် database တို့ဘာတို့သင်တော့ DBA post လိုဟာမျိုးတွေပေါ့ ဒါမျိုးတွေလည်း အခုစခေါ်လာတာကို တွေ့ရတယ်။ အရင်ကတော့ local organization ထဲမှာ DBA လိုမျိုးခေါ်တာနည်းနည်းလေးရှားတာပေါ့နော်။ ဒါပေမဲ့ ခုနကကျွန်တော်ပြောထားတဲ့ တစ်ချက်အတိုင်းပဲ ဒါတွေက နည်းနည်းလေး demand က အလုပ်ခေါ်တဲ့ ရာခိုင်နှုန်း demand အပြင် အနောက်ကလိုတဲ့ skill နဲ့ knowledge နဲ့ အဲ့လိုအပ်ချက်ကလည်း မြင့်လာတာတွေ့ရတယ်။ ပြောရမယ်ဆိုရင် ယခင်က သိပ်မကြုံဖူးတဲ့ မရှိဖူးတဲ့ မတွေ့ဖူးတဲ့ ရာထူးမျိုးအသစ်အဆန်းလေးတွေ ကျွန်တော်တို့ ခေါ်လာတာများတယ်လို့ ပြောချင်ပါတယ်။

 

မေး။ ။ အခုအနေအထားအရ နည်းပညာနဲ့ပတ်သတ်တဲ့အလုပ်အကိုင်တွေမှာ ပြည်ပနဲ့ လက်ရှိပြည်တွင်းက ပေးနေတဲ့လစာတအားကြီး မကွာတဲ့အတွက် ပြည်ပရောက်နေတဲ့မြန်မာတွေပြန်လာရင်သူတို့အတွက် ဘာတွေအားသာချက်တွေရှိနိုင်မလဲ

ဖြေ ။ ။ ဘာတွေအားသာလဲဆိုတော့ စင်ကာပူ၊ မလေးရှား၊ ထိုင်းလိုနိုင်ငံမှာ အိုင်တီနည်းပညာကို ကိုယ့်ရဲ့ experience ပေါ့ ကိုယ့်ရဲ့ expertise ကို International Working Practice နဲ့အတူ ဆောင်ရွက်လုပ်ကိုင်ခဲ့တဲ့လူက Exposure များတယ်။ နိုင်ငံခြားအဖွဲ့အစည်းတွေကို ရောက်ပြီးပြီ၊ နိုင်ငံတကာမှာလည်း ၃ နှစ် - ၅ နှစ် အတွေ့အကြုံရှိတယ်။ တကယ်လည်း International Working Practice တွေ နားလည်တယ်၊ တကယ်လည်း Expertise ရှိတဲ့လူကျတော့ သော့ဖွင့်ပြီး တစ်ခါတည်း မောင်းထွက်သွားလို့ရတဲ့ပုံစံပေါ့။ သူ့အတွက်လည်း benefit ရှိတယ်၊ ခေါ်ယူထားတဲ့ လုပ်ငန်းအတွက်လည်း benefit ရှိတယ်။ ကိုယ်က Career မြင့်မြင့်မားမားမှန်းတယ်ဆိုရင်တော့ International Exposure လည်းလိုတယ်။ International Working Credit မှာ adopted ဖြစ်ဖို့လိုတယ်။

ဆက်ရန်…..
လူငယ်များအတွက် သိသင့်သိထိုက်သည့် နည်းပညာနှင့်အလုပ်အကိုင် ဗဟုသုတများ မျှဝေပေးသည့် ဆရာ ဦးငြိမ်းဦးအား JobNet မှ အထူးကျေးဇူးတင်ရှိပါသည်။
တွေ့ဆုံမေးမြန်းသူ - ဆုရည်မိုး

သင်နဲ့သင့်တော်မယ့် နည်းပညာအလုပ်အကိုင်အခွင့်အလမ်းတွေကို ဒီလင့်လေးမှာ ၀င်ရောက်လျှောက်ထားနိုင်ပါတယ်။

English version below

Interview with U Nyein Oo, Vice President of MCPA - Part 1

JobNet.com.mm had an interview with U Nyein Oo, a Vice President of Myanmar Computer Professionals Association as well as a CEO of MCC Company, about occupations and improvements in the technology sector of Myanmar at the present. It is shared for youths who want to develop their careers in technology field.

 

When we look back on the years from 2000 to now, since when technology sectors in Myanmar has considerably improved?

 

Myanmar Information and Communication Park (MICT Park) was opened on 2002. From 2000 to 2002 the Information and Communication Technology considerably developed in Myanmar to some extent. At that time, banks in Myanmar widely used IT system. Although IT system had been used in some government agencies and companies before 2000, it was widely used and developed around 2001, as far as I am concerned. Then, the progresses slowed down for a decade. Since 2010, technology advances have emerged again because of extensive technology. Previously, it was called Computer and Information Technology, but, now advanced technologies are using in communication infrastructures, so, it is called Information and Communications Technology (ICT). Later since 2010, communication infrastructures, mobile-phone penetration, digital service, etc., have been widely popular in Myanmar. So, the uses of infrastructures, applications, products and services based on ICT have increased more than the uses in 2000-2001.                                                                                                                                                                                                                                 


What do you think the job opportunities about technology in Myanmar?


As telecom companies and multinational organizations (MNO) have come out in Myanmar since 2011, IT technicians have been in great demand. Before, they worked for banks, hotels, supermarkets and other private companies. Government organizations offered IT jobs but there were few vacancies. At that time, IT technicians were offered for the posts such as programmer, database specialists, network technicians, etc. And, businesses rarely used ICT and were not able to spend their budget on ICT: they could not afford to set up network servers and to hire skilled technicians because they were struggling to survive. In 2011, there were some changes in IT industry. When telecom companies and multinational organizations (MNO) entered into Myanmar, IT jobs became high demand jobs. Now, there are good opportunities for young IT technicians in Myanmar. Besides, those who worked in other countries like Singapore, Malaysia and Bangkok are coming back to Myanmar and working here. You can see this in telecom companies, for example. In short, although there were only software technicians, network technicians, programming technicians and database technicians previously, there is variety of jobs related to IT currently. For example, Digital Media Specialist position concerns digital technology.

Could you tell us your opinion on the current employments in the IT industry?

The employments in the IT industry are increasing and a lot of skills are required. Non computer science graduates who have respectable knowledge and skills about IT and technology were employed as IT technicians before. Later on, multinational organizations are looking for those who have not only skills and experiences but also relevant certificates about IT and technology. IT jobs are in high demand in Myanmar. This means two things: demand for the number of employees and demand for the skills and knowledge. If you work as an IT Executive at telecom companies or multinational organizations, you need to have international qualifications depending on the demands of the organization that you will enter. For example, they will ask you certificates from Oracle or Cisco and your job experiences. Young people need to do many preparations for their careers. They need to have international working practices, communication skills and language skills. Since 2010, IT jobs have been in demand in Myanmar and benefits getting from the jobs are better than before.

What kinds of new IT and technology positions do you think are being currently offered by companies in Myanmar?

 

In Myanmar, there are some investment companies like Telenor, Ooredoo, etc. In that kind of companies, programmer positions are rarely offered because they buy software, systems from banners and local developers. Therefore, a multinational organization rarely hires junior programmers. But, they offer the posts like system administrator, network administrator, database administrator, and communication expert. Banks hired programmers before as they developed the required business tools or applications by themselves. Now, they rarely employ programmers. And, according to technological changes, banks are using financial technologies instead of traditional banking processes, so, they are offering new positions adapting to those technologies like digital expert. Now, we can see Technology Advance Manager Position relating to building Apps which could not be seen last 10 years. And, Database Administrator posts can be seen now but they were rarely offered by local organizations before. Briefly, new IT and technology job positions have become available and more skills and knowledge are in demand.


At the present, salaries offered by technology companies from foreign countries are not very different from those from Myanmar. So, what benefits will Myanmar working for technology companies in foreign countries get if they come back to Myanmar?

 

There are some benefits for the people who have worked in other countries like Singapore, Malaysia and Thailand having international working experiences and practices. If you have international work experiences about 3 to 5 years, understand international working practices and have technology expertise, there will be mutual benefits for you and the organization you will work for. Having international working experiences and Being able to adopt international working practices can make your progress up the career ladder.

 

To be continued…