Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Loan Officer (ချေးငွေအရာရှိ)

Early Dawn Microfinance
Kamaryut | Yangon
Verified This job has been verified by the company as a real job vacancy.
12 Aug 2025
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Loan Officer (ချေးငွေအရာရှိ)
Early Dawn Microfinance, Kamaryut | Yangon

Loan Officer (ချေးငွေအရာရှိ)

Early Dawn Microfinance

Loan Officer (ချေးငွေအရာရှိ)

Early Dawn Microfinance
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Entry Level

Job Function

Customer Service, Support

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

A Fantastic Opportunity for ...

၁။ လုပ်ငန်းစျေးကွက်ဖော်ဆောင်ရေးနှင့် ငွေချေးမည့်သူများ စုဆောင်းရရှိရေးတာဝန်များ

  • လုပ်ငန်းနေရာသစ်များ သတ်မှတ်ဖော်ထုတ်၍ လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း
  • ချေးငွေရယူရန် အလားအလာရှိသူများထံသွားရောက်၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း
  • လုပ်ငန်းအစည်းအဝေးများ ကျင်းပခြင်းနှင့် အဖွဲ့များဖွဲ့စည်းခြင်း
  • အဖွဲ့ဝင်များအားလုံးအတွက် မဖြစ်မနေတက်ရောက်ရမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များဆိုင်ရာသင်တန်းများ ပြုလုပ်ခြင်း
  • စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြားခြင်းနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်း
  • ငွေချေးသူများ၏ ကိုယ်ရေးအချက်အလက်ပုံစံများကို အပြည့်အဝတိကျမှန်ကန်စွာ ဖြည့်သွင်းခြင်းနှင့် လိုအပ်သော အထောက်အထားများ စုဆောင်းထားရှိခြင်း
  • ငွေချေးသူ၏ နေအိမ်သို့သွားရောက်၍ ၎င်းပေးအပ်ထားသည့် အိမ်ထောင်စုပိုင်ဆိုင်ပစ္စည်းစာရင်း အသေး စိတ်ကို စစ်ဆေးခြင်း
  • လုပ်ငန်းအကောင်အထည် ဖော်ဆောင်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ အစည်းအဝေးများ သတ်မှတ် ထားသည့်အတိုင်း အပြည့်အဝကျင်းပနိုင်ရန် ဆောင်ရွက်ခြင်း
  • လက်ရှိမူဝါဒအရ သတ်မှတ်ရက်နှင့်အချိန်တွင် ငွေချေးသူများ မှန်မှန်တက်ရောက်ရန် ဆောင်ရွက်ခြင်း
  • အစည်းအဝေးတွင် အဖွဲ့များ၏ စာရင်းမှတ်တမ်းများကို နောက်ဆုံးအခြေအနေထိ မှတ်တမ်း ရေးသွင်းခြင်း

၂။ ငွေချေးသူများနှင့် ချေးငွေစီမံခန့်ခွဲမှုတာဝန်များ

  • ချေးငွေရယူလိုသူများအား စိစစ်ရွေးချယ်ခြင်း
  • ချေးငွေလျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များကို စိစစ်ခြင်းနှင့်လိုအပ်ချက်များ ဖြည့်စွက် နိုင်ရန်ကူညီပေးခြင်း
  • ချေးငွေလျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များနှင့် ပတ်သတ်၍တွေ့ဆုံမေးမြန်းခြင်း
  • လုပ်ငန်းဒေသသို့ သွားရောက်ကြည့်ရှုခြင်းနှင့် ထောက်ခံမည့်သူများမှတဆင့် စစ်ဆေးခြင်း
  • လုပ်ငန်း၏ငွေသားစီးဆင်းမှုနှင့် ချေးငွေပြန်ဆပ်နိုင်မှု အလားအလာ ဆန်းစစ်လေ့လာခြင်း
  • ချေးငွေထုတ်ပေးရေးအတွက် အထောက်အထားများ စုဆောင်းခြင်းနှင့် စစ်ဆေးခြင်း
  • ချေးငွေထုတ်ပေးပြီး ၂လ အတွင်း ချေးငွေအသုံးပြုမှုကိုစစ်ဆေးခြင်း
  • လုပ်ငန်းကို ပိုမိုထိန်းကွပ်နိုင်ရေးအတွက် ငွေချေးသူများအား စောင့်ကြည့်စစ်ဆေးမှုပြုလုပ်ခြင်း
  • ငွေချေးသူများအား ဆွဲဆောင်ထိန်းသိမ်းထားနိုင်ရန်နှင့် နှုတ်ထွက်မှုများနည်းပါးစေရန်ဆောင်ရွက်ခြင်း
  • ငွေချေးယူသူများ၏ မေးမြန်းစုံစမ်းခြင်းများနှင့် မကျေနပ်တိုင်တန်းချက်များကို မဆိုင်းမတွဖြေရှင်းပေးခြင်း
  • ထုတ်ချေးငွေစုစုပေါင်းနှင့်ပတ်သတ်၍ စီမံခန့်ခွဲခြင်း
  • လုပ်ငန်းအစီအစဉ်တိုးတက်စေရန် ငွေချေးယူသူများ၊ ဒေသခံများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်း

၃။ မှတ်တမ်းထားရှိခြင်းနှင့် လုပ်ငန်းစဉ်များ လိုက်နာဆောင်ရွက်ရေးတာဝန်များ

  • ငွေချေးယူသူများနှင့်ပက်သတ်သည့် အထောက်အထားများကို စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့် အညီ ထိန်းသိမ်းထားရှိခြင်း
  • သက်ဆိုင်ရာဌာနခွဲ၏ မန်နေဂျာ၊ ငွေကိုင်နှင့်စာရင်းကိုင်တို့ ပုံမှန်စစ်ဆေးချက်များနှင့်အတူ ငွေချေးယူသူ တစ်ဦးချင်း၏ လယ်ဂျာများကိုအချိန်နှင့် တပြေးညီထိန်းသိမ်းထားရှိခြင်း
  • လုပ်ငန်းဒေသနှင့် ပတ်သတ်သည့်ကိစ္စရပ်များကို ဌာနခွဲမန်နေဂျာနှင့်အတူ ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးခြင်း
  • အပ်နှံငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နေ့စဉ်အပ်နှံမှုစနစ်ဖြင့် လိုက်နာဆောင်ရွက်ခြင်း

Open To

Male/Female

Job Requirements

ဗဟန်း၊ အ‌ရှေ့ဒဂုံ၊ သာကေတ၊ မင်္ဂလာတောင်ညွှန့်၊ ခရမ်း၊ လှည်းကူး၊ အင်းစိန်၊ ပဲခူး-(၁၊၂)၊ သနပ်ပင်၊ ကျောက်တံခါး၊ လက်ပံတန်း၊ တောင်ငူ၊ ရမည်းသင်း၊ မော်လမြိုင်-(၁၊၂)၊ မုဒုံ၊  လယ်‌ဝေး၊ မိတ္ထီလာ စသည့် နေရာများတွင်  ချေးငွေအရာရှိ ရာထူး (၂၂) နေရာစာအတွက် ခေါ်ယူနေပါသည်။

  • တက္ကသိုလ်တစ်ခုခုမှဘွဲ့ (သို့မဟုတ်) မည်သည့်လုပ်ငန်းတွင်မဆို လုပ်ငန်းအတွေ့အကြုံ(၆)လရှိပါက ဘွဲ့မရရှိသူများလည်း လျှောက်ထားနိုင်ပါသည်။
  • ဘွဲ့ရဖြစ်ပါကလုပ်ငန်းအတွေ့အကြုံမရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။
  • မှတ်တမ်းထိန်းသိမ်းခြင်းနှင့်ကိန်းဂဏာန်း၊စာရင်းဇယားကျွမ်းကျင်သူ။
  • ဆက်သွယ်ပြောဆိုမှုစွမ်းရည် ကောင်းမွန်သူဖြစ်ရမည်။
  • လုပ်ငန်းဆောင်ရွက်ရန်အတွက် ခြေလျင်၊ ဘတ်စ်ကား၊ မော်တော်ဆိုင်ကယ် စသည်တို့ဖြင့် သွားလာနိုင်သူ ဖြစ်ရမည်။
  • စီမံကိန်းရှိသည့် နေရာဒေသမရွေး သွားလာနိုင်ရမည်။

What We Can Offer

Benefits

- လစဥ် ဖုန်းဘေလ် (၁၀,၀၀၀)ကျပ်
- Incentive ခံစားခွင့်
- နေထိုင်စရိတ်ထောက်ပံ့ကြေး(၅၀,၀၀၀)ကျပ်
- အသက်အာမခံ

Highlights

- ပြောဆို ဆက်ဆံနိုင်မှု စွမ်းရည်
- အသင်းအဖွဲ့နှင့် လုပ်ဆောင်နိုင်မှု စွမ်းရည်

Career Opportunities

- လိုအပ်သည့် သင်တန်းများ စီစဥ်ပေးခြင်း
- အလုပ်ခွင်တွင် ကျွမ်းကျင်မှု အသစ်များလေ့လာနိုင်ခြင်း
- ရာထူးတိုးရန် အခွင့်အရေး ရရှိခြင်း