ဘယ်သူမဆိုအလုပ်အသစ်ရဲ့ ပထမ ဆုံးအလုပ်တက်ရတဲ့နေ့ရက်တွေမှာအနည်း
နဲ့အများ စိတ်လှုပ်ရှားပြီး ကြောက်စိတ်ဝင် တတ်ကြပါတယ်။ ကိုယ့်ရဲ့အဆင့်အတန်း နဲ့လိုက်ပြီး
ဘယ်လိုဝတ်စားသင့်သလဲ၊ ဘာ တွေလုပ်သင့်သလဲဆိုတာကို စဉ်းစားပြီး စိတ်လှုပ်ရှားတတ်ပါတယ်။
ကိုယ့်ဘက်က တော့အကောင်းဆုံးထင်မြင်ချက်တွေ၊ အကောင်းဆုံးလှုပ်ရှားမှုတွေကိုရချင်ကြတာ ထုံးစံပါပဲ။
ဒါပေမဲ့ ဘယ်လိုစလုပ်ရမလဲ ဆိုတာတော့ မစဉ်းစားမိကြပါဘူး။
အလုပ်အကိုင်အသစ်ကို အကြောင်း အမျိုးမျိုးနဲ့ ပြောင်းရွေ့ကြပါတယ်။
တချို့ တွေအတွက် ပိုမိုကောင်းမွန်တဲ့အခွင့်အ လမ်းအတွက်အလုပ်အကိုင်အသစ်ကို ပြောင်းရွေ့ကြသလို၊
တချို့တွေအတွက် လက်ရှိအလုပ်မှာအဆင်မပြေလို့ အလုပ် သစ်ကိုစွန့်ခွာကြသူတွေလည်းမနည်းပါဘူး။
ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့ အလုပ် ဟောင်းကိုစွန့်ခွာလာကြပေမဲ့ အလုပ်သစ် မှာတော့ သတိထားရမယ့်၊
သတိပြုရမယ့် အချက်တွေရှိပါတယ်။ အလုပ်အသစ်မှာ လိုက်နာသင့်တဲ့အချက်တွေထဲမှာ ဒီအ ချက်တွေလည်းပါမယ်လို့ယုံကြည်ပါတယ်။
ဘယ်လိုအချက်တွေကအလုပ်အသစ်မှာသတိထားသင့်သလဲ။ အလုပ်အ ဟောင်းမှာ
ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုအကြောင်းအရင်းတွေရှိခဲ့ရှိခဲ့ အလုပ်အသစ်မှာစိတ်သစ်လူသစ်နဲ့
ဒီအ ချက်တွေကို သတိထားမယ်ဆိုရင် အောင် မြင်ပျော်ရွငှ်တဲ့ ဝန်ထမ်းကောင်းတစ် ယောက်ဖြစ်လာမှာ
အသေအချာပါပဲ။
စမတ်ကျကျဝတ်စားဆင်ယင်ပါ
တောင်းမှာအကွပ်၊ လူမှာအဝတ်’ဆို
တဲ့စကားပုံရှိပါတယ်။ သူ့နေရာနဲ့သူလိုက် လျောညီထွေတဲ့အဝတ်အစားဝတ်စားဆင် ယင်တတ်ဖို့လိုပါတယ်။
ကိုယ်ရဲ့ရာထူး အဆင့်အတန်းနဲ့ကိုက်ညီမှုရှိတဲ့ဝတ်စားဆင် ယင်မှုကိုပြုတတ်ဖို့လိုပါတယ်။
သပ်သပ်ရပ် ရပ်၊ စမတ်ကျကျဝတ်စားတတ်သူတစ်ဦးက လုပ်ငန်းခွင်မှာ လူအများရဲ့ယုံကြည်မှုကို
ပိုမိုတိုးပွားစေပါတယ်။
အလုပ်အသစ်ရဲ့ပထမဆုံးအလုပ် နေ့ရက်တွေမှာ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှု
သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ကအဓိကပါ။ အလုပ်ခွင်မှာ လူတစ်ယောက်ရဲ့ဝတ်စား ဆင်ယင်မှုကိုကြည့်ပြီး
ယုံကြည်မှုကိုတိုင်း တာတတ်လို့ပါပဲ။
များများနားထောင်ပါ
အလုပ်အသစ်ဆိုတာ ကိုယ်မကျွမ်း ကျင်သေးတဲ့ နယ်မြေတစ်ခုပါပဲ။
ကိုယ်မ ကျွမ်းကျင်သေးတဲ့ နယ်မြေတစ်ခုမှာ လေ့ လာစရာအသစ်တွေ၊ အတွေ့အကြုံ အသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေအများ
ကြီးတွေ့ရနိုင်ပါတယ်။ ဒါကြောင့် များများ နားထောင်ပါ။ လုပ်ငန်းခွင်အတွင်းမှာ လည်းနားစွင့်ထားပါ၊
အားလပ်ချိန်၊ ကော် ဖီသောက်ချိန်မှာလည်း နားထောင်ပါ။ အစည်းအဝေးခန်းမအတွင်းမှာလည်း နား
ထောင်ပါ။ ကုမ္ပဏီတိုင်းမှာ သူ့ရဲ့အလေ့ အထတွေ၊ စည်းမျဉ်းစည်းကမ်းတွေရှိပါ တယ်။ သူတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေ၊
မူ ဝါဒတွေ၊ သတ်မှတ်ချက်တွေကိုလေ့လာ ပါ။ အလုပ်အသစ်မှာ ဝန်ထမ်းအသစ် တစ်ယောက်အနေနဲ့နည်းနည်းပြောပြီး
များများနားထောင်ပါ။ ကိုယ့်ရဲ့စီနီယာတွေ ရဲ့စကားတွေ၊ အကြီးအကဲတွေရဲ့စကား တွေကိုနားထောင်ပြီး
သူတို့ရဲ့လုပ်ငန်းပတ် ဝန်းကျင်အကြောင်းကို သိအောင်လေ့လာ ဖို့အတွက် ကိုယ့်မှာတစ်ပတ်လောက်တော့
အချိန်ယူနိုင်ပါတယ်။
မေးခွန်းများများမေးပါ
လူတိုင်းလူတိုင်းအလုပ်အသစ်ဝင် တဲ့အခါ ဘယ်လောက်ပင်ကျွမ်းကျင်တဲ့
အလုပ်ဖြစ်စေကာဦးတော့၊ လုပ်နည်းလုပ် ဟန်တွေကွဲပြားခြားနားတာမို့ တစ်ခါတ လေမှာ ကိုယ့်ဘက်ကမရှင်းလင်းတာတွေ
ကိုမေးမြန်းပြီးမှလုပ်သင့်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကိုဖြစ်စေ၊ ကိုယ့်ရဲ့အလုပ်
ရှင်ကိုဖြစ်စေ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းမေးရမှာကိုမရှက်ပါနဲ့။ မေးခွန်းမေးတာက
အလုပ်မှာကိုယ့်ရဲ့ စိတ်အားတက်ြွကမှုရယ်၊ စိတ်ဝင်စားမှုရယ် ကိုပြသတာပဲဖြစ်ပါတယ်။ ဒါကြောင့်အ
လုပ်သစ်မှာ မေးခွန်းများများမေးရမှာကို မကြောက်ပါနဲ့။ မေးခွန်းများများမေးပါ။ မေးခွန်းများစွာအတွက်
အဖြေများကအ ဆင်သင့်ရှိနေပါလိမ့်မယ်။
ကိုယ့်ရဲ့ကိုယ်ပိုင်ဘ၀ကို အိမ်မှာထားခဲ့ပါ
ကိုယ့်ရဲ့ကိုယ်ပိုင်ဘ၀ကို အလုပ်ကို သယ်မလာဖို့အရေးကြီးပါတယ်။
အလုပ် သစ်စဝင်တဲ့ပထမပတ်မှာ ကိုယ့်အပေါ် ထင်မြင်ချက်တွေက ကောင်းမွန်ဖို့အရေး ကြီးပါတယ်။
ဝန်ထမ်းအသစ်တစ်ယောက် ကို ဌာနအကြီးအကဲကရော၊ အလုပ်ရှင် ကရော၊ လုပ်ဖော်ကိုင်ဖက်တွေကပါ
လေ့လာအကဲခတ်ကြမှာဖြစ်ပါတယ်။ အလုပ်ခွင်မှာကိုယ့်ရဲ့ပါစင်နယ်ဖုန်း တွေသုံးတာ၊ လူမှုကွန်ရက်ဝက်ဆိုက်
တစ်ခုခုကိုအသုံးပြုနေတာ၊ ကိုယ်ရေးကိုယ် တာအီးမေးလ်တွေအသုံးပြုနေတာ စတာ တွေက ကိုယ့်ရဲ့ပုံရိပ်ကိုထိခိုက်နိုင်တယ်ဆို
တာသတိပြုစေလိုပါတယ်။ အလုပ်စဝင်တဲ့ လူတစ်ယောက်က အစစအရာရာသတိ ထားသင့်ပါတယ်။
နောက်မကျပါနဲ့
အလုပ်အသစ်၊ ပတ်ဝန်းကျင်အသစ် မှာပထမဆုံး ကိုယ်ကအလုပ်နောက်ကျနေ
မယ်ဆိုရင် ကိုယ့်ရဲ့အထက်လူကြီးပေးမယ့် အမှတ်က ကိုယ့်အတွက်အခြေအနေမ ကောင်းနိုင်ပါဘူး။
ပထမဆုံးအလုပ်စဝင် ကတည်းက နောက်ကျနေတဲ့လူတစ် ယောက်က နောက်ပိုင်းမှာလည်း နောက် ကျဖို့က
ရာခိုင်နှုန်းပိုများနေပါပြီ။ အောင် မြင်မှုရဲ့သော့ချက်တစ်ခုက အချိန်တိကျ တာလည်းပါဝင်ပါတယ်။
အလုပ်မှာအချိန်တိကျတာကလည်း ကိုယ့်အပေါ်မှာ ကောင်းမွန်တဲ့အမြင်ကို
ဖြစ်စေပါတယ်။ ကိုယ့်ရဲ့အချိန်တိကျမှုက အလုပ်အပေါ်မှာကိုယ့်ရဲ့စိတ်အားထက်သန် မှုနဲ့ စိတ်ပါဝင်စားမှုကိုပြစေတဲ့အချက်တစ်
ခုလည်းဖြစ်စေပါတယ်။ အလုပ်စဝင်က တည်းကကိုယ်ကအချိန်တိကျတယ်၊နောက် မကျဘူးဆိုတဲ့အချက်ကို
ကိုယ့်ရဲ့အကြီး အကဲသိမြင်လာအောင်ကြိုးစားသင့်ပါ တယ်။
ဖော်ရွေစွာပြောဆိုဆက်ဆံပါ
အလုပ်သစ်စဝင်တဲ့လူတစ်ယောက် အနေနဲ့ ကိုယ့်လုပ်ငန်းခွင်မှာရှိတဲ့လူအား
လုံးကိုအသိမိတ်ဆွေဖွဲ့ဖို့၊ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့စတင်ရမှာဖြစ်ပါတယ်။ အဲဒီ အခါမှာ
နှစ်လိုဖွယ်အမူအရာနဲ့ ဖော်ဖော် ရွေရွေပြောဆိုဆက်ဆံဖို့အရေးကြီးပါ တယ်။ ဒီအချက်ကသာမန်ပါပဲ၊
အရေးမ ကြီးပါဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ပထမဆုံးလုပ်ငန်းခွင်မှာစတင်ဆုံ
ဆည်းရတဲ့အခါ သူ့တို့ရဲ့ကိုယ့်အပေါ်မှတ် ချက်ကအရေးကြီးပါတယ်။ စစတွေ့က တည်းက ဒီလူကမာရေကျောရေရှိတယ်။
ပေါင်းရသင်းရခက်မယ့်ပုံပဲဆိုတာမျိုးမှတ် ချက်ပြုသွားပြီဆိုရင် ကိုယ့်လိုလူသစ်တစ် ယောက်ကို
ကူညီချင်သူနည်းသွားပါလိမ့် မယ်။
ဒါကြောင့်ပြုံးပါ။ အားလုံးနဲ့စတင် မိတ်ဆက်တဲ့အခါနှစ်နှစ်ကာကာပြုံးတာက
လူအများရဲ့ခင်မင်မှုကို အလွယ်တကူရရှိ နိုင်ပါတယ်။ အပြုံးဆိုတာလူတိုင်းအတွက် အခမဲ့ပေးထားတဲ့
လက်ဆောင်တစ်ခုပါ။ အဲဒါကိုအသုံးချပါ။ လုပ်ငန်းခွင်မှာကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုနဲ့
သူတစ်ပါးကို အသိ အမှတ်ပြုတတ်ဖို့အရေးကြီးပါတယ်။ မာန ကြီးတစ်ခွဲသားနဲ့ ဘယ်သူ့ကိုမှမတူသလို
မတန်သလိုဆက်ဆံတာက ကိုယ့်အတွက် အကျိုးမရှိနိုင်ပါဘူး။ ဘယ်လိုအခြေအနေ မျိုးမှာပဲဖြစ်ဖြစ်
အဆင့်အတန်းမခွဲခြားဘဲ အားလုံးနဲ့အဆင်ပြေအောင်ပေါင်းသင်း ဆက်ဆံနိုင်တာက ကိုယ့်အတွက်ကံ
ကောင်းစေမယ့်နည်းလမ်းတစ်ခုပါပဲ။
Credit: The Opportunity Journal
Credit:ကျော့ကေခိုင်