13th September, 2021

သင့်ရဲ့ Cover Letter ရေးသားရာမှာ ရှောင်ကြဉ်ရမယ့် အချက် (၅)ချက်

Cover Letter ဆိုသည်မှာ အနာဂတ်အလုပ်ရှင်ကို မိမိအကြောင်း မိတ်ဆက်ပေးခြင်းနဲ့တူပါတယ်၊ Cover Letter ဟာကိုယ့်ကို အထင်ကြီးသွားစေမယ့် ပထမဆုံးအခွင့်အလမ်းဖြစ်ပါတယ်။ မိမိသည် မည်သူဖြစ်ကြောင်းနှင့် မိမိသည်အလုပ်အတွက် မည်သို့သင့်တော်ကြောင်းကို ဖော်ပြပါတယ်။ ဒါကြောင့် Cover Letter ရေးဖို့စီစဉ်တဲ့အခါမှာ ရှောင်ကြဉ်ရမယ့် ပညာရှိစကားအချို့ရှိပါတယ်။

ကိုယ့်ရဲ့ cover letter မှာ အသုံးပြုတဲ့ စကားလုံးအသုံးအနှုန်းက မိမိရဲ့ပြိုင်ဘက်ဆီကနေခွဲခြားနိုင်ပါတယ်။ အခြားသူများအနေနဲ့  ခေတ်ဆန်သော စကားအသုံးအနှုန်းများနှင့် (ဗန်းစကား)၊ ပုံမှန်အသုံးပြုနေကျဖြစ်သော မန်နေဂျာများက သဘောကျသည့်အသုံးအနှုန်းများကို အသုံးပြုနိုင်သော်လည်း၊ မိမိသည် မည်သည့်အခန်းကဏ္ဍနှင့် ကိုက်ညီကြောင်းကို တတ်ကြွစွာလုပ်ဆောင်လိုသော စကားလုံးများဖြင့် အသုံးပြုနိုင်ပါတယ်။

 

အောက်တွင် cover letter ရေးရာမှာ အသုံးမပြုသင့်သည့် စကားလုံး(5)လုံး၊ စကားစုများနှင့် မည်သို့စဉ်းစားပြီးရေးရန်ကို ဖော်ပြပေးလိုက်ပါတယ်။

 

1. ‘To whom it may concern’

ထိုသို့သုံးနှုန်းခြင်းသည် “Dear Sir or Madam” ကဲ့သို့သောအသုံးအနှုန်း၊ ရင်းနှီးဖော်ရွေမှုမရှိသော၊ ခေတ်မမီသော နှုတ်ခွန်းဆက်စကားဖြစ်သည်။ စာရေးရန် အမည်အတိအကျကို မရှာနိုင်ပါက “Dear hiring manager” သို့မဟုတ် “Dear recruitment manager” ကဲ့သို့သော အလုပ်ရာထူးကို အသုံးပြုတာ ပိုကောင်းပါတယ်။

 

2. ‘I believe’

Cover letter ဟာ မိမိသည် ဒီအလုပ်အတွက် ဘာကြောင့်အသင့်တော်ဆုံးဖြစ်လည်းဆိုတာကို ပြောပြရန်အကောင်းဆုံး အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည့်စိတ်ချရသော စကားလုံးများနှင့် အားကောင်းသော စကားလုံးများကိုအသုံးပြုပြီး၊ မိမိရဲ့သက်ဆိုင်ရာကျွမ်းကျင်မှု နှင့် အတွေ့အကြုံကို ပေါ်လွင်စေသောစကားလုံးများကို အသုံးပြုပါ။

 

“I believe I'm a strong communicator” ဆိုတဲ့စကားစုက မိမိသည်ဒီအကြောင်းအရာကိုသာ တွေးတဲ့သူတစ်ယောက်ဆိုတာကို ထင်မြင်စေနိုင်ပါတယ်။ မိမိရဲ့ အမှန်တရားကိုသာ ထောက်ခံတဲ့ ဥပမာတွေကို သုံးတာပိုကောင်းပါတယ်။ ဥပမာအားဖြင့် “I exceeded my budget by x percent”, “I managed a department of ten people”, သို့မဟုတ် “I created a marketing campaign that increased sales by xxx”။ ဒါကမိမိရဲ့ကျွမ်းကျင်မှုကိုတွက်ချက်ဖို့အတွက် ဝန်ထမ်းသစ်ရှာဖွေသူ တစ်ယောက်ကခွင့်ပြုပါတယ်။

 

3. ‘Dynamic’

ဒါက ဗန်းစကားတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတစ်ခုအတွက် မိမိကဘာတွေလုပ်ဆောင်နိုင်လည်းဆိုတာကို ရည်ညွှန်းပါတယ်။ 

 

 ‘dynamic’ ဖြစ်နေမယ့်အစား မိမိဟာလိုက်လျောညီထွေစွာ ပြောင်းလဲလုပ်ဆောင်နိုင်ကြောင်းကို ဥပမာထည့်ပေးခြင်းက ပိုကောင်းပါတယ်။ လိုက်လျောညီထွေမှုရှိခြင်းသည် တန်ဖိုးရှိသော ကျွမ်းကျင်မှုတစ်ခုဖြစ်သော်လည်း “I’m adaptable” ဟုပြောမနေဘဲ ဥပမာများဖြင့်ပြပါ။

 

ဗန်းစကားများအစား ကုမ္ပဏီအတွင်းအလုပ်ထဲ၌ အသုံးပြုသော အဓိကစကားလုံးများဖြင့် အစားထိုးအသုံးပြုရန် အကြံပြုလိုပါတယ်။ အလုပ်ကြော်ငြာကို သေသေချာချာဖတ်ပါ၊ မိမိရဲ့ကျွမ်းကျင်မှုနှင့် သက်ဆိုင်ရာ စကားလုံးများကိုခွဲခြားပြီး မိမိနှင့်မည်သို့ဆက်စပ်မှုရှိသည်ဆိုတာကို cover letter တွင်ထည့်ပါ။

 

4. ‘Dependable’

အလုပ်ရှင်များသည် ယေဘုယျအားဖြင့် အလုပ်လုပ်ကိုင်သူများကို ယုံကြည့်စိတ်ချရသည်ဟု ယူဆတာကြောင့် ထိုအကြောင်းအရာကို ထည့်ရေးရန် မလိုအပ်ပါ။

 

မိမိလျှောက်ထားသည့် အလုပ်အကိုင်နှင့် သက်ဆိုင်သောကျွမ်းကျင်မှုများအတွက် ‘dependable’, ‘reliable’ သို့မဟုတ် ‘loyal’ ကဲ့သို့သော အခြေခံအရည်အချင်းများ ပါဝင်ပါတယ်။ ဥပမာအားဖြင့် မိမိသည် အဖွဲ့တစ်ခုတွင် ပါဝင်သည်ဟုဖော်ပြပါက၊ မိမိရဲ့ ပူးပေါင်းလုပ်ဆောင်မှုအတွေ့အကြုံအကြောင်း ဥပမာအနေဖြင့် ထည့်ရေးပါ။

 

5. ‘Salary’

မိမိရဲ့ cover letter တွင် လစာကို ဖော်ပြခြင်းသည် ညှိနှိုင်းရန်အခွင့်အလမ်းကို ကန့်သတ်စေနိုင်တာကြောင့် မထည့်ပါနှင့်။ မိမိရဲ့မျှော်မှန်းလစာကို ထည့်မရေးပါနှင့်၊ ဒါဟာ အလုပ်ရှင်ရဲ့ ဘတ်ဂျက်နှင့်မကိုက်ညီနိုင်ပါဘူး။ ကိုယ့်ကိုကိုယ် ရောင်းသည့်သဘောဖြစ်နိုင်တာကြောင့် “salary negotiable” ဟုရေးသားခြင်းကို ရှောင်သင့်ပါတယ်။ Cover letter ရေးသားရာတွင် လစာကိုဖော်ပြရန်အချိန်မဟုတ်သေးတာကြောင့် အင်တာဗျူးသည့်အချိန်မှသာ ဖော်ပြနိုင်ပါတယ်။