1st November, 2019

အောက်တိုဘာလအတွင်းမှာ လျှောက်ထားမှုအများဆုံးအလုပ်အကိုင်များ

အလုပ်အကိုင်ဈေးကွက်နဲ့ပတ်သက်ပြီး သိထားရမယ့်အချက်အလက်တစ်ခုကတော့ လတ်တလောအလုပ်အကိုင်ဈေးကွက်ထဲမှာ ကိုယ့်နည်းတူ အလုပ်အကိုင်ရှာဖွေသူတွေအနေနဲ့ ဘယ်လိုအလုပ်အကိုင်မျိုးတွေကို လျှောက်ထားမှုအများဆုံးဖြစ်နေသလဲ ဆိုတာပါပဲ။ အလုပ်အကိုင်ကဏ္ဍအလိုက် ကွဲပြားမှုတွေရှိတယ်ဆိုပေမဲ့လည်း ယေဘုယျအားဖြင့် အလုပ်ရှာဖွေသူအများစု စိတ်ဝင်စားတဲ့အလုပ်အကိုင်တွေဟာ ကောင်းမွန်တဲ့လစာ၊ အခြားအကျိုးခံစားခွင့်တွေ၊ အလုပ်အကိုင်လမ်းကြောင်းကို တိုးတက်စေတဲ့အလုပ်၊ သွားလာရလွယ်ကူတဲ့အလုပ်နေရာ၊ ကိုယ်ပိုင်ဘဝကို ဟန်ချက်ညီမျှစေနိုင်တဲ့အလုပ်ချိန် အစရှိတာတွေကို ကြည့်ပြီးဆုံးဖြတ်တတ်ကြပါတယ်။

အဲဒီအပြင် အချိန်ရာသီဟာ အလုပ်ရှာဖွေလျှောက်ထားမှုမှာ အကျိုးသက်ရောက်မှုတွေအများကြီး ရှိပါတယ်။ ဒါဟာ ဘယ်လိုမျိုးအလုပ်အကိုင်ရှာဖွေနေသလဲဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့အလုပ်အကိုင်ရှာဖွေမှုကို အဆင်ပြေချောမွေ့အောင်ပြုလုပ်ပေးနိုင်သလို နှောင့်နှေးအောင်လည်းလုပ်နိုင်ပါတယ်။ လတိုင်းလတိုင်းဟာ အလုပ်အကိုင်ရှာဖွေသူအတွက် မတူညီတဲ့စိန်ခေါ်မှုတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပေးစွမ်းနိုင်ပါတယ်။ အခုဆိုရင် ၂၀၁၉ ခုနှစ်ရဲ့နှစ်ကုန်ပိုင်းကိုရောက်ဖို့ အချိန်တွေနီးလာပြီဆိုပေမဲ့ ဈေးကွက်အတွင်းမှာ အလုပ်ခေါ်ယူမှုတွေနဲ့ လျှောက်ထားမှုတွေဟာ မလျော့ကျသေးပါဘူး။ အခုအောက်တိုဘာလဟာဆိုရင် အလုပ်လျှောက်ထားမှုများတဲ့လတွေထဲက တစ်လ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးနှစ်အသစ်က အောက်တိုဘာလမှာ ပြန်စတဲ့အတွက်ကြောင့် အခုဆိုရင်ကုမ္ပဏီတွေဟာ အလုပ်ခေါ်ယူမှုအတွက်သုံးစွဲမယ့်ငွေကြေးတွေကို လျာထားပြီးဖြစ်တဲ့အပြင် အလုပ်ခေါ်ယူမှုတွေကို စတင်ပြုလုပ်နိုင်ပါပြီ။ နောက်ပြီး အချို့ကုမ္ပဏီတွေ အထူးသဖြင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေဟာဆိုရင် Gregorian ပြက္ခဒိန်ရဲ့ နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်မရောက်ခင်မှာ သူတို့ရဲ့အလုပ်ခေါ်ယူမှုတွေကို ပြီးစီးအောင်ပြုလုပ်ချင်တဲ့အတွက်ကြောင့် အောက်တိုဘာလဟာဆိုရင် အလုပ်လျှောက်ထားသူတွေအတွက် အလုပ်လျှောက်ထားဖို့ အကောင်းဆုံးလဖြစ်ပါတယ်။

တကယ်လို့မြန်း ကိုယ့်အနေနဲ့ ဒီဘဏ္ဍာရေးနှစ်ရဲ့ပထမလအတွင်းမှာ အလုပ်ရှာဖို့အတွက် အစီအစဉ်ဆွဲထားတယ်ဆိုရင် ကိုယ့်ရဲ့အချိန်တွေကို အကျိုးရှိစွာအသုံးချနိုင်ဖို့နဲ့ ကြိုးစားအားထုတ်မှုတွေကို ပိုပြီးအားကောင်းအောင်လို့ ဒီလအတွင်းအလုပ်အကိုင်ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို သိထားဖို့လိုပါတယ်။ အဲဒါကြောင့် JobNet.com.mm အချက်အလက်တွေအရ အခုအောက်တိုဘာလအတွင်းမှာလျှောက်ထားမှုအများဆုံး အလုပ်အကိုင် ၁၀ ခု ကိုဖော်ပြပေးလိုက်ပါ။

  1. Accounting/Finance
  2. Sales/Business Development
  3. Administrative
  4. Engineering/Technical
  5. Marketing/Media/Creative
  6. IT Hardware/Software
  7. HR/Training and Recruitment
  8. Customer Service/Support
  9. Manufacturing/Warehouse
  10. Logistics/Distribution/Fleet

အခုဆိုရင် အလုပ်အကိုင်ဈေးကွက်ထဲမှာ လျှောက်ထားမှုအများဆုံးအလုပ်အကိုင်တွေကို သိရှိလိုက်ရပြီဆိုတော့ ကိုယ့်ရဲ့အနာဂတ်အလုပ်အကိုင်လမ်းကြောင်းတစ်ခုတည်ဆောက်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်မယ့် JobNet.com.mm မှာ Register ပြုလုပ်ပြီး ကိုယ့်ရဲ့ Job-Seeker Profile မှာ လုပ်ငန်းအတွေ့အကြုံတွေနဲ့ အရည်အချင်းတွေကို ပြည့်စုံစွာဖြည့်စွက်ထားလိုက်ပါ။ ပြီးလျှင် ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်အကိုင်တွေကို Click တစ်ချက်နှိပ်ရုံနဲ့ လျှင်မြန်စွာလျှောက်ထားနိုင်ပါတယ်။