3rd January, 2020

နှစ်သစ်အတွက် CV အသစ်ရေးမယ်ဆိုလျှင် မှတ်ထားသင့်တဲ့အချက် ၄ ချက်

နှစ်သစ်ကိုရောက်ပြီဆိုတော့ အလုပ်အကိုင်သစ်ရှာဖွေဖို့ပဲဖြစ်ဖြစ် တခြားကိုယ်ရေးကိုယ်တာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ CV ကိုအသစ်ပြန်လည်ဖြည့်စွက်ဖို့ ဒီထက်ပိုကောင်းတဲ့အချိန်ဆိုတာမရှိတော့ပါဘူး။ အဲဒီအပြင် တိတိကျကျနဲ့အားကောင်းအောင် အသစ်ပြန်လည်ဖြည့်စွက်ထားတဲ့ CV တစ်ခုဟာ ကိုယ်ရေးကိုယ်တာအတွက်ရော အလုပ်အကိုင်လမ်းကြောင်းအတွက်ပါ မရှိမဖြစ်အနေနဲ့ကိုယ့်ဆီမှာ အချိန်တိုင်းရှိထားသင့်ပါတယ်။

အလုပ်အကိုင်ခေါ်ယူနေသူတွေနဲ့ CV ရာပေါင်းများစွာကိုလက်ခံရရှိတဲ့အတွက်ကြောင့် CV တစ်စောင်ကိုဖတ်ရှုဖို့ဆိုလျှင် အချိန်အများကြီးမပေးနိုင်ပါဘူး။ အမြဲတမ်းလိုလိုပြိုင်ဆိုင်မှုပြင်းထန်နေပြီး အထူးသဖြင့် အရည်အချင်းရှိသူတွေကို အလျင်အမြန်လိုအပ်နေတဲ့ခေတ်ကြီးထဲမှာ အလုပ်လျှောက်ထားသူတစ်ယောက်အနေနဲ့ မိမိပြောချင်တဲ့အကြောင်းအရာကို အလုပ်ခေါ်ယူနေသူတွေဆီကို ထိထိမိမိအရောက်ပို့နိုင်ဖို့အရေးကြီးသလို ကိုယ့်ရဲ့အရည်အချင်းနဲ့ကျွမ်းကျင်မှုတွေဟာ သူတို့ရှာဖွေနေတဲ့အရာတွေဖြစ်တယ်ဆိုတာကိုလည်း ဆွဲဆောင်ပြောဆိုနိုင်ဖို့လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် အလုပ်ခေါ်ယူနေသူတွေဟာ CV တစ်စောင်ကို အချိန်နှစ်မိနစ်နှုန်းပဲအချိန်ပေးပြီး ဖတ်ပါတယ်။ အဲဒါကြောင့်လည်း အလုပ်လျှောက်ထားသူတစ်ယောက်မှာ သပ်သပ်ရပ်ရပ်နဲ့အမြဲတမ်းသစ်လွင်ပြီး အထင်ကြီးလေးစားစရာကောင်းတဲ့ CV မျိုးရှိဖို့က အရမ်းကိုအရေးကြီးပါတယ်။ အဲဒါဆို နှစ်သစ်ရဲ့အလုပ်အကိုင်ရှာဖွေမှုမှာ အခြားသူတွေထက်အသာစီးရစေဖို့အတွက် ကိုယ့်ရဲ့ CV ကို ဘယ်လိုတွေထပ်မံဖြည့်စွက်ပြီး ပိုကောင်းအောင်လုပ်မလဲဆိုတဲ့အချက် ၄ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လက်ရှိအလုပ်အကိုင်အချက်အလက်တွေကို ထပ်မံဖြည့်စွက်ပါ

နှစ်တစ်နှစ်ကုန်သွားပြီးတိုင်းမှာ အဲဒီနှစ်အတောအတွင်း ကိုယ်အောင်မြင်အောင်ပြုလုပ်ခဲ့တဲ့အရာတွေနဲ့ ကိုယ်ဆောင်ရွက်ခဲ့ရတဲ့အလုပ်တာဝန်အသစ်တွေကို ကိုယ့်ရဲ့ CV ထဲမှာထင်ဟပ်နေအောင် ဖော်ပြပေးပါ။ လုပ်ဆောင်ခဲ့တဲ့အရာတွေကိုဖော်ပြတဲ့အခါမှာ သူ့ရဲ့အချိန်ကာလအတိုင်းဖြစ်အောင်လို့ ကိုယ်ရေးသားလိုက်တဲ့အရာတိုင်းကို ဂရုစိုက်ပါ။ ခုနှစ်တွေပြောင်းလဲသွားတဲ့အတွက်ကြောင့် ဥပမာ ၂၀၁၉ ကနေ ၂၀၂၀ ကိုပြောင်းသွားတဲ့အခါမှာ အရင်ကလုပ်ငန်းအတွေ့အကြုံ ၂ နှစ်ပဲရှိပေမဲ့ အခု ၃ နှစ်ဖြစ်သွားပါတယ်။ အဲဒီလိုမျိုး ကိန်းဂဏန်းတွေကိုလည်း ပြောင်းလဲဖို့မမေ့ပါနဲ့။

တကယ်လို့ ကိုယ်ကအလုပ်အသည်းအသန်ရှာဖွေနေသူတစ်ယောက် မဟုတ်ခဲ့ဘူးဆိုလျှင် ကိုယ့်ရဲ့ CV မှာ လက်ရှိလုပ်ငန်းရာထူးနဲ့ အလုပ်အကိုင်တာဝန်တွေကို ထပ်မံမဖြည့်စွက်ရသေးတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒါဆိုရင်တော့ တစ်နှစ်အတွင်းမှာ ပြီးစီးအောင်မြင်အောင်အဓိကလုပ်ဆောင်ခဲ့တဲ့အရာတွေအပါအဝင် ကိုယ်လုပ်ဆောင်ရတဲ့အရာတွေအားလုံးကို အသေးစိတ်ဖြည့်စွက်ပြီး CV ထဲမှာထည့်ပါ။ နောက် ၁ နှစ် ၂ နှစ်လောက်ကြာမှ အဲဒီအတွေ့အကြုံတွေကို ကိုယ့်ရဲ့ CV ထဲမှာဖြည့်စွက်တာထက် အခုလိုမျိုးလုပ်ငန်းအတွေ့အကြုံတွေလတ်ဆတ်နေတဲ့အချိန်မှာ ဖြည့်စွက်တာကပိုပြီးကောင်းပါတယ်။

၂။ တတ်မြောက်ခဲ့တဲ့ကျွမ်းကျင်မှုတွေနဲ့ အောင်မြင်မှုတွေကို စာရင်းပြုစုပါ

အရင် CV မှာ ဖြည့်ခဲ့တဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို တစ်ချက်ပြန်ကြည့်ပါ။ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ကိုယ်လေ့လာသင်ယူခဲ့ရတဲ့အရာအသစ်တွေကို ပြန်လည်ဆန်းစစ်ပြီး အဲဒါတွေကိုကိုယ့်ရဲ့ CV ထဲမှာအသစ်ထပ်မံဖြည့်စွက်ပါ။ ဆော့ဖ်ဝဲလ်ပရိုဂရမ်အသစ်တစ်ခုကို သင်ယူခဲ့သလား။ လေ့လာသင်ယူခဲ့တဲ့အရာအတွက် အသိအမှတ်ပြုလက်မှတ်တစ်ခု ရခဲ့သလား။ အခြားအပိုင်းတစ်ခုခုမှာ ဆုတွေ၊ အသိအမှတ်ပြုလက်မှတ်တွေရခဲ့တယ်ဆိုလျှင် အဲဒါတွေကိုလည်း ထပ်မံဖြည့်စွက်ပေးပါ။ ကိုယ့်ရဲ့ CV ကို ကိုယ့်အလုပ်အကိုင်လမ်းကြောင်းတစ်လျှောက် မှတ်တမ်းတင်ရုပ်ပုံတစ်ခုအဖြစ်မှတ်ယူပြီး ကိုယ်လက်ရှိရောက်နေတဲ့နေရာမှာ ရရှိခဲ့တဲ့အောင်မြင်မှုတွေကိုပြန်လည်စဉ်းစားပြီး အဲဒါတွေကိုအောင်မြင်မှုအဖြစ်ပြန်လည် အသုံးချပါ။

ရရှိခဲ့တဲ့အသိအမှတ်ပြုလက်မှတ်အသစ်တွေနဲ့ သက်ဆိုင်ရာလုပ်ငန်းအတွက် ကိုက်ညီတဲ့အရည်အချင်းအသစ်တွေကို ကိုယ့်ရဲ့ CV မှာပြန်လည်ထည့်သွင်းဖို့မမေ့ပါနဲ့။ အဲဒါတွေဖြည့်သွင်းပြီးသွားပြီဆိုလျှင်တော့ CV ထဲမှာ ကိုယ်နဲ့မကိုက်ညီတော့တဲ့အရာတွေကို ဖြုတ်လို့ရမရကိုတစ်ချက်စစ်ဆေးပေးပါ။

၃။ CV ပုံစံကိုပြောင်းလဲပေးပါ

ကိုယ့်ရဲ့ CV ပုံစံကို လူရော ကွန်ပျူတာစနစ်တစ်ခုဖြစ်တဲ့ AI (Artificial Intelligence)ရော လွယ်လွယ်ကူကူဖတ်ရှုစစ်ဆေးလို့ရအောင် ရှင်းလင်းပြတ်သားစွာရေးသားဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ ကိုယ့်ရဲ့ CV မှာ သိပ်ပြီးအပြောင်းအလဲမရှိဘူးလို့ထင်တယ်ဆိုလျှင် CV ပုံစံကိုအနည်းငယ်ပြောင်းလဲဖို့စဉ်းစားပါ။ ဥပမာ - စာပိုဒ်လိုက်ရေးထားတာတွေကို အချက်တစ်ချက်ချင်းစီ Bullet Point တွေနဲ့ဖော်ပြတာမျိုး၊ ခေါင်းစဉ်တွေတတ်တာမျိုး၊ အလုပ်အကိုင်ရာထူးတွေဖော်ပြထားမျိုး၊ အပိုင်းတစ်ခုချင်းစီအတွက်ဖြော်ပချက်တွေကို သိသာအောင်ဖော်ပြတာမျိုး၊ နံပါတ်တွေကို ကိန်းဂဏန်းတွေနဲ့ဖော်ပြတာမျိုး အစရှိတာတွေကိုပြောင်းလဲပေးပါ။ ကိုယ်ရွေးချယ်ထားတဲ့ပုံစံကို ကိုယ့်ရဲ့ CV တစ်ခုလုံးမှာ တစ်သတ်မတ်တည်းဖြစ်အောင်နဲ့ ဖတ်ရှုမယ့်သူဘယ်သူမဆို ကျိုးကြောင်းဆီလျော်အောင်နားလည်လွယ်အောင်လို့ ပြုလုပ်ထားရပါမယ်။

တကယ်လိုမြန်း ကိုယ်က ဖက်ရှင်နဲ့ဂရပ်ဖစ်ဒီဇိုင်းဖန်တီးမှုတွေပြုလုပ်ရတဲ့ Creative နယ်ပယ်ကလာတယ်ဆိုလျှင် ကိုယ့်ရဲ့ CV ဟာ အမြင်အားဖြင့်ဆွဲဆောင်မှုရှိအောင်ပြုလုပ်သင့်ပါတယ်။ အဲဒီနယ်ပယ်ကအလုပ်လျှောက်ထားသူတွေ မှတ်ထားရမယ့်အချက်ကတော့ CV ထဲမှာကိုယ်ပြုလုပ်ခဲ့တဲ့ဒီဇိုင်း Portfolio တွေကိုသိမ်းဆည်းထားတဲ့လင့်ခ်တွေကို ဖော်ပြပေးပါ။ အဓိကတော့ CV တစ်စောင်ဟာ ရိုးရှင်းတဲ့စကားလုံးပုံစံ၊ သင့်တော်တဲ့ခေါင်းစဉ်တွေနဲ့ ရှင်းလင်းတိကျပြီး စနစ်ကျတဲ့ပုံစံတစ်ခုဖြစ်ဖို့ပါပဲ။

၎။ အွန်လိုင်းမှာလည်း CV ကိုအသစ်ပြန်လည်ဖြည့်စွက်ပေးပါ

ကိုယ့်ရဲ့ CV ကိုအပြင်မှာအသစ်ပြန်လည်ဖြည့်စွက်ပြီးလျှင် လုပ်ငန်းပိုင်းအတွေ့အကြုံတွေကို ပြသထားနိုင်တဲ့ဒစ်ဂျစ်တယ်ဝက်ဘ်ဆိုက်တွေမှာလည်း ကိုယ့်ရဲ့လက်ရှိအလုပ်အကိုင်တွေအကြောင်းကို အသစ်ဖြည့်သွင်းထားပါ။ တကယ်လို့မြန်း JobNet.com.mm လိုမျိုးအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တွေကို အသုံးပြုတယ်ဆိုလျှင် အဲဒီမှာကိုယ့်ရဲ့အလုပ်အကိုင်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဖြည့်စွက်ခြင်းအားဖြင့် အချိန်အနည်းငယ်အတွင်းမှာ လတ်တလောအလုပ်အကိုင်ခေါ်ယူနေသူတွေဆီကို ကိုယ့်ရဲ့ CV ရောက်ရှိဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အလုပ်ခေါ်ယူနေသူတွေဟာလည်း အဲဒီလိုမျိုးအလုပ်အကိုင်ဝက်ဘ်ဆိုက်တွေကို အသုံးပြုပြီး သူတို့လိုချင်တဲ့အရည်အချင်းတွေကို စာရင်းပြုစုရှာဖွေနေတဲ့အတွက်ကြောင့် ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအချက်အလက်တွေကို အဲဒီမှာသေချာဖြည့်စွက်ထားမယ်ဆိုလျှင် သူတို့ရဲ့ရှာဖွေမှုဟာကိုယ်ကထိပ်ဆုံးကရပ်တည်နေမှာ ဖြစ်ပါတယ်။ အဲဒါဟာတိကျမြန်ဆန်ပြီး အချိန်ချွေတာနိုင်တယ်ဆိုပေမဲ့လည်း အွန်လိုင်းမှာကိုယ့်ရဲ့ဒစ်ဂျစ်တယ် CV ကိုပြည့်ပြည့်ဝဝအသုံးချချင်တယ်ဆိုလျှင်တော့ အဲဒီရဲ့နည်းပညာတွေဘယ်လိုလုပ်ဆောင်တယ်ဆိုတာကို သိထားမှဖြစ်ပါမယ်။ ဒစ်ဂျစ်တယ် CV မှာဘယ်လိုအချက်အလက်တွေပါဝင်သင့်သလဲနဲ့ ကိုယ့်ရဲ့ဒစ်ဂျစ်တယ် CV ဟာ AI နည်းပညာကိုဖြတ်ကျော်ပြီး အလုပ်ခေါ်ယူနေသူရဲ့လက်ထဲကို ဘယ်လိုရောက်ရှိအောင်လုပ်ရမလဲဆိုတာကို သေချာနားလည်အောင်ပြုလုပ်ထားရပါမယ်။

JobNet ရဲ့ Job-Seeker Profile ကိုအသုံးပြုခြင်းအားဖြင့် အလုပ်ရှာဖွေသူတိုင်းဟာ ကိုယ့်ရဲ့အလုပ်အကိုင်အချက်အလက်တွေကို စနစ်တကျဖော်ပြနိုင်သလို သူတို့ရဲ့ Profile ကိုမကြာခဏအသစ်ထပ်မံဖြည့်စွက်မယ်ဆိုလျှင် မြန်မာနိုင်ငံကထိပ်တန်းကုမ္ပဏီတွေကို သူတို့ကိုမြင်တွေ့နိုင်ပါတယ်။ နောက်ပြီး အလုပ်ရှာဖွေသူတစ်ဦးတစ်ယောက်ချင်းစီနဲ့ ကိုက်ညီမယ့်အလုပ်တွေအပြင် အလုပ်အကိုင်အသစ်တွေကိုလည်း အမြဲမပြတ်ပေးပို့အသိပေးပါတယ်။ အဲဒီအပြင် JobNet ကပြုလုပ်ကျင်းပတဲ့အလုပ်အကိုင်ပြပွဲတွေမှာ အလုပ်ရှာဖွေသူတွေအနေနဲ့ အလုပ်လျှောက်ထားရာမှာအဆင်ပြေလွယ်ကူစေဖို့အတွက် ဒစ်ဂျစ်တယ် CV ID လို့ ခေါ်တဲ့နည်းပညာတစ်ခုကိုလည်း JobNet ကအသစ်ထပ်မံပြုလုပ်ခဲ့ပါတယ်။

၂၀၂၀ မှာ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး တိုးတက်မှုတွေဖြစ်ပေါ်လာနိုင်ဖို့အတွက် နှစ်သစ်အစီအစဉ်တွေကို အခုပဲချမှတ်လိုက်ပါ။ JobNet Myanmar အနေနဲ့လည်း အလုပ်အကိုင်ရှာဖွေသူတွေရဲ့လုပ်ငန်းပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှုတွေကို ကူညီဖို့အသင့်ရှိနေသလိုပဲ အလုပ်အကိုင်ရှာဖွေသူတွေအနေနဲ့လည်း အပေါ်မှာပြောပြခဲ့တဲ့အချက်တွေကိုအသုံးချပြီး ကိုယ့်ရဲ့ JobSeeker Profile ကိုအသစ်ထပ်မံဖြည့်စွက်ပြီးတော့ ကိုယ်ပိုင်ဘဝမှာရော အလုပ်အကိုင်လမ်းကြောင်းမှာပါ အခွင့်အလမ်းကောင်းတွေနဲ့တွေ့ဆုံလိုက်ပါ။