26th June, 2020

အလုပ်တစ်ခုကိုလက်မခံခင်မှာ အလုပ်ရှာဖွေသူအများစုပြုလုပ်ဖို့မေ့လျော့နေတတ်တဲ့အချက် ၄ ချက်

မိမိအနေနဲ့ ဘယ်လိုရာထူးမျိုးကိုရှာဖွေနေပါစေ ဒါမှမဟုတ် မိမိအနေနဲ့အလုပ်အတွေ့အကြုံရှိပြီးသားသူ ဒါမှမဟုတ် လုပ်ငန်းခွင်စတင်ဝင်ရောက်မယ့်သူ ဘယ်လိုပဲဖြစ်နေပါစေ အလုပ်တစ်ခုကနေ မိမိကိုအင်တာဗျူးဖြေဆိုဖို့ခေါ်ဆိုခံရပြီဆိုရင် မဖြစ်မနေလုပ်သင့်တဲ့အချက် ၄ ချက်ရှိပါတယ်။ အဲဒီအချက်တွေဟာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ ပိုပြီးကောင်းမွန်တဲ့နေရာကိုရောက်ရှိဖို့အတွက် လမ်းညွှန်ပြသပေးနိုင်ပါတယ်။

၁။ အလုပ်အင်တာဗျူးအတွက် သေသေချာချာပြင်ဆင်ဖို့ပျက်ကွက်ခြင်း

အများစုကတော့ အလုပ်အင်တာဗျူးကိုလာတဲ့အခါမှာ မေးသင့်မေးထိုက်တဲ့မေးခွန်းတွေပြင်ဆင်လာသင့်တယ်ဆိုတာကို သိကြပါတယ်။ ဒါပေမဲ့လည်း တချို့အနည်းငယ်ကပဲ ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုလျော့နည်းစေဖို့အတွက် အချိန်အလုံအလောက်ယူပြီး မိမိနဲ့အင်တာဗျူးလုပ်ရမယ့်ကုမ္ပဏီရဲ့အခြေအနေကို သေသေချာချာလေ့လာမှုတွေ ပြုလုပ်ကြပါတယ်။ အဲဒီလိုလေ့လာမှုတွေပြုလုပ်တဲ့အခါမှာ ကိုယ်အလုပ်လျှောက်ထားတဲ့ကုမ္ပဏီရဲ့ တစ်နှစ်၊ သုံးနှစ်၊ ဒါမှမဟုတ်  ငါးနှစ်အတွက် ဘယ်လိုအစီအစဉ်တွေချမှတ်ထားသလဲဆိုတာကိုလေ့လာပါ။ ကိုယ်ရဲ့အခန်းကဏ္ဍကရော အဖွဲ့အစည်းတစ်ခုလုံးရဲ့လုပ်ဆောင်ချက်တွေနဲ့ ကိုက်ညီပါသလား။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကိုရော ဘယ်လိုမျိုးတိုင်းတာမှာလဲ။ ကိုယ့်ရဲ့အလုပ်မှာ အကျိုးထိရောက်မှုအရှိဆုံးဖြစ်အောင်၊ အကောင်းဆုံးဖြစ်အောင် ဘယ်လိုတွေပြုလုပ်နိုင်ပါသလဲ အစရှိတဲ့အရာတွေကို မေးခွန်းတွေသေချာထုတ်ပြီးလေ့လာပါ။

၂။ ကုမ္ပဏီရဲ့အလေ့အထနဲ့တန်ဖိုးထားမှုတွေကို နားလည်အောင်ပြုလုပ်ဖို့ပျက်ကွက်ခြင်း

လုပ်ငန်းခွင်ဝင်ရောက်နေတဲ့သူတစ်ယောက်အနေနဲ့ မိမိရဲ့မိသားစုနဲ့အတူရှိတဲ့အချိန်ထက် လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူရှိတဲ့အချိန်ကပိုများပါတယ်။ အဲဒါကြောင့်လည်း အလုပ်တစ်ခုရှာတဲ့အချိန်မှာ လုပ်ငန်းခွင်အခြေအနေအလေ့အထတွေကို အဓိကထားစုံစမ်းသင့်ပါတယ်။ တန်ဖိုးထားမှုတွေဆိုတာ ကိုယ့်ရဲ့အချိန်၊ ငွေကြေးနဲ့ စွဲလမ်းမှုကိုကုန်ဆုံးမယ့်နေရာပဲ ဖြစ်ပါတယ်။ အဲဒါတွေဟာ ကိုယ့်ရဲ့ဦးစားပေးမှုတွေကို ပြောင်းလဲပေးနိုင်ပါတယ်။ တစ်ယောက်ချင်းစီရဲ့တန်ဖိုးထားမှုတွေကတော့ အများကြီးမပြောင်းလဲနိုင်ပါဘူး။ အဲဒါကြောင့် အနာဂတ်မှာကိုယ့်ရဲ့အလုပ်ရှင် ဖြစ်လာနိုင်သူရဲ့အဖွဲ့အစည်းမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ ကြီးကြပ်ရေးမှူးတွေနဲ့ အထက်လူကြီးတွေကို အလုပ်လုပ်ချင်စိတ်ပိုမိုဖြစ်အောင် ဘာတွေကတွန်းအားပေးသလဲဆိုတာကို ကြိုးစားပြီးလေ့လာပါ။ အလုပ်ထဲမှာ သူတို့ရဲ့အချိန်အများစုကို ဘာအတွက်အသုံးပြုသလဲ၊ ဘာကိုဂရုစိုက်ကြသလဲ၊ ပြောဆိုကြသလဲ၊ တွေးတောကြသလဲ အစရှိတာတွေကိုလေ့လာပါ။ အဲဒါတွေကို ကိုယ်လိုချင်တဲ့အရာတွေနဲ့ကိုက်ညီသလားဆိုတာကိုလည်း နားလည်အောင်လုပ်ပါ။

ဆက်လက်ဖတ်ရှုရန် >>> လုပ်ငန်းခွင်ကောင်းတစ်ခုက မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ

၃။ ကိုယ့်ကိုကမ်းလှမ်းလာတဲ့လုပ်ငန်းအဖွဲ့အစည်းက ကောင်း၊ မကောင်းကိုလေ့လာဖို့မမေ့ပါနဲ့

အလုပ်အင်တာဗျူးဖြေဆိုမယ့်သူအများစုတွေးထင်ထားတာဟာ အလုပ်ရှင်ဘက်ကပဲကိုယ့်ကိုစစ်ဆေးအကဲဖြတ်ရမယ်လို့ ယုံကြည်ကြပါတယ်။ တကယ်တမ်း အလုပ်ရှာဖွေ လျှောက်ထားတဲ့နေရာမှာ နောကြေနေတဲ့အလုပ်ရှာဖွေသူတွေကတော့ အဲဒီလုပ်ငန်းရဲ့အခြားဝန်ထမ်းတွေနဲ့သေချာအချိန်ဖြုန်းပြီး အဲဒီလုပ်ငန်းအဖွဲ့အစည်းဟာကောင်းလားမကောင်းဘူးလားဆိုတာကို လေ့လာအကဲဖြတ်ကြပါတယ်။ ဥပမာ - အဲဒီအလုပ်မှာအရင်ကလုပ်သွားဖူးတဲ့ဝန်ထမ်းဟောင်းတွေ၊ လုပ်ငန်းတွဲဖက်လုပ်ကိုင်တဲ့သူတွေနဲ့ ဖောက်သည်တွေဆီကနေတဆင့် အဲဒီလုပ်ငန်းရဲ့ရုံးတွင်းအလေ့အထတွေနဲ့ ဝန်ထမ်းတွေအတွက်စိတ်တက်ကြွမှုရှိအောင် ဘာတွေပြုလုပ်ပေးသလဲဆိုတဲ့အရာတွေကို သိအောင်မေးမြန်းလို့ရပါတယ်။

၎။ စီမံခန့်ခွဲမှုအဖွဲ့ရဲ့အရည်အသွေးတွေကို သိရှိနားလည်းအောင်လေ့လာအကဲဖြတ်မှုမရှိခြင်း

အားလုံးကတော့ အဖွဲ့သားအချင်းချင်းကို လေးစားတန်ဖိုးထားကာအောင်မြင်ပြီး အဓိပ္ပာယ်ရှိတဲ့လုပ်ငန်းတွေကိုပြုလုပ်နေတဲ့နေရာမှာ အလုပ်လုပ်ချင်ကြပါတယ်။ အကယ်၍ ကိုယ်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို နောက်ထပ်ကုမ္ပဏီအဖွဲ့အစည်းအသစ်တစ်ခုရဲ့လက်ထဲကို ယုံယုံကြည်ကြည်ထည့်ဖို့စဉ်းစားလိုက်ပြီဆိုရင်တော့ အဲဒီကုမ္ပဏီရဲ့ခေါင်းဆောင်မှုနဲ့ လုပ်ဆောင်မှုတွေကို သေချာပေါက်ယုံကြည်မှုရှိအောင်လုပ်ပါ။ ပြီးတော့အဲဒီကုမ္ပဏီနဲ့ပတ်သက်ပြီး မိမိကိုယ်ကိုလည်းမေးခွန်းတွေမေးပြီး ကိုက်ညီမှုရှိမရှိသေချာအောင်လေ့လာပါ။ အဲဒါတွေကတော့ အဲဒီအဖွဲ့အစည်းဟာ ယေဘုယျအားဖြင့် ဘယ်လောက်အထိယုံကြည့်စိတ်ချဖို့ကောင်းသလဲ၊ အဲဒီအဖွဲ့အစည်းမှာရှိတဲ့ဝန်ထမ်းတိုင်း စိတ်ဝင်တစားလိုက်နာဆောင်ရွက်နေပြီး စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့လုပ်ဆောင်ချက်တစ်ခုရှိသလား၊ အဖွဲ့တစ်ခုရဲ့အနောက်မှာ လုံခြုံပြီးယုံကြည်စိတ်ချရတဲ့ စီမံခန့်ခွဲမှုအဖွဲ့တစ်ခုရှိရဲ့လား၊ ခေါင်းဆောင်တွေကရော တိကျတဲ့ရလဒ်တွေကိုဖော်ဆောင်ပေးနိုင်သလား စတဲ့ ၄ ချက်ကိုသေချာလေ့လာသင့်ပါတယ်။

 

အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကြောင့် အကြပ်အတည်းတွေအနည်းနဲ့အများကျန်သေးတယ်ဆိုပေမဲ့ စီးပွားရေးလုပ်ငန်းအများစုဟာ ပြန်လည်လည်ပတ်နေပြီဖြစ်ပြီး တချို့လုပ်ငန်းနယ်ပယ်တွေမှာ အလုပ်ခေါ်ယူမှုတွေပြန်လည်စတင်နေပါပြီ။ အဲဒါကြောင့် မိမိအနေနဲ့ လျှောက်ထားတဲ့အလုပ်တစ်ခုကနေ အလုပ်အင်တာဗျူးခေါ်ဆိုတာကိုခံရတဲ့အခါမှာ အဲဒီအလုပ်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး လေ့လာသိရှိစရာတွေကိုပြင်ဆင်ထားပြီးမှ မိမိရဲ့အခွင့်အရေးတွေကိုရယူပါ။

ဆက်လက်ဖတ်ရှုရန် >>> မိမိနဲ့ကိုက်ညီတဲ့အလုပ်ကို ဘယ်လိုမျိုးရွေးချယ်မလဲ