3rd September, 2020

အလုပ်အသစ်ရရှိရန် အဟန့်အတားဖြစ်စေသည့်အဓိကအချက် ၃ ချက်

တစ်ခါတလေမှာ အလုပ်ရှာဖွေသူအများစုပြောတတ်တဲ့စကားက “ကုမ္ပဏီတွေကလည်း အလုပ်တွေသိပ်မခေါ်ကြဘူးနော်” ဒါမှမဟုတ် “အလုပ်တွေကလည်း သေချာလျှောက်ထားတာကို ခေါ်လည်းမခေါ်ကြဘူး၊ ငါ့ရဲ့အလုပ်လျှောက်လွှာကို ကြည့်ရောကြည့်ရဲ့လားမသိဘူး” ဆိုပြီး စိုးရိမ်ပူပန်ကာစောဒက တတ်ကြပါတယ်။ အကယ်၍ အလုပ်ရှာဖွေသူတစ်ယောက်အနေနဲ့ အခုဖော်ပြမယ့်အဓိကအချက် ၃ ချက်ကို သေချာပြန်လည်ဆန်းစစ်ပြီး ပြင်ဆင်လိုက်နာမယ်ဆိုရင်တော့ အောင်မြင်တဲ့အလုပ်လျှောက်မှုတစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။

၁။ အလုပ်အကိုင်သတင်းတွေကိုမလေ့လာခြင်း

ထီပေါက်ဖို့ကံပါတဲ့သူတစ်ယောက်ဟာ ထီမထိုးဘူးဆိုလျှင် ထီပေါက်နိုင်မည်မဟုတ်ပါ။ ထိုကဲ့သို့ပင် အလုပ်အသစ်လိုချင်သည့်သူတစ်ယောက်ဟာ ဈေးကွက်ထဲတွင်မည်သည့်ကုမ္ပဏီများက မည်ကဲ့သို့အလုပ်အကိုင်အသစ်များကိုခေါ်ယူနေသည်ကို မလေ့လာ၊ မစုံစမ်းလျှင် အခွင့်အလမ်းအသစ်တွေနဲ့လွဲချော်သွားနိုင်ပြီး အလုပ်လျှောက်ထားမှုပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ နောက်ပြီး ပြိုင်ဆိုင်မှုနဲ့ လိုအပ်မှုတွေအရမ်းများနေတဲ့ဈေးကွက်ထဲမှာ ကိုယ့်အနေနဲ့ အချိန်နဲ့တပြေးညီအလုပ်အကိုင်သတင်းတွေကိုမသိဘူးဆိုရင် ကိုယ့်ရဲ့အလုပ်သစ်လျှောက်ထားမှုကို နှောင့်နှေးစေပါသည်။ တစ်ခါတလေမှာ အလုပ်ခေါ်ယူမှုတွေမရှိနိုင်လောက်ဘူးဆိုပြီး အလုပ်ရှာဖွေသူအများစုကထင်ကြပါတယ်။ ဘယ်လိုမျိုးအခြေအနေတွေဖြစ်နေပါစေ တကယ်လိုအပ်တဲ့အလုပ်တွေကို ခေါ်ယူနေတဲ့ကုမ္ပဏီတွေရှိပါတယ်။ အဓိကက အဲဒီလိုခေါ်ယူနေတဲ့သတင်းအချက်တွေကို အချိန်နဲ့အမျှသိရှိနေဖို့ပါပဲ။

မြန်မာနိုင်ငံ၏လုပ်ငန်းနယ်ပယ်အစုံမှာ လတ်တလောခေါ်ယူနေတဲ့အလုပ်အကိုင်သတင်းအစုံကိုသိရှိရန်

၂။ အလုပ်ခေါ်စာများကိုစေ့စပ်သေချာစွာမဖတ်ရှုခြင်း

ဈေးကွက်ထဲကအလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကို သိရှိပြီးသွားပြီဆိုရင် နောက်ထပ်လုပ်ရမယ့်အရာကတော့ မိမိနဲ့ကိုက်ညီတဲ့အလုပ်ကိုသေချာရွေးချယ်ပြီးလျှောက်ထားဖို့ပါပဲ။ အလုပ်ရှာဖွေတဲ့အခါမှာ အလုပ်ရှာဖွေသူအများစုပြောတတ်တဲ့စကားကတော့ ခေါ်ယူနေတဲ့အလုပ်အများစုဟာ သူတို့နဲ့မကိုက်ညီဘူးဆိုတာပါပဲ။ တကယ်တမ်းက မိမိနဲ့ကိုက်ညီတဲ့အလုပ်ကိုရှာဖွေတဲ့အခါမှာ အလုပ်ခေါ်စာထဲမှာဖော်ပြထားတဲ့ရာထူးအမည် (Job Title) ကိုပဲကြည့်တာထက် အထဲမှာတာဝန်ယူလုပ်ဆောင်ရမယ့်ဖော်ပြချက်တွေကိုလည်း သေချာစွာဖတ်ရှုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေမှာ ကုမ္ပဏီတွေဟာ သူတို့ရုံးတွင်းမှာအသုံးပြုလေ့ရှိတဲ့စကားလုံးတွေကို သုံးပြီးခေါ်ယူတဲ့အခါမှာ အလုပ်ရှာဖွေနေသူကထိုအခေါ်အဝေါ်နဲ့သိပ်မရင်းနှီးဘူးဆိုရင် မိမိနဲ့ကိုက်ညီတဲ့အလုပ်မဟုတ်ထင်ပြီး ကျော်သွားတတ်ပါတယ်။ ဥပမာဆိုရင် တချို့အဖွဲ့အစည်းတွေမှာ Sales Manager ဆိုတဲ့ရာထူးအမည်အစား Customer Development Manager လို့ခေါ်တတ်ပါသည်။

ဆက်လက်ဖတ်ရှုရန် >>> အလုပ်ခေါ်စာထဲကဖော်ပြချက်တွေကိုသေချာဖတ်ရင် အလုပ်ရနိုင်ပါတယ်

၃။ CV နှင့် Cover Letter ကောင်းကောင်း မပြင်ဆင်ခြင်း

အလုပ်ခေါ်စာထဲကအလုပ်ဖော်ပြချက်တွေကို သေချာမဖတ်တဲ့အတွက်ကြောင့် ထိရောက်မှုရှိတဲ့ CV နဲ့ Cover Letter တွေကိုရေးသားနိုင်မှာ မဟုတ်ပါဘူး။ အလုပ်ဖော်ပြချက်နဲ့ မကိုက်ညီတဲ့မိမိရဲ့ CV နဲ့ Cover Letter တွေ HR တွေဆီကို ရောက်သွားတဲ့အခါမှာ အင်တာဗျူးခေါ်ယူခံရဖို့အခွင့်အရေးတွေက နည်းပါတယ်။ ဒါဟာ အလုပ်လျှောက်ထဲသူအများစု ပြောလေ့ရှိတဲ့ “ကိုက်ညီတဲ့အလုပ်ကို လျှောက်ထားတာပဲ။ အင်တာဗျူးလည်းအခေါ်မခံရဘူး၊ ဘာဖြစ်လို့လဲ” မေးခွန်းရဲ့အဖြေပဲဖြစ်ပါတယ်။ အဲဒါကြောင့် မိမိလျှောက်ထားမယ့်အလုပ်တစ်ခုချင်းစီရဲ့ အလုပ်ဖော်ပြချက်တွေကိုသေချာဖတ်ရှုပြီး အဲဒီအလုပ်တစ်ခုချင်းစီအလိုက် CV နဲ့ Cover Letter ကို ကိုက်ညီမှုရှိအောင်ပြင်ဆင်ပေးပါ။

ဆက်လက်ဖတ်ရှုရန် >>> ကိုယ့်ရဲ့ CV ကိုအလုပ်ခေါ်ယူသူတွေ ဖတ်စေချင်ရင်

ဆက်လက်ဖတ်ရှုရန် >>> အလုပ်ခေါ်ယူနေသူတွေ သဘောကျသွားစေမယ့် Cover Letter ရေးနည်းအဆင့် ၅ ဆင့်

ဆက်လက်ဖတ်ရှုရန် >>> CV ကိုအင်္ဂလိပ်လို ဘယ်လိုထိထိရောက်ရောက်ရေးမလဲ

နောက်ဆုံးပြောချင်တဲ့အရေးအကြီးဆုံးအချက်ကတော့ မိမိရဲ့ CV ကို အလုပ်ခေါ်ယူနေတဲ့ထိပ်တန်းကုမ္ပဏီတွေက တွေ့မြင်ဖို့ပါပဲ။ မိမိအနေနဲ့ အလုပ်အကိုင်တွေကိုသေချာရှာဖွေပြီး CV နဲ့ Cover letter တွေကို ဘယ်လောက်ပဲသေချာပြင်ဆင်ထား အဲဒီထဲမှာဖော်ပြထားမယ့်မိမိရဲ့အရည်အချင်းတွေကို အလုပ်ခေါ်ယူနေသူတွေမမြင်တွေ့ဘူးဆိုရင် မြန်မြန်ဆန်ဆန်အလုပ်ရနိုင်မှာမဟုတ်ပါဘူး။ ဒါဆို သင့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေနဲ့ အတွေ့အကြုံတွေကို အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေကနေမြင်တွေ့လာအောင် ဘယ်လိုမျိုးလုပ်နိုင်မလဲ။ JobNet.com.mm မှာ စာရင်းပေးသွင်းပြီး မိမိရဲ့ JobSeeker Profile မှာ ကိုယ်ရေးအချက်အလက်တွေကို ပြည့်စုံအောင်ဖြည့်ပြီး လျှောက်ထားမယ့်အလုပ်တစ်ခုချင်းစီအလိုက် CV ကောင်းတွေကိုတွဲပြီးလျှောက်ထားမယ်ဆိုရင် သင့်ရဲ့ CV ဟာ သင်လျှောက်ထားလိုက်တဲ့ကုမ္ပဏီဆီကိုတိုက်ရိုက်ရောက်သွားပြီး ပြည့်စုံတဲ့အလုပ်လျှောက်ထားမှုတစ်ခုဖြစ်နိုင်ပါတယ်။

ဒါဆို JobNet.com.mm မှာ မိမိရဲ့ JobSeeker Profile ကိုဘယ်လိုမျိုး ပြည့်ပြည့်စုံစုံဖြည့်ရမလဲဆိုတာကို လေ့လာချင်ရင်တော့ ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။