9th April, 2020

ဧပြီလအတွင်း အလုပ်အကိုင်ခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခု

ဒီနှစ်အတွင်းမှာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို လူသုံးကုန်ပစ္စည်း (FMCG), အစားအသောက် (Food and Beverage)ဆေးဝါးနဲ့ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်း (Telecommunications) နဲ့ ဘဏ်လုပ်ငန်းနယ်ပယ်တွေမှာ အခြေချဖို့စိတ်ကူးထားတယ်ဆိုရင် အခုအချိန်ဟာ အဲဒီအလုပ်တွေကို လျှောက်ထားဖို့အသင့်တော်ဆုံးအချိန်ပါပဲ။ အဲဒီလုပ်ငန်းနယ်ပယ်မှာရှိတဲ့ကုမ္ပဏီအများစုဟာ ဒီလရဲ့အလုပ်အကိုင်ခေါ်ယူမှု ပမာဏတွေပြုလုပ်နေတဲ့စာရင်းထဲမှာ ပါဝင်နေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံအတွင်းမှာလတ်တလောဖြစ်ပျက်နေတဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးစိန်ခေါ်မှုတွေကြောင့် အထူးသဖြင့် အဲဒီလုပ်ငန်းနယ်ပယ်တွေဟာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေပါဝင်လာပြီး ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုလည်း စနစ်တကျဖြန့်ဝေပေးနေရပါတယ်။ အဲဒါကြောင့်လည်း အဲဒီလုပ်ငန်းနယ်ပယ်တွေက ကုမ္ပဏီတွေဟာ ဈေးကွက်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ လုပ်ငန်းတွေကိုအပြည့်အဝလည်ပတ်နိုင်စေဖို့ သူတို့ရဲ့လက်ရှိလုပ်ငန်းမှာ မရှိမဖြစ်လိုအပ်တဲ့အလုပ်အကိုင်တွေအတွက် အလားအလာကောင်းရှိတဲ့သူတွေကို ဆက်လက်ခေါ်ယူနေပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေရဲ့ ဒီရက်ပိုင်းအတွင်းအလုပ်အကိုင်ခေါ်ယူမှုတွေကို လေ့လာကြည့်လိုက်မယ်ဆိုရင်လည်း JobNet.com.mm ရဲ့အချက်အလက်တွေအရ ဘဏ်လုပ်ငန်းကုန်ပစ္စည်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်တွေက ကုမ္ပဏီတွေမှာ အလုပ်ခေါ်ယူမှုတွေ ဆက်လက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဒီလအတွင်း အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေတဲ့ ထိပ်တန်းကုမ္ပဏီ ၁၀ ခုကိုဖော်ပြပေးလိုက်ပါတယ်။

  1. KBZ Bank
  2. Maha Agriculture Microfinance
  3. Premium Distribution
  4. MyTel
  5. Super Seven Stars
  6. Yoma Bank
  7. Coca-Cola Pinya Beverages Myanmar Limited
  8. Ooredoo Myanmar
  9. Sampar Oo Industries Co. Ltd.
  10. DKSH (Myanmar) Ltd.

နောက်ပြီး သိထားရမယ်တစ်ခုကတော့ တချို့ကုမ္ပဏီတွေကတော့ အလုပ်အင်တာဗျူးပုံစံတွေနဲ့ ဝန်းထမ်အသစ်တွေအတွက် အစမ်းခန့်အလုပ်သင်ကာလတွေကို ဒီကာလတွေမှာ အရင်တုန်းကလိုပုံမှန်ပုံစံနဲ့ လုပ်တော့မှာမဟုတ်လောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးလုပ်ငန်းအများစုဟာ သူတို့ရဲ့ဝန်ထမ်းတွေကို Working From Home ဆိုတဲ့အလေ့အထအသစ်နဲ့ အသားကျအောင်ပြုလုပ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီအပြင် သင်္ကြန်အားလပ်ရက်လည်း ရှိနေတဲ့အတွက်ကြောင့် ယခုလိုမသေချာမှုတွေပြည့်နေတဲ့အချိန်မှာတော့ အလုပ်အကိုင်ခန့်အပ်မှုအတွက်ကတော့ နှောင့်နှေးမှုတွေရှိနေပါလိမ့်မယ်။ ဒါနဲ့… အားလုံးပဲ ပျော်ရွှင်စရာသင်္ကြန်လေးဖြစ်ကြပါစေ… အဲဒါကြောင့် ကိုယ့်ရဲ့အလုပ်အကိုင်ရှာဖွေမှုမှာ ဇွဲရှိရှိနဲ့သေချာစိတ်နှစ်မြှုပ်ပြီးပြုလုပ်မယ်ဆိုရင် အလုပ်အကိုင်လမ်းကြောင်းမှာ နောက်တစ်ဆင့်တက်လှမ်းမှုအတွက်က အသေချာဆုံးရှိနေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီတွေဟာ လုပ်ငန်းတွေပုံမှန်အတိုင်းပြန်လည်ပတ်ရင် အသင့်ဖြစ်နေအောင်လို့ အခုကတည်းကစ်လပ်ရာထူးတွေကို ကြော်ငြာထားပြီး CV တွေကို စုဆောင်းနေလို့ပါပဲ။

အဲဒါကြောင့် သင့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို အကြပ်အတည်းစိန်ခေါ်မှုတွေကြားကနေ အခွင့်အလမ်းတွေအဖြစ်ပြောင်းလဲဖြစ်ဖို့ အခုပဲ သင့်ရဲ့ JobNet JobSeeker Profile ကို Update လုပ်ပြီး အထက်မှာဖော်ပြခဲ့တဲ့ကုမ္ပဏီတွေကခေါ်ယူနေတဲ့အလုပ်တွေထဲမှာ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်အကိုင်တွေကို ရှာဖွေပြီးလျှောက်ထားလိုက်ပါ။ တကယ်လို့ JobSeeker Profile မပြုလုပ်ရသေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ အခုပဲ ဒီနေရာကနေ Register ပြုလုပ်ပြီး မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီတွေက လတ်တလောခေါ်ယူနေတဲ့ အလုပ်အကိုင်ပေါင်း ၃၀၀၀ နီးပါးကို လေ့လာပြီး လျှောက်ထားနိုင်ပါတယ်။