MMR
Myanmar
22th May, 2020
မေလအတွင်းအလုပ်ခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခု
အခုဆိုရင် ၂၀၂၀ ရဲ့မေလအလယ်ကိုရောက်ရှိလာပါပြီ။ အခုအချိန်အထိ ကျန်းမာရေးပြဿနာတွေရှိနေသေးတယ်ဆိုပေမဲ့ နိုင်ငံရဲ့လူမှုစီးပွားရေးကဏ္ဍကို အခုထက်ပိုပြီးထိခိုက်မှုမရှိအောင် အစိုးရအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့စီးပွားရေးလုပ်ငန်းတချို့ကို လုပ်ငန်းခွင်အတွင်းလိုက်နာရမယ့် ကျန်းမာရေးစည်းကမ်းတွေကိုသေချာချမှတ်ပြီး ပြန်လည်ဖွင့်လှစ်လည်ပတ်ဖို့ ခွင့်ပြုလိုက်ပါတယ်။ တချို့ကုမ္ပဏီတွေကလည်း remote working စနစ်ကိုသေသေချာချာစီမံခန့်ခွဲပြီး လုပ်ငန်းတွေကိုထိရောက်စွာ ပြန်လည်လည်ပတ်နေပါကြပါပြီ။
အခုအချိန်မှာ အလုပ်အကိုင်ခေါ်ယူမှုတွေနဲ့ပတ်သက်လာရင် တစ်ခါမှမကြုံဖူးဘူးတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်ဆိုပေမဲ့လည်း တချို့လုပ်ငန်းနယ်ပယ်တွေမှာ အလုပ်အကိုင်ခေါ်ယူမှုတွေကတော့ အခုအချိန်အထိရှိပါသေးတယ်။ ကိုယ့်မှာအဲဒီအလုပ်အကိုင်တွေနဲ့ကိုက်ညီမယ့် အတွေ့အကြုံနဲ့ အရည်အချင်းတွေရှိဖို့ပဲ။ အဲဒါကြောင့် လတ်တလောအလုပ်အကိုင်ဈေးကွက်ထဲမှာ ဘယ်လိုကုမ္ပဏီတွေက ဘယ်လိုအရည်အချင်းမျိုးတွေကို ဘယ်လိုရာထူးတွေအတွက်ရှာဖွေနေသလဲဆိုတာကို အလုပ်အကိုင်ရှာဖွေနေသူတွေသိရှိစေဖို့အတွက် JobNet Myanmar ကကူညီဖို့ရည်ရွယ်ထားပါတယ်။
JobNet ရဲ့ထိပ်တန်းကုမ္ပဏီ ၁၀ ခုနဲ့စတင်လိုက်ရအောင်… JobNet Website မှာ အလုပ်ခေါ်ယူမှုတွေပြုလုပ်နေကြတဲ့ကုမ္ပဏီတွေရဲ့ အလုပ်ခေါ်ယူမှုအချက်အလက်တွေအပေါ်လေ့လာသုံးသပ်ချက်အရ ယခုမေလအတွင်းမှာအလုပ်အကိုင်အသစ်တွေကိုခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခုကိုဖော်ပြပေးလိုက်ပါတယ်။ ယခုလအတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းနယ်ပယ်ကနေ နည်းပညာလုပ်ငန်းနယ်ပယ်အထိ လုပ်ငန်းအတွေ့အကြုံရှိတဲ့သူတွေကို အလုပ်ခေါ်ယူခန့်အပ်မှုတွေဆက်လက်ပြုလုပ်နေတဲ့လုပ်ငန်းနယ်ပယ်တွေ အများကြီးရှိပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အလုပ်ခေါ်ယူမှုအများဆုံးကုမ္ပဏီတွေရဲ့စာရင်းကိုလေ့လာကြည့်မယ်ဆိုရင် ယခုလအတွင်းမှာ ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာလုပ်ငန်းနယ်ပယ်က ကုမ္ပဏီလုပ်ငန်းတော်တော်များများဟာ အလုပ်ခေါ်ယူမှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။ အဲဒီအပြင် telecommunication လုပ်ငန်း၊ IT နဲ့ နည်းပညာလုပ်ငန်းနယ်ပယ်တွေအပြင် ဘဏ်လုပ်ငန်းနယ်ပယ်တွေက ကုမ္ပဏီတွေမှာလည်းအလုပ်ခေါ်ယူမှုတွေ ဆက်လက်ပြုလုပ်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင်တခြားနယ်ပယ်က အလုပ်အကိုင်တွေကိုလည်းလေ့လာလိုပါက ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us