2nd January, 2019

၂၀၁၉ ခုနှစ်တွင် အလုပ်အကိုင်အများဆုံး ခေါ်ယူနိုင်ချေရှိသောကုမ္ပဏီကြီးများ

နှစ်သစ်မှာ ပိုကောင်းမွန်တဲ့ အလုပ်အသစ်တစ်ခုရှာဖို့ စဉ်းစားနေပြီလား။ 

နောက်ပြီး ဒီနှစ်မှာ ဘယ်လိုမျိုးကုမ္ပဏီကြီးတွေက ဘယ်လိုမျိုးအလုပ်အကိုင်ကောင်းကောင်းတွေ ခေါ်ယူနိုင်မလဲဆိုတာကိုရော သိပြီးပြီလား။ ဒါတွေကိုမသိဘဲ အလုပ်ပြောင်းဖို့စဉ်းစားနေပြီဆိုရင်တော့ ကိုယ်ရည်ရွယ်ထားတဲ့ အလုပ်အကိုင်တွေကို လွယ်လွယ်နဲ့ရရှိနိုင်ပါ့မလား။

ပိုကောင်းတဲ့အလုပ်အကိုင်တစ်ခုကို ပြောင်းဖို့စဉ်းစားနေပြီဆိုရင် အခုလက်ရှိ အလုပ်အကိုင်ခေါ်ယူမှုနယ်ပယ်တွေမှာ ကိုယ်နဲ့သက်ဆိုင်တဲ့အလုပ်တွေကို ခေါ်ယူမှုတွေရှိနေပြီလား၊ နောက်ပြီး ဘယ်လိုကုမ္ပဏီမျိုးတွေက အဲဒီအလုပ်တွေကို ခေါ်ယူနေကြလဲဆိုတာကို အရင်ဆုံးသိရှိမယ်ဆိုရင်တော့ အလုပ်လျှောက်တဲ့အခါမှာ ကိုယ်ကသူများထက် နှာတစ်ဖျားသာနေမှာပေါ့။

ဒါ့ကြောင့် နှစ်သစ်မှာ ပိုကောင်းတဲ့အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် JobNet.com.mm မှာ၂၀၁၈ ခုနှစ်အတွင်း ကုမ္ပဏီိအသီးသီးရဲ့ အလုပ်အကိုင် ခေါ်ယူမှုဆိုင်ရာ ကိန်းဂဏန်းတွေနဲ့ အချက်အလက်တွေအပေါ် သုံးသပ်ချက်အရ လာမယ့် ၂၀၁၉ ခုနှစ်အတွက် အလုပ်အကိုင် အများဆုံး ခေါ်ယူနိုင်ခြေ ရှိတဲ့ ထိပ်တန်းကုမ္ပဏီကြီး ၁၀ ခုကို ဖော်ပြလိုက်ပါတယ်။ 

  1. Yoma Bank
  2. MPT - Myanma Posts & Telecommunications
  3. KBZ Bank
  4. Ooredoo Myanmar Limited
  5. Fortune International Limited
  6. Myanmar Carlsberg Co., Ltd.
  7. Ananda
  8. DKSH (Myanmar) Ltd.
  9. Capital Diamond Star Group
  10. UMG Myanmar

 

လေ့လာချက်အရ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေက သတင်းအချက်အလက်နည်းပညာနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ ပိုမိုတိုးတက်လာတဲ့အတွက်ကြောင့် နည်းပညာနဲ့သက်ဆိုင်တဲ့ကုမ္ပဏီတွေဟာ လုပ်ငန်းတွေချဲ့ထွင်လာပြီး အလုပ်အကိုင်ခေါ်ယူမှုတွေ ပိုမိုတွေ့ရပါတယ်။ နည်းပညာနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ ပိုမိုတိုးတက်လာတဲ့အတွက်ကြောင့်ပဲ ဘဏ်လုပ်ငန်းတွေလည်း ပိုမိုအားကောင်းလာပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အစားအသောက်၊ ဆေးဝါးနဲ့ ဖြန့်ချိရေးလုပ်ငန်းများမှာလည်း အလုပ်အကိုင်ခေါ်ယူမှုတွေ တိုးတက်လာတာကို တွေ့ရပါတယ်။ 

ကဲ… ဒါဆို ၂၀၁၉ မှာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမယ့်လုပ်ငန်းနယ်ပယ်က ကုမ္ပဏီကြီးတွေကို သေချာလေ့လာကြည့်ပြီး ပိုကောင်းတဲ့အလုပ်အကိုင်တွေကို JobNet.com.mm မှာ ရှာဖွေလိုက်ကြရအောင်…