MMR
Myanmar
3rd December, 2019
နိုဝင်ဘာလအတွင်း အလုပ်ခေါ်ယူမှုအများဆုံးကုမ္ပဏီ ၁၀ ခု
အလုပ်အကိုင်လမ်းကြောင်းနဲ့ပတ်သက်ပြီး ရေရှည်ပန်းတိုင်တွေ ကိုယ့်မှာရှိတယ်ဆိုလျှင် ကိုယ့်ရဲ့အလုပ်အကိုင်ရှာဖွေမှုဟာ မဆိုသလောက်လစာများတဲ့အလုပ်ကိုရှာတာ ဒါမှမဟုတ် သွားရလာရလွယ်ကူတဲ့အလုပ်ကိုရှာတာထက်ကို ပိုပါတယ်။ တာဝန်အသစ်တွေယူရတာမျိုး၊ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုအသစ်တွေကို သင်ယူပြီး အသုံးချရတာမျိုး ဒါမှမဟုတ် လုံးဝမရင်းနှီးတဲ့နယ်ပယ်အသစ်ကိုဝင်ရောက်တာမျိုး စတဲ့ကိုယ့်ရဲ့အရည်အချင်းတွေကို တိုးတက်အောင်ဖန်တီးကူညီပေးမယ့်အလုပ်မျိုးကို ရှာဖွေတာပဲဖြစ်ပါတယ်။ အဲဒီလိုစိတ်မျိုးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုရှာဖွေနေတယ်ဆိုရင် ကိုယ့်ရဲ့အလုပ်အကိုင်ရှာဖွေမှုဟာ အဆက်မပြတ်ပြုလုပ်ရမယ့်အရာတစ်ခု ဖြစ်ပါတယ်။
အလုပ်အသစ်ရဖို့အတွက် နှစ်တစ်နှစ်ရဲ့တချို့အချိန်တွေဟာ တခြားအချိန်တွေထက် ပိုပြီးကောင်းမွန်ပါတယ်။ အခုနိုဝင်ဘာလမှာဆိုရင် မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီတွေထဲကတချို့ဟာဆိုရင် နေရာစုံကအလုပ်တွေအတွက် လုပ်ငန်းခွင်စတင်ဝင်ရောက်မယ့်အဆင့် (Entry Level) ကနေ ဒါရိုက်တာရာထူးအဆင့်ထိကို ခေါ်ယူနေကြပါတယ်။ အဲဒါကြောင့် ဒီလအတွင်းမှာ အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေတဲ့ထိပ်တန်းကုမ္ပဏီ ၁၀ ခုကို JobNet.com.mm မှာ ကြော်ငြာထားတဲ့အလုပ်အကိုင်အချက်အလက်တွေအရ ဖော်ပြပေးလိုက်ပါတယ်။
အခု နိုဝင်ဘာလအတွင်းမှာခေါ်ယူမှုအများဆုံးကုမ္ပဏီတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ တည်ဆောက်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ လက်လီ လက်ကားကုန်ပစ္စည်းဖြန့်ဝေရောင်းချတဲ့လုပ်ငန်း၊ အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်း၊ ထုတ်လုပ်ရေးလုပ်ငန်း၊ ကြော်ငြာနဲ့ ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းအပြင် စိုက်ပျိုးရေးလုပ်ငန်းတွေက ထိပ်တန်းကုမ္ပဏီကြီးဟာ ခေါ်ယူမှုအများဆုံးပြုလုပ်နေတာကိုတွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့အစိုးရတက္ကသိုလ်တွေဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ဒုတိယနှစ်ဝက်စာမေးပွဲကို ကျင်းပလေ့ရှိတဲ့အတွက်ကြောင့် ကျောင်းပြီးစလူငယ်တွေ (Fresh Graduates) ကို အလုပ်ခန့်အပ်ထားချင်တဲ့ကုမ္ပဏီတွေကတော့ နှစ်ကုန်ပိုင်းတွေမှာ Entry Level အလုပ်တွေကို ခေါ်ယူလေ့ရှိပါတယ်။ အခုအထက်မှာဖော်ပြခဲ့တဲ့ထိပ်တန်းကုမ္ပဏီတွေမှာဆိုလျှင်လည်း Entry Level တွေကို ဦးစားပေးခေါ်ယူနေတဲ့အလုပ်တွေများစွာကို တွေ့ရပါတယ်။ နောက်ဆုံးနှစ်စာမေးပွဲကိုဖြေဆိုပြီးသား ဒါမှမဟုတ် ဖြေဆိုနေတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက် အဲဒါဟာ သတင်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ နောက်ပြီး လုပ်ငန်းခွင်စတင်ဝင်ရောက်ဖို့ ပြင်ဆင်နေသူတွေအနေနဲ့ အလုပ်အကိုင်ရှာဖွေလျှောက်ထားရာမှာ သိမှတ်ထားသင့်တဲ့ CV ရေးသားနည်းနဲ့ အင်တာဗျူးဖြေဆိုနည်းတွေကိုလည်း ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အားလုံးပဲ စာမေးပွဲမှာအောင်မြင်စွာဖြေဆိုနိုင်ပါစေနော်… နောက်ပြီး JobNet နဲ့ အမြဲအဆက်အပြတ်ထိတွေ့နေပြီး ကိုယ့်ရဲ့အလုပ်အကိုင်ပန်းတိုင်ကို တိုးတက်အောင်ပြုလုပ်လိုက်ပါ။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us