MMR
Myanmar
21st July, 2020
ဇူလိုင်လအတွင်းအလုပ်ခေါ်ယူမှုအများဆုံးကုမ္ပဏီ ၁၀ ခု
အလုပ်အကိုင်တစ်ခုကိုရှာဖွေတဲ့အခါမှာ အဲဒီအလုပ်ကိုဘယ်ကုမ္ပဏီကနေခေါ်ယူနေတာလဲ အဲဒီကုမ္ပဏီကလည်း ဘယ်လိုမျိုးလုပ်ငန်းနယ်ပယ်တွေမှာလုပ်ကိုင်နေသလဲဆိုတာကို အလုပ်ရှာဖွေသူတိုင်းအဓိကထားပြီး လေ့လာကြတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာမိမိရဲ့အလုပ်အကိုင်ရွေးချယ်မှုနဲ့ပတ်သက်ပြီး အရေးပါတဲ့အချက်ဖြစ်တစ်ခုဖြစ်သလို လျှောက်ထားမယ့်ကုမ္ပဏီရဲ့ လုပ်ငန်းနယ်ပယ်ကိုသိထားခြင်းက မိမိရဲ့အလုပ်ရှာဖွေမှုမှာဘာတွေပြင်ဆင်ထားရမလဲဆိုတာကို သိရှိစေပါတယ်။
ဒီလထဲမှာ အလုပ်အကိုင်အသစ်တွေကို ရှာဖွေနေပါသလား။ ဘယ်နယ်ပယ်မှာရှိတဲ့ကုမ္ပဏီတွေကို အဓိကထားပြီးရှာဖွေနေပါသလဲ။ ကုန်သွယ်မှု (Trading) ဖြန့်ချိရေး(Distribution)နဲ့ ပို့ကုန်/သွင်းကုန် (Import/Export) လုပ်ငန်းတွေနဲ့သက်ဆိုင်တဲ့ကုမ္ပဏီတွေ အလုပ်လုပ်ကိုင်ဖို့အတွက်ရည်ရွယ်ထားပါသလား။ ဒါဆိုရင်တော့ ဒီဇူလိုင်လဟာ အဲဒီနယ်ပယ်ကအလုပ်အကိုင်တွေကို ရှာဖွေလျှောက်ထားဖို့အတွက်အကောင်းဆုံးလတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတာ့ JobNet.com.mm မှာဇူလိုင်လအတွင်းအလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေကို လေ့လာကြည့်လိုက်တဲ့အခါမှာ ကုန်သွယ်မှု၊ ဖြန့်ချိရေးနဲ့ ပို့ကုန်/သွင်းကုန်လုပ်ငန်းနယ်ပယ်မှာရှိတဲ့ထိပ်တန်းကုမ္ပဏီအများစုက အလုပ်ခေါ်ယူနေတာကိုတွေ့ရပါတယ်။ နောက်ပြီး ဘဏ်လုပ်ငန်း (Banking) နဲ့ ဆက်သွယ်ရေးလုပ်ငန်း (Telecommunications) နယ်ပယ်တွေမှာရှိတဲ့ကုမ္ပဏီတော်တော်များများကလည်း ဒီလအတွင်းမှာအလုပ်အကိုင်တွေခေါ်ယူနေတာကိုတွေ့ရပါတယ်။
အဲဒါကြောင့် ဒီလအတွင်းမှာအလုပ်အကိုင်ရှာဖွေသူတွေအတွက် အလုပ်ရှာဖွေရာမှာအထောက်အကူပြုစေဖို့ အခုဇူလိုင်လအတွင်းမှာအလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေတဲ့ထိပ်တန်းကုမ္ပဏီ ၁၀ ခုကိုဖော်ပြပေးလိုက်ပါတယ်။
အခုဖော်ပြပေးလိုက်တဲ့ကုမ္ပဏီတွေကခေါ်ယူနေတဲ့အလုပ်အကိုင်တွေကို လျှောက်ထားချင်တယ်ဆိုရင် ပေးထားတဲ့လင့်ခ်တွေကနေဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ အဓိကအရေးကြီးဆုံးကတော့ JobNet.com.mm မှာ Register ပြုလုပ်ထားပြီး မိမိရဲ့ JobSeeker Profile ကို Update ပြုလုပ်ထားဖို့ပါပဲ။ သင့်လိုမျိုးလုပ်ငန်းပိုင်းဆိုင်ရာမှာ အရည်အချင်းရှိတဲ့သူတွေကို မြန်မာနိုင်ငံမှာရှိတဲ့ထိပ်တန်းကုမ္ပဏီကြီးတွေကရှာဖွေနေပါပြီ။ အခုပဲသင့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို မြှင့်တင်လိုက်ပါ။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us