MMR
Myanmar
18th June, 2019
ဇွန်လအတွင်းမှာ အလုပ်ခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခု
ထက်မြက်တဲ့လူငယ်တစ်ယောက်အတွက် ထိပ်တန်းကုမ္ပဏီတစ်ခုမှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုစတင်ဖို့ အသေချာဆုံးနည်းလမ်းကတော့ အလုပ်သင်ဝန်ထမ်းအနေနဲ့အစပြုသင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုအရည်အသွေးတွေကို တိုးတက်အောင်ပြုလုပ်ချင်တဲ့ အလုပ်ခွင်စတင်ဝင်ရောက်မယ့်သူတွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုအစီအစဉ်တချို့ကို နိုင်ငံတကာအခြေစိုက် စီးပွားရေးလုပ်ငန်းအများစု ဆောင်ရွက်ပေးနေပါတယ်။
လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံရှိ ကျွမ်းကျင်သူတွေအတွက်ကလည်း ကုမ္ပဏီကောင်းကောင်းတစ်ခုမှာ အလုပ်ရဖို့အသေချာဆုံးနည်းလမ်းက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုရရှိအောင်ပြုလုပ်ဖို့နဲ့ ကိုယ့်ရဲ့အရည်အချင်းတွေကို အလုပ်ရှင်များများသိမြင်နိုင်အောင် ပြုလုပ်ဖို့ပါပဲ။ လက်ရှိအလုပ်မှာ ပေးအပ်ထားတဲ့အလုပ်တွေကို အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ပေးဖို့နဲ့ JobNet အလုပ်အကိုင်ရှာဖွေဝက်ဘ်ဆိုက်ဒ်မှာ အသစ်ပြုလုပ်ထားတဲ့ Jobseeker Profile လိုမျိုး ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းအတွေ့အကြုံတွေကို အမြဲမပြတ်ဖြည်စွက်နိုင်ပြီး ထိပ်တန်းကုမ္ပဏီတွေက မြင်တွေ့နိုင်အောင်ပြုလုပ်လို့ရတဲ့နေရာမှာလည်း ကိုယ့်ကိုယ်ကိုဖော်ပြထားဖို့ကလည်း အရေးကြီးပါတယ်။
ဘာပဲဖြစ်ဖြစ် လုပ်ငန်းခွင်ကိုစတင်ဝင်ရောက်မယ့်သူပဲဖြစ်ဖြစ် လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံရှိ ကျွမ်းကျင်သူပဲဖြစ်ဖြစ် အရေးကြီးဆုံးခြေလှမ်းကတော့ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ကိုက်ညီမယ့် ကောင်းမွန်တဲ့အလုပ်အကိုင်တွေကို လျှောက်ထားနိုင်ဖို့ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ JobNet.com.mm ရဲ့ အချက်အလက်တွေအရ လျင်မြန်စွာပြောင်းလဲနေတဲ့မြန်မာ့အလုပ်အကိုင်ဈေးကွက်အကြောင်းတွေကို အချိန်နဲ့တပြေးညီ သိရှိစေဖို့ ဒီလအတွင်းမှာ အလုပ်ခေါ်ယူမှုအများဆုံးဖြစ်နေတဲ့ကုမ္ပဏီ ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။
ဒီလရဲ့ အလုပ်အကိုင်ခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခုကတော့
ဒီလအတွင်းမှာ အလုပ်ခေါ်ယူမှုအများဆုံးကုမ္ပဏီတွေကို လေ့လာကြည့်လိုက်မယ်ဆိုရင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းနဲ့ အစားအသောက်အဖျော်ယမကာလုပ်ငန်းနယ်ပယ်တွေရဲ့ တကယ့်ထိပ်တန်းကုမ္ပဏီကြီးတွေက အလုပ်တွေခေါ်ယူနေတာကို မြင်တွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့အလုပ်အကိုင်တိုးတက်ရေးကို တိုးတက်ကြီးပွားလာတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိအောင်ပြုလုပ်ထားနိုင်ခြင်းဟာ အားလုံးအတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေကို ရရှိစေပါတယ်။
ဒီလိုကုမ္ပဏီကြီးတွေကခေါ်ယူနေတဲ့အလုပ်တွေကို လျှောက်ထားချင်တယ်ဆိုရင် JobNet Profile မှာ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို ပြည့်စုံအောင် ဖြည့်စွက်လိုက်ပြီး အလုပ်အကိုင်ဈေးကွက်မှာ ခေါ်ယူနေတဲ့နောက်ဆုံးရအလုပ်အကိုင်တွေကို အမြဲမပြတ်သိရှိအောင်ပြုလုပ်လိုက်ပါ။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us