31st October, 2019

အောက်တိုဘာလအတွင်းမှာ အလုပ်ခေါ်ယူမှုအများဆုံး လုပ်ငန်းနယ်ပယ် ၁၀ ခု

ယနေ့ခေတ် လုပ်ငန်းခွင်မှာကျင်လည်နေတဲ့လူငယ်တော်တော်များများဟာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့မေးခွန်းတစ်ခုရှိပါတယ်။ အဲဒါကတော့ သူတို့တွေအနေနဲ့ နောက်အလုပ်အကိုင်တစ်ခုကိုပြောင်းတဲ့အခါမှာ ဘယ်လိုမျိုးရွေးချယ်သင့်သလဲ ဆိုတာပါပဲ။ 

အလုပ်ရှာဖွေသူအများစု အလုပ်စရှာတဲ့အခါမှာ သူတို့လိုချင်တဲ့ရာထူးမျိုးကို အရင်စဉ်းစားပြီးတော့မှ အဲဒီရာထူးနဲ့ခေါ်ယူနေတဲ့အလုပ်အကိုင်တွေကို လိုက်ရှာလေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့် အဲဒီလိုလူမျိုးတွေကို အကြံပေးဖြစ်တာကတော့ သူတို့ပြောင်းမယ့်နောက်အလုပ်အကိုင်လမ်းကြောင်းမှာ ဘယ်အရာကအရေးကြီးသလဲဆိုတာကို ပထမဆုံးသိအောင်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြောရမယ်ဆိုရင် ဘယ်လိုလုပ်ငန်းနယ်ပယ်မှာ ကျင်လည်ချင်သလဲဆိုတာကို အရင်ဆုံးစဉ်းစားပါ။ ပြီးတော့ ဘယ်လိုကုမ္ပဏီမျိုးမှာ လုပ်ကိုင်ချင်သလဲနဲ့ နောက်ဆုံးကျတော့မှ ဘယ်လိုအလုပ်အကိုင်ရာထူးမျိုးကို ရှာဖွေမလဲဆိုတာကို အစဉ်လိုက်စဉ်းစားစေချင်ပါတယ်။ 

အလုပ်အကိုင်စပြီးရှာဖွေတော့မယ်ဆိုရင် ရာထူး၊ လစာ၊ အလုပ်အကိုင်အမျိုးအစားကဏ္ဍ၊ လုပ်ငန်းနယ်ပယ် အစရှိတဲ့ အချက်အလက်တွေအများကြီးကို လေ့လာရမှာဖြစ်ပါတယ်။ အဲဒီအခါမှာ အလုပ်လျှောက်ထားသူအများစုဟာ အလုပ်အကိုင်အမျိုးအစားကဏ္ဍ (Job Function) နဲ့ လုပ်ငန်းနယ်ပယ် (Industry) ကို အလုပ်ရှာဖွေနေစဉ်မှာ ရောနေတတ်ကြပါတယ်။ အလုပ်အကိုင်အမျိုးအစားကဏ္ဍ (Job Function) ဆိုတာ ကိုယ်ရှာဖွေနေတဲ့ ဒါမှမဟုတ် လုပ်ကိုင်နေတဲ့အလုပ်အမျိုးအစားကို ပြောတာပါ။ ဥပမာ - အရောင်းပိုင်း (Sales)၊ ဈေးကွက်ဖော်ဆောင်ရေးအပိုင်း (Marketing)၊ HR အပိုင်း အစရှိတာတွေပါ။ လုပ်ငန်းနယ်ပယ် (Industry) ဆိုတာ ကိုယ်ရှာဖွေနေတဲ့ ဒါမှမဟုတ် လုပ်ကိုင်နေတဲ့ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်အမျိုးအစားကို ပြောတာပါ။ ဥပမာ - ကိုယ်လုပ်ကိုင်နေတဲ့ကုမ္ပဏီက FMCG လိုမျိုး လူသုံးကုန်ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ကုမ္ပဏီဆိုရင် ကိုယ့်ရဲ့အလုပ်က FMCG လုပ်ငန်းနယ်ပယ်မှာရှိနေပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ရဲ့အလုပ်က FMCG လုပ်ငန်းနယ်ပယ်မှာ Sales အပိုင်းအလုပ်အကိုင်အမျိုးအစားလား ဒါမှမဟုတ် HR အပိုင်းလား အစရှိတာကိုပြောတာပါ။

အလုပ်တစ်ခုကိုရှာဖွေတဲ့အခါမှာ လုပ်ငန်းနယ်ပယ်အမျိုးအစားကို အရေးကြီးတဲ့အရာအဖြစ်စဉ်းစားရတဲ့အချက် ၃ ချက်ရှိပါတယ်။

၁။ လုပ်ငန်းနယ်ပယ်ဆိုတာ ကိုယ့်ရဲ့ Professional Life တစ်လျှောက်လုံးမှာ အသက်ရှင်သန်ရမယ့်နေရာပါ။ ကိုယ်စိတ်မဝင်စားတဲ့လုပ်ငန်းပတ်ဝန်းကျင်က အလုပ်ကိစ္စအကြောင်းတွေးတောရမယ်၊ စကားပြောရမယ်၊ အစီအစဉ်တွေချမှတ်ရမယ်၊ အကောင်အထည်ဖော်ရမယ် စတဲ့အရာတွေကို အဆက်မပြတ်လုပ်နေရမှာဟာ ဘယ်လောက်တောင်ခက်ခဲမလဲဆိုတာကို စဉ်းစားကြည့်ပါ။ ဥပမာ - ကိုယ်က လူတကာအားကျရတဲ့ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်ဆိုပါတော့။ ဒါပေမဲ့လည်း ဒီဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို စိတ်မဝင်စားဘူးဆိုရင်တော့ အလုပ်ထဲမှာတော်တော်ရှည်ကြာတဲ့ရက်တွေကို ဖြတ်သန်းရမှာပါ။

၂။ ကိုယ်ကျင်လည်တဲ့လုပ်ငန်းနယ်ပယ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုတွေရှိရမယ်။ ဒါကတော့ အရမ်းကို သိသာတဲ့အချက်ပါ။ လုပ်ငန်းနယ်ပယ်တစ်ခုမှာ ပိုပြီးလုပ်ကိုင်ကျင်လည်ခဲ့လေလေ အဲဒီနယ်ပယ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်သိမြင်နှံစပ်မ ပိုများလေလေပါပဲ။ အဲဒီလိုမျိုး ကျွမ်းကျင်မှုတွေကို ကုမ္ပဏီတစ်ခုကနေ တစ်ခုကိုပြောင်းတဲ့အခါမှာ ပြန်လည်အသုံးချလို့ရတယ်ဆိုပေမဲ့လည်း လုပ်ငန်းနယ်ပယ်ပြောင်းလိုက်တဲ့အခါမှာတော့ လုပ်ငန်းပိုင်းဆိုင်ရာ စကားလုံးအသစ်တွေ၊ လုပ်ငန်းစဉ်အသစ်တွေ၊ ဝယ်ယူသူအသစ်တွေ၊ ပြိုင်ဘက်အသစ်တွေနဲ့ တွေ့ကြုံပြီးသင်ယူရမှာ ဖြစ်ပါတယ်။

၃။ ကိုယ်နှစ်သက်ဝါသနာပါတဲ့လုပ်ငန်းနယ်ပယ်မှာရှိတဲ့ ကုမ္ပဏီတစ်ခုကိုရွေးချယ်ခဲ့မယ်ဆိုလျှင်တော့ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းဟာ တိုးတက်သွားနိုင်ပြီးတော့ အဲဒီကုမ္ပဏီမှာလည်း ကိုယ့်ရဲ့ရာထူးက အဆင့်ဆင့်တက်သွားနိုင်ပါတယ်။ ဆိုလိုတာက ကိုယ့်စစချင်းအလုပ်ဝင်တဲ့အချိန်က အလုပ်အမျိုးအစားနဲ့မတူညီတော့ဘဲ တာဝန်ယူရတဲ့အပိုင်းတွေပြောင်းလဲလာပြီး ရာထူးတိုးတာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်မနှစ်သက်တဲ့ လုပ်ငန်းအမျိုးအစားနယ်ပယ်ဆိုလျှင်တော့ အဲဒီလိုမျိုးတာဝန်ယူရတဲ့အပိုင်းတွေပြောင်းလဲလာတာဟာ ရှေ့ဆက်ပြီးလုပ်ဆောင်ဖို့ စိန်ခေါ်မှုအခက်အခဲတွေကို ပိုပြီးကြုံတွေ့ရမှာပါ။

ဒါဆိုရင် အလုပ်တစ်ခုကိုရွေးချယ်ရာမှာ ကိုယ်လုပ်ကိုင်လိုတဲ့လုပ်ငန်းနယ်ပယ်ကို သိရှိဖို့ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အကြောင်းကို သိခဲ့ရပြီပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်အနေနဲ့လည်း လက်ရှိမှာအလုပ်အကိုင်ရှာဖွေနေသူတစ်ယောက်ဖြစ်တယ်ဆိုရင် အခုအောက်တိုဘာလအတွင်းမှာ အလုပ်ခေါ်ယူမှုများနေတဲ့လုပ်ငန်းနယ်ပယ်အမျိုးအစား ၁၀ ခုကို JobNet.com.mm ရဲ့အချက်အလက်တွေအရ ဖော်ပြပေးလိုက်ပါတယ်။

  1. Banking/ Financial Services/ Microfinance
  2. Trading/Distribution/Import/Export
  3. Food and Beverage/Catering
  4. Construction/Building/Architecture
  5. Telecommunications
  6. IT/Computer
  7. Manufacturing
  8. FMCG
  9. Education/Training
  10. Hospitality/Hotels

လက်ရှိမှာအလုပ်အကိုင်ရှာဖွေနေသူတွေအတွက် နောက်ထပ်အကြုံပြုချင်တဲ့အရေးကြီးအချက်ကတော့ ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေနဲ့ CV ကို လတ်တလောအလုပ်ခေါ်ယူနေတဲ့အလုပ်ရှင်တွေက တွေ့မြင်နိုင်အောင်ပြုလုပ်ဖို့ပါပဲ။ JobNet.com.mm မှာဆိုရင် KBZ ဘဏ်၊ CDSGUnileverJotunPrudential Myanmar အာမခံ၊ Ooredoo အစရှိတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာထိပ်တန်းကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီပေါင်း ၈၀၀ ကျော်ကနေ လစဉ်ခေါ်ယူနေတဲ့ အလုပ်အကိုင်ပေါင်း ၃၀၀၀ ကျော်မြင်တွေ့နိုင်ပါတယ်။ အဲဒီမှာ ကိုယ်ပိုင် Job-Seeker Profile တစ်ခုကိုပြုလုပ်ထားပြီးတော့ ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေကို ပြည့်စုံအောင်ဖြည့်စွက်ထားပြီး မြန်မာနိုင်ငံကထိပ်တန်းကုမ္ပဏီတွေက ကိုယ့်ကိုမြင်တွေ့အောင် ပြုလုပ်လိုက်ပါ။ စိတ်ကျေနပ်စေတဲ့အလုပ်အကိုင်ရှာဖွေမှု တစ်ခုဖြစ်ပါစေ။