MMR
Myanmar
13th August, 2020
သြဂုတ်လအတွင်းခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခု
အခုနှစ်ဟာဆိုရင် အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်လာရင် အဖြစ်အပျက်များစွာနဲ့ကြုံတွေ့ရတဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ နှစ်အစပိုင်းမှာတော့ ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ကျန်းမာရေးပြဿနာတွေနဲ့ သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အလုပ်အကိုင်ဈေးကွက်ထဲမှာ အကြပ်အတည်းတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုဆိုရင်နှစ်လယ်ပိုင်းထဲကိုရောက်လာပါပြီ။ နိုင်ငံတစ်ဝှမ်းရော မြန်မာနိုင်ငံမှာပါ ဖြစ်ပွားနေတဲ့ကျန်းမာရေးပြဿနာကို အကောင်းဆုံးထိန်းချုပ်ကာကွယ်ပြီး လုပ်ငန်းတွေကို ပြန်လည်စတင်လည်ပတ်နေပါတယ်။ အဲဒါကြောင့် နှစ်လယ်ပိုင်းကိုရောက်လာတဲ့အခါမှာ အလုပ်အကိုင်ဈေးကွက်ဟာပုံမှန်နီးပါးပြန်လည်ဦးမော့လာပြီး အလုပ်အကိုင်ခေါ်ယူမှုတွေပြန်လည်ရှိလာပါတယ်။
လတ်တလောမှာ ထိပ်တန်းကုမ္ပဏီတွေကခေါ်ယူနေတဲ့အလုပ်အကိုင်တွေကို အဓိကထားပြီးရှာဖွေနေတယ်ဆိုရင် သြဂုတ်လက အကောင်းဆုံးလတစ်ခုပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ JobNet.com.mm မှာ သြဂုတ်လအတွင်း အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေတဲ့ကုမ္ပဏီတွေကို လေ့လာကြည့်လိုက်တဲ့အခါမှာ KBZ ဘဏ် ၊ GlobalNet ကုမ္ပဏီ ၊ Max Myanmar ကုမ္ပဏီ ၊ MPT နဲ့ Huawei ကုမ္ပဏီလိုမျိုး ထိပ်တန်းကုမ္ပဏီအများစုက အလုပ်ခေါ်ယူနေတာကို တွေ့ရပါတယ်။
အဲဒါကြောင့် လတ်တလောမှာ အလုပ်အကိုင်ရှာနေတဲ့သူတွေအထောက်အကူပြုစေဖို့ အခုလအတွင်းမှာ အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေတဲ့ထိပ်တန်းကုမ္ပဏီ ၁၀ ခုကိုဖော်ပြပေးလိုက်ပါတယ်။
အထက်ဖော်ပြပါ အလုပ်ခေါ်ယူနေတဲ့ထိပ်တန်းကုမ္ပဏီတွေမှာ မိမိနဲ့ကိုက်ညီတဲ့အလုပ်တွေကို လျှောက်ထားချင်တယ်ဆိုရင်တော့ www.jobnet.com.mm မှာစာရင်းပေးသွင်းပြီး မိမိရဲ့ JobSeeker Profile ကိုစနစ်တကျပြည့်ပြည့်စုံစုံဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။ အကယ်၍ JobNet မှာ JobSeeker Profile ရှိထားပြီးဖြစ်ပါကလည်း ကိုယ့်ရဲ့ Profile မှာ အလုပ်အကိုင်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ပြန်လည်စစ်ဆေးကာ အသစ်ထပ်မံဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။ ဒီထက်ပိုပြီး မြန်မာနိုင်ငံမှာရှိတဲ့ထိပ်တန်းကုမ္ပဏီတွေရဲ့ အလုပ်အကိုင်ခေါ်ယူမှုသတင်းတွေကို အချိန်နဲ့တပြေးညီသိရှိချင်တယ်ဆိုရင် JobNet.com.mm ကို Bookmark လုပ်ထားပြီး ဝင်ရောက်လေ့လာဖို့မမေ့ပါနဲ့နော်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us