MMR
Myanmar
16th June, 2020
ဇွန်လအတွင်းခေါ်ယူမှုအလုပ်ခေါ်ယူမှုအများဆုံး ထိပ်တန်းကုမ္ပဏီ ၁၀ ခု
၂၀၂၀ ခုနှစ်အစပိုင်းမှာ သိသိသာသာဖြစ်ပွားလာခဲ့တဲ့ COVID-19 ကျန်းမာရေးပြဿနာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေရဲ့လည်ပတ်မှုနဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာ အကြပ်အတည်းတွေပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အချိန်အကြာကြီးစီးပွားရေးလုပ်ငန်းတွေရဲ့လည်ပတ်မှုကို ရပ်ဆိုင်းမထားသင့်တဲ့အတွက်ကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေဟာ ဝန်ထမ်းတွေအတွက် ကျန်းမာရေးနဲ့ညီညွှတ်ပြီး ဘေးအန္တာရာယ်ကင်းရှင်းတဲ့လုပ်ငန်းခွင်များပံ့ပိုးပေးပြီး စတင်လည်ပတ်နေပါပြီ။
အဲဒီလို လုပ်ငန်းတွေစတင်လည်ပတ်လာတဲ့အတွက်ကြောင့် တချို့ကုမ္ပဏီတွေမှာလုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံနဲ့ အရည်အချင်းရှိသူတွေကို ခေါ်ယူလာကြပါပြီ။ ယခုဇွန်လအတွင်းမှာ အလုပ်အကိုင်များစွာကို ခေါ်ယူနေတဲ့ထိပ်တန်းကုမ္ပဏီ ၁၀ ခုကိုကြည့်လိုက်မယ်ဆိုရင် Month of Banking and Finance လို့ပင် ဆိုလိုရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခုလအတွင်းမှာခေါ်ယူနေတဲ့ထိပ်တန်းကုမ္ပဏီ ၁၀ ခုရဲ့ ၄၀ ရာခိုင်နှုန်းက ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်ကဖြစ်ပါတယ်။ ဒါဆို ယခုလအတွင်းမှာ အလုပ်အကိုင်အများအပြားကို ခေါ်ယူနေတဲ့ထိပ်တန်းကုမ္ပဏီ ၁၀ ခုကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။
ယခုလအတွင်းမှာအလုပ်ခေါ်ယူနေတဲ့ထိပ်တန်းကုမ္ပဏီတွေကို ကြည့်လိုက်မယ်ဆိုရင် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအပြင် ဆောက်လုပ်ရေးလုပ်ငန်း၊ အစားအသောက်ထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်း၊ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်း၊ ဆေးဝါးနဲ့ဆေးပစ္စည်းဖြန့်ချီထုတ်လုပ်မှုလုပ်ငန်းအပြင် ဆက်သွယ်ရေးနဲ့နည်းပညာလုပ်ငန်းပိုင်း ကကုမ္ပဏီအများစုကခေါ်ယူနေကြတာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ အလုပ်ခေါ်ယူနေတဲ့ထိပ်တန်းကုမ္ပဏီတွေမှာ မိမိနဲ့ကိုက်ညီတဲ့အလုပ်တွေကို လျှောက်ထားချင်တယ်ဆိုရင်တော့ www.jobnet.com.mm မှာ စာရင်းပေးသွင်းပြီး မိမိရဲ့ JobSeeker Profile ကိုစနစ်တကျပြည့်ပြည့်စုံစုံဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။ အကယ်၍ JobNet မှာ JobSeeker Profile ရှိထားပြီးဖြစ်ပါကလည်း ကိုယ့်ရဲ့ Profile မှာ အလုပ်အကိုင်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ပြန်လည်စစ်ဆေးကာ အသစ်ထပ်မံဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။ ဒီထက်ပိုပြီး မြန်မာနိုင်ငံမှာရှိတဲ့ထိပ်တန်းကုမ္ပဏီတွေရဲ့ အလုပ်အကိုင်ခေါ်ယူမှုသတင်းတွေကို အချိန်နဲ့တပြေးညီသိရှိချင်တယ်ဆိုရင် JobNet.com.mm ကို Bookmark လုပ်ထားပြီး ဝင်ရောက်လေ့လာဖို့မမေ့ပါနဲ့နော်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us