MMR
Myanmar
16th October, 2020
အောက်တိုဘာလအတွင်း အလုပ်ခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခု
အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို စတင်တော့မယ့်လူတွေရော အလုပ်ပြောင်းချင်တဲ့လူတွေရော သိဖို့လိုအပ်တာက အလုပ်ခေါ်ယူမှုတွေအကြောင်းပါ။ လက်ရှိမှာ ခေါ်ယူမှုများနေတဲ့အလုပ်တွေ၊ ကုမ္ပဏီတွေအကြောင်းကို သိထားဖို့အရေးကြီးပါတယ်။ ကိုယ့်အတွက် ဘယ်လိုအလုပ်မျိုးကသင့်တော်မယ်၊ ဘယ်လိုအလုပ်မျိုးကို လျှောက်သင့်တယ်၊ ဘယ်လိုကုမ္ပဏီတွေက ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို ခေါ်ယူနေတယ်ဆိုတာကို သိနေရင်အလုပ်အကိုင်ကောင်းတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
အချိန်ရာသီဟာ အလုပ်ရှာဖွေလျှောက်ထားမှုမှာ အကျိုးသက်ရောက်မှုတွေအများကြီး ရှိပါတယ်။ လတိုင်းလတိုင်းဟာ အလုပ်အကိုင်ရှာဖွေသူအတွက် မတူညီတဲ့စိန်ခေါ်မှုတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပေးစွမ်းနိုင်ပါတယ်။ အခုဆိုရင် ၂၀၂၀ ခုနှစ်ရဲ့နှစ်ကုန်ပိုင်းကိုရောက်ဖို့ အချိန်တွေနီးလာပြီဆိုပေမဲ့ ဈေးကွက်အတွင်းမှာ အလုပ်ခေါ်ယူမှုတွေနဲ့ လျှောက်ထားမှုတွေဟာ မလျော့ကျသေးပါဘူး။ ယခုအောက်တိုဘာလမှာဆိုရင် မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးနှစ်အသစ်ကပြန်စနေသလို ၂၀၂၀ ခုနှစ်အတွင်းမှာဖြစ်ပွားနေတဲ့စိန်ခေါ်မှုတွေကြောင့် ကုမ္ပဏီတွေဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် သုံးစွဲမယ့်ငွေကြေးတွေကို ကြိုတင်လျာထားပြီးဖြစ်ပါတယ်။ အဲဒီအထဲမှာ နောက်နှစ်အတွက် အလုပ်အကိုင်ခေါ်ယူမှုမှာသုံးစွဲမယ့်ငွေကြေးပမာဏကိုပါ ထည့်သွင်းရေးဆွဲပြီးဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ကုမ္ပဏီတွေအတွက်တကယ်လိုအပ်နေတဲ့အလုပ်ရာထူးတွေကို အခုလအတွင်းမှာစတင်ခေါ်ယူနေပါပြီ။
JobNet.com.mm အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုက်ရဲ့အချက်အလက်အသစ်တွေအရ အခုအောက်တိုဘာလအတွင်းမှာ အလုပ်အကိုင်တွေကိုစတင်ခေါ်ယူနေတဲ့ကုမ္ပဏီတွေအထဲမှ အများဆုံးခေါ်ယူနေတဲ့ထိပ်တန်းကုမ္ပဏီ ၁၀ ခုကို ဖော်ပြလိုက်ပါတယ်။
အခုအောက်တိုဘာလရဲ့အလုပ်ခေါ်ယူမှုအများဆုံးကုမ္ပဏီများစာရင်းရဲ့ ထူးခြားမှုကတော့ ဒီလအတွင်းမှာ နာမည်ကြီးနိုင်ငံတကာအာမခံကုမ္ပဏီတွေကနေ အလုပ်အကိုင်တွေများစွာကိုခေါ်ယူနေတာပဲဖြစ်ပါတယ်။ အာမခံလုပ်ငန်းနယ်ပယ်ကို ပြောင်းဖို့စဉ်းစားနေတယ် ဒါမှမဟုတ် ရည်ရွယ်ထားတယ်ဆိုရင် အခုအချိန်ဟာအကောင်းဆုံးပဲဖြစ်ပါတယ်။
အခုဆိုရင် အလုပ်အကိုင်ဈေးကွက်ထဲမှာ လျှောက်ထားမှုအများဆုံးအလုပ်အကိုင်တွေကို သိရှိလိုက်ရပြီဆိုတော့ ကိုယ့်ရဲ့အနာဂတ်အလုပ်အကိုင်လမ်းကြောင်းတစ်ခုတည်ဆောက်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်မယ့် JobNet.com.mm မွာ Register ပြုလုပ်ပြီး ကိုယ့်ရဲ့ Job-Seeker Profile မှာ လုပ်ငန်းအတွေ့အကြုံတွေနဲ့ အရည်အချင်းတွေကို ပြည့်စုံစွာဖြည့်စွက်ထားလိုက်ပါ။ ပြီးလျှင် ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်အကိုင်တွေကို Click တစ်ချက်နှိပ်ရုံနဲ့ လျှင်မြန်စွာလျှောက်ထားနိုင်ပါတယ်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us