12th January, 2021

၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ

တကယ်ကိုပြင်းထန်တဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်ကျော်ပြီးနောက်မှာ အခုဆိုရင်တော့ ၂၀၂၁  ခုနှစ်ကို စတင်ဝင်ရောက်လာပါပြီ။ JobNet.com.mm ရဲ့ ဒီနှစ်သစ်ရည်မှန်းချက်ကတော့ ဘယ်လိုမျိုးစိန်ခေါ်မှုတွေများတဲ့အခြေအနေမှာမဆို အလုပ်ရှာဖွေနေသူတွေနဲ့အတူရပ်တည်ပြီး များစွာသောအလုပ်အကိုင်တွေကို စဉ်ဆက်မပြတ်ယူဆောင်လာပေးဖို့ပဲဖြစ်ပါတယ်။ 

နောက်ပြီး ဒီနှစ်မှာ ဘယ်လိုမျိုးကုမ္ပဏီကြီးတွေက ဘယ်လိုမျိုးအလုပ်အကိုင်ကောင်းကောင်းတွေ ခေါ်ယူနိုင်မလဲဆိုတာကိုရော သိပြီးပြီလား။ ပိုကောင်းတဲ့အလုပ်အကိုင်တစ်ခုကို ပြောင်းဖို့စဉ်းစားနေပြီဆိုရင် အခုလက်ရှိ အလုပ်အကိုင်ခေါ်ယူမှုနယ်ပယ်တွေမှာ ကိုယ်နဲ့သက်ဆိုင်တဲ့အလုပ်တွေကို ခေါ်ယူမှုတွေရှိနေပြီလား၊ နောက်ပြီး ဘယ်လိုကုမ္ပဏီမျိုးတွေက အဲဒီအလုပ်တွေကိုခေါ်ယူနေကြလဲဆိုတာကို အရင်ဆုံးသိရှိဖို့လိုပါတယ်။

ဒါ့ကြောင့် စိန်ခေါ်မှုတွေနဲ့အတူ နှစ်သစ်မှာပိုကောင်းတဲ့အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် JobNet.com.mm ကနေ ၂၀၂၀ ခုနှစ်အတွင်း ကုမ္ပဏီအသီးသီးရဲ့အလုပ်အကိုင်ခေါ်ယူမှုဆိုင်ရာ ကိန်းဂဏန်းတွေနဲ့ အချက်အလက်တွေအပေါ် သုံးသပ်ချက်အရ အခု ၂၀၂၁ ခုနှစ်အစမှာ အလုပ်အကိုင်အများဆုံးခေါ်ယူနေတဲ့ထိပ်တန်းကုမ္ပဏီကြီး ၁၀ ခုကို ဖော်ပြလိုက်ပါတယ်။

  1. KBZ Bank

  2. Super Seven Stars

  3. Yoma Bank

  4. MPT - Myanma Posts & Telecommunications

  5. SHWE TAUNG GROUP

  6. YOMA Land

  7. Myanma Apex Bank (MAB) Ltd

  8. Wilmar Myanmar Limited

  9. Osotspa Myanmar Co.,Ltd

  10. Shop.com.mm

အခုဆိုရင် အလုပ်အကိုင်ဈေးကွက်ထဲမှာ အလုပ်ခေါ်ယူမှုအများဆုံးကုမ္ပဏီတွေကို သိရှိလိုက်ရပြီဆိုတော့ ကိုယ့်ရဲ့အနာဂတ်အလုပ်အကိုင်လမ်းကြောင်းတစ်ခုတည်ဆောက်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်မယ့် JobNet.com.mm မှာ Register ပြုလုပ်ပြီး ကိုယ့်ရဲ့ Job-Seeker Profile မှာ လုပ်ငန်းအတွေ့အကြုံတွေနဲ့ အရည်အချင်းတွေကို ပြည့်စုံစွာဖြည့်စွက်ထားလိုက်ပါ။ ပြီးလျှင် ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်အကိုင်တွေကို Click တစ်ချက်နှိပ်ရုံနဲ့ လျှင်မြန်စွာလျှောက်ထားနိုင်ပါတယ်။ အလုပ်အကိုင်လျှောက်ထားတဲ့အခါမှာလည်း ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အသွေးတွေနဲ့ အတွေ့အကြုံတွေကို ကိုယ့်ရဲ့အလုပ်လျှောက်လွှာမှာ ထိထိရောက်ရောက်နဲ့ဆွဲဆောင်မှုရှိအောင် ဘယ်လိုမျိုးဖော်ပြရမလဲဆိုတာကို လေ့လာချင်တယ်ဆိုရင် ဒီနေရာမှာ ဝင်ရောက်လေ့လာလိုက်ပါ။