MMR
Myanmar
18th November, 2020
နိုဝင်ဘာလအတွင်းမှာ အလုပ်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
အခုဆိုရင် နှစ်ကုန်ပိုင်းကိုရောက်ရှိလာပေမဲ့ အလုပ်ခေါ်ယူမှုတွေကတော့ လျော့ကျသွားတဲ့လက္ခဏာကို မတွေ့ရပါဘူး။ ဘဏ်လုပ်ငန်းနဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကနေစပြီး ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချတဲ့ဝန်ဆောင်မှုတွေအထိ လုပ်ကိုင်ကြတဲ့ကုမ္ပဏီတွေဟာ သက်ဆိုင်ရာလုပ်ငန်းပိုင်းတွေမှာ အရည်အချင်းရှိတဲ့သူတွေကို ငှားရမ်းခေါ်ယူဖို့စိတ်အားထက်သန်နေကြပါတယ်။ နောက်ပြီး နှစ်သစ်မှာ လုပ်ငန်းအသစ်တွေတိုးချဲ့လုပ်ဆောင်နိုင်ဖို့ သူတို့တွေဟာအခုဆိုရင် အလုပ်လျှောက်လွှာစီစစ်တာတွေ၊ အင်တာဗျူးခေါ်ဆိုတာတွေနဲ့ အလုပ်ခေါ်စာကမ်းလှမ်းတာတွေကို အားလပ်ရက်ရာသီတစ်လျှောက်မှာလည်း ပြုလုပ်ဆောင်ရွက်နေပါတယ်။
အဲဒါကြောင့် ကိုယ်အနေနဲ့နှစ်သစ်မှာ အခွင့်အလမ်းကောင်းအသစ်တစ်ခုကိုဆုတ်ကိုင်နိုင်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုလျှင် လာမယ့်ပိတ်ရက်တွေမှာ ခုနကပေးထားတဲ့သတင်းကိုသေချာအသုံးချပြီး ကိုယ်လိုချင်တဲ့အလုပ်အကိုင်တွေကို အင်တိုက်အားတိုက်ရှာဖွေလိုက်ပါ။ နှစ်သစ်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အသစ်အသစ်တွေနဲ့စတင်နိုင်စေဖို့ အလုပ်အကိုင်အသစ်တွေကို အမိအရလျှောက်ထားလိုက်ပါ။ အဲဒါကြောင့် အခုနှစ်ကုန်ပိုင်းမှာ အလုပ်ခေါ်ယူမှုအများဆုံးလုပ်ကိုင်နေတဲ့ထိပ်တန်းကုမ္ပဏီ ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။
ဒီလမှာခေါ်ယူနေတဲ့လစ်လပ်အလုပ်အကိုင်အများစုဟာ တကယ်ကိုလိုအပ်လို့ခေါ်ယူနေတဲ့အလုပ်တွေဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းမှာ အရေးကြီးတဲ့နေရာတစ်ခုအတွက် အရည်အချင်းရှိတဲ့သူတစ်ယောက်ကို အရေးတကြီးလိုအပ်တဲ့အခါမှာ ဒါမှမဟုတ် အရေးကြီးတဲ့နေရာကသူတစ်ယောက် ထွက်သွားတဲ့အခါမှာ အဲဒီနေရာတွေကို တတ်နိုင်သမျှမြန်မြန်ပြန်ဖြည့်ဖို့အတွက် အားလပ်ရက်တွေများတဲ့နှစ်ကုန်ခါနီးမှာ မဖြစ်မနေအခြေအနေအတွက် အလုပ်တွေကိုခေါ်ယူလေ့ရှိပါတယ်။
အဲဒါကြောင့် အခုလပိုင်းမှာ အလုပ်ခေါ်ယူမှုလုပ်ငန်းစဉ်တွေက အချိန်တွေကြာတတ်ပေမဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာ အဲဒီလိုခေါ်ယူနေတဲ့လစ်လပ်ရာထူးတွေကို စောင့်ကြည့်နေမယ်ဆိုလျှင် အလုပ်ခေါ်ယူနေသူတွေဆီကို ယှဉ်ပြိုင်မှုနည်းနည်းနဲ့အရောက်သွားနိုင်မယ့် အခွင့်အရေးကောင်းတွေ ကိုယ့်ဆီချက်ချင်းရောက်လာနိုင်ပါတယ်။ နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့အလုပ်သစ်တစ်ခုဆီကို တက်လှမ်းဖို့စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ အခုပဲ ဒီနေရာမှာ စာရင်းသွင်းပြီး မြန်မာနိုင်ငံရဲ့နိုင်ငံတကာနဲ့ပြည်တွင်းထိပ်တန်းကုမ္ပဏီကြီးတွေမှာ ခေါ်ယူနေတဲ့နယ်ပယ်မျိုးစုံက အလုပ်အကိုင်ကောင်းတွေကို လျှောက်ထားလိုက်ပါ။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us