MMR
Myanmar
20th August, 2020
မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ
လေ့လာတွေ့ရှိချက်တွေအရ အလုပ်အကိုင်လမ်းကြောင်းမှာအောင်မြင်မှုနဲ့ပတ်သက်လာရင်လည်း လုပ်ငန်းခွင်ပျော်ရွှင်မှုဟာ ရာထူးနဲ့လစာတွေထက်ပိုပြီးသက်ရောက်မှုရှိတယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ နောက်ပြီး ကုမ္ပဏီရဲ့နာမည်ဂုဏ်သတင်းကြီးမားမှုဟာလည်း အဲဒီမှာလုပ်ကိုင်နေကြတဲ့ဝန်ထမ်းတွေရဲ့ အလုပ်အကိုင်လမ်းကြောင်းအတွက် အထောက်အပံ့ဖြစ်စေတယ်လို့လည်း အလုပ်ရှာဖွေသူတွေကလက်ခံထားကြပါတယ်။
အဲဒါကြောင့် အခုခေတ်မှာ အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီ ဒါမှမဟုတ် လုပ်ငန်းအဖွဲ့အစည်းတစ်ခုရဲ့နာမည်ဂုဏ်သတင်းဟာ အလုပ်အကိုင်ရှာဖွေသူတွေအတွက် အဓိကထားကြည့်တဲ့ဦးစားပေးအချက်တစ်ခုဖြစ်ပါတယ်။ ဥပမာ - ဘယ်လိုလုပ်ငန်းအဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေ တိုးတက်လာအောင် ထောက်ပံ့ပေးကြသလဲ၊ လုပ်ငန်းခွင်မှာပျော်ရွှင်လာအောင် ဘယ်လိုအစီအစဉ်တွေထားရှိပေးကြသလဲ၊ ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုအဖွဲ့က ဘယ်လောက်အထိအတွေ့အကြုံနဲ့အရည်အချင်းတွေရှိကြသလဲ၊ သင့်တင့်ကောင်းမွန်တဲ့လစာနဲ့ အကျိုးခံစားခွင့်တွေကိုရောပေးရဲ့လား အစရှိတဲ့အချက်တွေနဲ့ပတ်သက်ပြီး ကောင်းကောင်းထောက်ပံ့ပေးတဲ့ကုမ္ပဏီမျိုးတွေကို ရှာဖွေလာကြပါတယ်။
များသောအားဖြင့်သော ကိုယ့်ရဲ့လုပ်ငန်းအသိုင်းအဝိုင်းထဲမှာရှိတဲ့ မိတ်ဆွေအချင်းချင်းမေးမြန်းကြပြီး သူတို့ရဲ့အတွေ့အကြုံတွေနဲ့ ထောက်ခံချက်တွေကိုလေ့လာဆန်းစစ်ပြီးဆုံးဖြတ်ကြပါတယ်။ ဒါပေမဲ့လည်း ဒီနည်းလမ်းက လုပ်ငန်းနယ်ပယ်စုံမှာရှိတဲ့ကုမ္ပဏီတွေရဲ့အကြောင်းကို သိနိုင်ဖို့တော့ခဲယဉ်းပါတယ်။ အဲဒါကြောင့် အလုပ်ရှာဖွေသူတွေအတွက် သူတို့ရဲ့လက်ချောင်းလေးတွေလှုပ်ရှားလိုက်ရုံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေရဲ့သတင်းတွေကို အမြန်ဆုံးနဲ့တိကျမှန်ကန်စွာထောက်ပံ့ပေးနိုင်ဖို့ JobNet Myanmar အနေနဲ့ကြိုစားနေပါတယ်။
အခု ၂၀၂၀ ခုနှစ်မှာဆိုရင် “မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အကောင်းဆုံးကုမ္ပဏီများ - Best Companies to Work in Myanmar” ရွေးချယ်ပွဲကြီးကို ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး အလုပ်ရှာဖွေသူတွေ အမြဲစိတ်ဝင်တစားရှာဖွေနေတဲ့မေးခွန်းတစ်ခုအတွက် အကောင်းဆုံးအဖြေတစ်ခုကိုရှာဖွေပေးလိုက်ပါတယ်။ အဲဒီရွေးချယ်မှုအစီအစဉ်မှာ လုပ်ငန်းစုကုမ္ပဏီကြီးများနဲ့ အသေးစားအလတ်စားကုမ္ပဏီများဆိုပြီး အုပ်စုနှစ်စုခွဲထားပါတယ်။ ယခုနှစ်အတွက် လုပ်ငန်းစုကုမ္ပဏီကြီး ၁၅ ခုနဲ့ အသေးစားအလတ်စားကုမ္ပဏီ ၉ ခုတို့ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၂၀ ခုနှစ်အတွက် မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ
လုပ်ငန်းစုကုမ္ပဏီကြီးများ
အသေးစားနှင့်အလတ်စားကုမ္ပဏီများ
ဒီရွေးချယ်ပွဲမှာပါဝင်ယှဉ်ပြိုင်တဲ့ကုမ္ပဏီတွေဟာ ပြိုင်ပွဲကျင်းပတဲ့အဖွဲ့ကပြလုပ်ထားတဲ့ Employee Engagement အွန်လိုင်းစစ်တမ်းကို သူတို့ရဲ့ဝန်ထမ်းတွေကို ဖြေဆိုခိုင်းရပါတယ်။ မိမိတို့ရဲ့အဲဒီစစ်တမ်းရဲ့ရလဒ်တွေကိုအတည်ပြုစီစစ်ပြီးမှ ရွေးချယ်ခံရတဲ့ကုမ္ပဏီတွေရဲ့စာရင်းတွေကို ထုတ်ပြန်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် လက်ရှိဝန်ထမ်းတွေက မိမိတို့ကုမ္ပဏီရဲ့လုပ်ငန်းခွင်နဲ့စီမံခန့်ခွဲမှုအနေအထားတွေကို မှန်ကန်တိကျစွာမှတ်ချက်ပေးထားတဲ့စစ်တမ်းရလဒ်တွေ ဖြစ်တဲ့အတွက် အလုပ်ရှာဖွေနေသူတွေအတွက် အလွန်ကိုအသုံးဝင်တဲ့သတင်းအချက်အလက်တွေပဲဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် မြန်မာနိုင်ငံမှာအလုပ်လုပ်ကိုင်ဖို့ အကောင်းဆုံးကုမ္ပဏီတွေစာရင်းထဲမှာ လတ်တလောအလုပ်အကိုင်တွေခေါ်ယူနေတဲ့ လုပ်ငန်းအဖွဲ့အစည်းတချို့ရှိပါတယ်။ အလုပ်ရှာဖွေနေသူတွေအနေနဲ့ အဲဒီကုမ္ပဏီတွေက လတ်တလောခေါ်ယူနေတဲ့အလုပ်အကိုင်တွေ ဒါမှမဟုတ် နောင်မှာခေါ်ယူမယ့်အလုပ်အကိုင်သတင်းတွေကို သိရှိချင်တယ်ဆိုရင် www.jobnet.com.mm မှာစာရင်းပေးသွင်းပြီး မိမိရဲ့ကိုယ်ပိုင် JobSeeker Profile ကို ကိုယ်ရေးအချက်အလက်ပြည့်စုံစွာနဲ့ ပြုလုပ်လိုက်ပါ။ ဒါဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးကုမ္ပဏီတွေအပြင် အခြားကုမ္ပဏီတွေကနေခေါ်ယူနေတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်မှာ ဖြစ်ပါတယ်။
Hot Topics
Top Employers
Recent Articles
2025 July- Top 10 Industries and Job Functions with the most Jobs
2025 June- Top 10 Industries and Job Functions with the most Jobs
2025 May- Top 10 Industries and Job Functions with the most Jobs
2025 April- Top 10 Industries and Job Functions with the most Jobs
2025 February- Top 10 Industries and Job Functions with the most Jobs
Follow us