မြန်မာ
23rd December, 2020
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ ၂၀၂၀ ခုနှစ်ဟာ နှစ်ကုန်ပိုင်းကိုရောက်ရှိလာပြီး နှစ်သစ်တစ်ခုကိုစတော့မှာဆိုပေမဲ့ အလုပ်ခေါ်ယူမှုတွေကတော့ လျော့ကျသွားတဲ့လက္ခဏာကို မတွေ့ရပါဘူး။ ၂၀၂၀ ခုနှစ်ရဲ့အလုပ်အကိုင်ဈေးကွက်ကို ကြည့်ရှုလိုက်မယ်ဆိုရင် ငွေကြေးနဲ့ဘဏ်လုပ်ငန်းနယ်ပယ်ဟာ ဒီနှစ်ရဲ့ရေပန်းအစားဆုံးနဲ့အလုပ်ခေါ်ယူမှုအများဆုံး လုပ်ငန်းနယ်ပယ်တစ်ခုပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်ရေးနဲ့အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေအပြင် အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းနယ်ပယ်က ကုမ္ပဏီတွေဟာ ဒီနှစ်ကုန်ပိုင်းရဲ့အလုပ်အကိုင်ခေါ်ယူမှုအများဆုံးလုပ်ငန်းတွေဖြစ်ပါတယ်။ နောက်ပြီး နှစ်သစ်မှာ လုပ်ငန်းအသစ်တွေတိုးချဲ့လုပ်ဆောင်နိုင်ဖို့ သူတို့တွေဟာအခုဆိုရင် အလုပ်လျှောက်လွှာစီစစ်တာတွေ၊ အင်တာဗျူးခေါ်ဆိုတာတွေနဲ့ အလုပ်ခေါ်စာကမ်းလှမ်းတာတွေကို အားလပ်ရက်ရာသီတစ်လျှောက်မှာလည်း ပြုလုပ်ဆောင်ရွက်နေပါတယ်။
အဲဒါကြောင့် ကိုယ်အနေနဲ့နှစ်သစ်မှာ အခွင့်အလမ်းကောင်းအသစ်တစ်ခုကိုဆုတ်ကိုင်နိုင်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုလျှင် ဒီလမှာအေးအေးဆေးဆေးနေနေမဲ့အစား မှန်ကန်တဲ့အလုပ်အကိုင်သတင်းတွေကိုသေချာအသုံးချပြီး ကိုယ်လိုချင်တဲ့အလုပ်အကိုင်တွေကို အင်တိုက်အားတိုက်ရှာဖွေလိုက်ပါ။ ၂၀၂၁ ရာစုနှစ်သစ်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အသစ်အသစ်တွေနဲ့စတင်နိုင်စေဖို့ အလုပ်အကိုင်အသစ်တွေကို အမိအရလျှောက်ထားလိုက်ပါ။ အဲဒါကြောင့် ပိုမိုကောင်းမွန်တဲ့နှစ်သစ်အလုပ်အကိုင်အတွက် ၂၀၂၀ နှစ်ကုန်မှာ အလုပ်ခေါ်ယူမှုအများဆုံးလုပ်ကိုင်နေတဲ့ထိပ်တန်းကုမ္ပဏီ ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။
ဒီဇင်ဘာလမှာအလုပ်ခေါ်ယူမှုလုပ်ငန်းစဉ်တွေက နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်တွေကြောင့် အချိန်နည်းနည်းကြာတတ်ပေမဲ့ အလုပ်အကိုင်ဈေးကွက်ထဲမှာ ဒီအချိန်မှာအလုပ်လျှောက်မယ်ဆိုရင် အလုပ်ခေါ်ယူနေသူတွေဆီကို မိမိရဲ့ CV ဟာ ယှဉ်ပြိုင်မှုနည်းနည်းနဲ့အရောက်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ HR တွေဟာ အရေးတကြီးလိုအပ်နေတဲ့ရာထူးတွေအတွက်လျှောက်လွှာတွေကို ပိတ်ရက်မတိုင်ခင် ဒါမှမဟုတ် ပိတ်ရက်အတွင်းမှာ စီစစ်ထားပြီး ရုံးပြန်ဖွင့်တာနဲ့အင်တာဗျူးခေါ်ယူမှုနဲ့ အလုပ်ခန့်ထားမှုတွေကို မြန်မြန်ဆန်ဆန်ပြုလုပ်လေ့ရှိတဲ့အတွက်ကြောင့်ပါပဲ။ နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့အလုပ်သစ်တစ်ခုဆီကို တက်လှမ်းဖို့စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ အခုပဲ ဒီနေရာမှာ စာရင်းသွင်းပြီး မြန်မာနိုင်ငံရဲ့နိုင်ငံတကာနဲ့ပြည်တွင်းထိပ်တန်းကုမ္ပဏီကြီးတွေမှာ ခေါ်ယူနေတဲ့နယ်ပယ်မျိုးစုံက အလုပ်အကိုင်ကောင်းတွေကိုလျှောက်ထားလိုက်ပါ။ နှစ်သစ်မှာ ကိုယ့်ရဲ့လက်ရှိအလုပ်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် အလုပ်အသစ်မှာပဲဖြစ်ဖြစ် အောင်မြင်မှုတွေဆွတ်ခူးနိုင်ကြပါစေလို့ JobNet.com.mm ကနေဆုတောင်းပေးလိုက်ပါတယ်။
အဟော့ဆုံးအကြောင်းအရာများ
ထိပ်တန်းအလုပ်ရှင်များ
လတ်တလော ဆောင်းပါးများ
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow လုပျပါ