MMR
Myanmar
24th January, 2020
၂၀၂၀ ခုနှစ်အစပိုင်းမှာ အလုပ်ခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခု
အခုဆိုရင် ဇန်နဝါရီလလယ်ကိုကျော်လာပါပြီ။ JobNet အနေနဲ့လည်း ဒီနှစ်မှာလည်း အလုပ်အကိုင်ရှာဖွေနေသူတွေဆီကို အလုပ်အကိုင်ပေါင်းများစွာကိုဆက်လက်ယူဆောင်လာမယ်ဆိုတဲ့ New Year’s Resolution ကိုမပျက်မကွက်ဆက်လက်လုပ်ဆောင်နေပါတယ်။ အကယ်၍ အလုပ်ရှာဖွေနေသူတွေအနေနဲ့လည်း ကိုယ့်ရဲ့နှစ်သစ်အစီအစဉ်တွေထဲမှာ ကိုယ်တကယ်နှစ်သက်တဲ့အလုပ်အကိုင်အသစ်ကို ရှာဖွေမယ်ဆိုတဲ့အစီအစဉ်ပါလာခဲ့တယ်ဆိုရင် ဒီနှစ်ရဲ့အလုပ်ရှာဖွေမှုခေါ်ယူမှုအများဆုံးအချိန်အတွက် အာရုံစိုက်ပြီးလျှောက်ထားဖို့ အချိန်တွေအများကြီးကျန်ပါသေးတယ်။
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တစ်ခုကိုရှာဖွေဖို့ လွယ်ကူတဲ့နည်းလမ်းကောင်းတစ်ခုကို ဒီမှာမျှဝေလိုက်ပါတယ်။ အဲဒါကတော့ JobNet ရဲ့ လစဉ်အလုပ်ခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခုပဲဖြစ်ပါတယ်။ JobNet.com.mm ကဖော်ပြလိုက်တဲ့အချက်အလက်တွေအပေါ်အခြေခံပြီး လစဉ်အလုပ်ခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။ အခုချက်ချင်းပဲ ထိပ်တန်းကုမ္ပဏီတွေက ခေါ်ယူမှုနေမှုတွေကိုလ့လာကြည့်ရှုလိုက်ပါ။
အထက်မှာဖော်ပြထားတဲ့စာရင်းအရ ဒီနှစ်ရဲ့အစမှာအလုပ်ခေါ်ယူမှုတွေအများဆုံးပြုလုပ်နေတဲ့ကုမ္ပဏီတွေဟာ ထုတ်လုပ်ရေးလုပ်ငန်း၊ လက်လီလက်ကားရောင်းဝယ်ဖြန့်ချီရေးလုပ်ငန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချီရေး လုပ်ငန်း၊ ဈေးကွက်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဆေးဝါးဆေးပစ္စည်းထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်းနယ်ပယ်တွေကဖြစ်ပါတယ်။
ဘယ်ကုမ္ပဏီတွေကအလုပ်အကိုင်ခေါ်ယူမှုတွေ ပြုလုပ်နေသလဲဆိုတာကိုသိထားခြင်းဟာ အလုပ်အကိုင်ရှာဖွေမှုအတွက် အဓိကကျတဲ့အဆင့်ဖြစ်ပါတယ်။ အဲဒါကြောင့် အခုအချိန်ဟာဆိုရင် အလုပ်အကိုင်ဈေးကွက်ထဲကိုသေချာထွက်ကြည့်ပြီး အတွေ့အကြုံတွေကိုရယူလိုက်ပါ။ အဲဒါအတွက်ရော အကူအညီတွေလိုအပ်နေပါသလား။ ဒါဆိုရင် ဒီနေ့မှာပဲ JobNet မှာအခမဲ့စာရင်းပေးသွင်းလိုက်ပါ။ JobNet စာရင်းပေးသွင်းထားတဲ့အလုပ်ရှာဖွေသူတစ်ယောက်ဟာ အလုပ်အကိုင်ကြော်ငြာမှာကိုယ်နဲ့ကိုက်ညီမယ့်အလုပ်ကို အချိန်ကုန်ခံပြီးရှာဖွေနေစရာမလိုဘဲ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေကို အသိပေးတဲ့အီးမေးလ်တွေကိုလက်ခံရရှိမှာဖြစ်ပါတယ်။
နောက်ပြီး ကိုယ်စိတ်ဝင်စားတဲ့အလုပ်အကိုင်အမျိုးမျိုးကိုလည်း အွန်လိုင်းကနေ CV တင်ရုံနဲ့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ် JobNet.com.mm မှာ အလုပ်အကိုင်ခေါ်ယူနေသူတွေဟာ သူတို့ရဲ့ကုမ္ပဏီတွေကလစ်လပ်ရာထူးတွေကိုဖြည့်စွက်ဖို့ သင့်လိုမျိုးအရည်အချင်းရှိတဲ့သူတွေကို ရှာဖွေနေပါတယ်။ အဲဒါကြောင့် အခုဖော်ပြလိုက်တဲ့ဇန်နဝါရီလအတွင်း အလုပ်ခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခုဟာ သင့်ရဲ့အလုပ်အကိုင်ရှာဖွေမှုအတွက် အစပဲဖြစ်ပါတယ်။ JobNet အနေနဲ့လည်း အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေကို ဒီထက်ပိုပြီးယူဆောင်လာပေးမှာဖြစ်တဲ့အတွက် JobNet ကိုအမြဲမပြတ်စောင့်ကြည့်ပေးပါနော်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us