MMR
Myanmar
23rd September, 2019
စက်တင်ဘာလအတွင်းခေါ်ယူမှုအများဆုံး ထိပ်တန်းကုမ္ပဏီ ၁၀ ခု
အခုဆိုရင် မိုးရာသီကုန်ဆုံးတော့မှာဖြစ်ပြီး ဆောင်းရာသီကိုပြောင်းလဲတော့မှာပါ။ အဝတ်ဗီဒိုထဲက မိုးကာအင်္ကျီတွေနဲ့ မိုးရာသီဖက်ရှင်ဒီဇိုင်းကိုလည်း ဆောင်းရာသီဖက်ရှင်ဖြစ်တဲ့ ပေါ့ပါးတဲ့အပေါ်ဝတ်အင်္ကျီတွေအဖြစ် ပြောင်းလဲရမယ့်အချိန်ကိုရောက်တော့မှာပါ။ မိုးစက်တွေကနေ နှင်းစက်တွေအဖြစ်၊ အစိမ်းရောင်သစ်ရွက်တွေကလည်း အဝါရောင်အဖြစ်လည်းပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အလုပ်အကိုင်ခန့်အပ်မှုဈေးကွက်ထဲမှာလည်း လက်ရှိအလုပ်ကနေ ပိုမိုကောင်းမွန်တဲ့အလုပ်တွေကို ရှာဖွေပြီးပြောင်းကြတော့မှာပါ။ ကိုယ့်အနေနဲ့ရော ဒီနှစ်ထဲမှာ ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းအသစ်တွေနဲ့ တွေ့ဆုံဖို့စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ စက်တင်ဘာလဟာ ကိုယ်နှစ်သက်တဲ့အလုပ်အကိုင်လမ်းကြောင်းမှာ ပိုမိုကောင်းမွန်တဲ့အလုပ်တွေကို ရှာဖွေဖို့အတွက် အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းနဲ့နိုင်ငံတကာအခြေစိုက် ထိပ်တန်းကုမ္ပဏီပေါင်း ၈၀၀ ကျော်ကနေ သူတို့ရဲ့အလုပ်အကိုင်ခေါ်ယူမှုအတွက် ယုံယုံကြည်ကြည်နဲ့ စိတ်ချစွာအသုံးပြုနေတဲ့ JobNet.com.mm ရဲ့ အချက်အလက်တွေအရ ယခုစက်တင်ဘာလအတွင်းမှာ အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေတဲ့ ထိပ်တန်းကုမ္ပဏီ ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။
ဒီလအတွင်းမှာ အလုပ်အကိုင်ခေါ်ယူမှုအများဆုံးပြုလုပ်နေတဲ့ ကုမ္ပဏီတွေကို လေ့လာကြည့်မယ်ဆိုရင် ဘဏ္ဍာရေးနဲ့ ငွေကြေးဝန်ဆောင်မှု၊ FMCG၊ အစားအသောက်နဲ့ အဖျော်ယမကာ၊ လက်လီလက်ကားဖြန့်ဖြူးရောင်းဝယ်ရေး၊ အာမခံ၊ သတင်းအချက်အလက်နည်းပညာ၊ ဆက်သွယ်ရေးနည်းပညာ၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး ၊ အင်ဂျင်နီယာ၊ အိမ်ခြံမြေ၊ ကားအရောင်းအဝယ်၊ ဟိုတယ်နဲ့ ခရီးသွားလာရေး အစရှိတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ကုမ္ပဏီတွေပဲဖြစ်ပါတယ်။ ဒါဟာ ဘာကိုရည်ရွယ်နေသလဲဆိုရင် ဒီလုပ်ငန်းနယ်ပယ်တွေမှာ အလုပ်ခေါ်ယူမှုအများအပြား ပြုလုပ်နေတယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။
အလုပ်ရှာဖွေနေသူတွေဘက်ကလည်း မိမိနဲ့ကိုက်ညီမယ့် ပိုမိုကောင်းမွန်တဲ့အလုပ်တွေကို ရှာဖွေနေသလိုပဲ အလုပ်ရှင်တွေဘက်ကလည်း သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ လစ်လပ်နေတဲ့ရာထူးတွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံလည်းရှိပြီး အရည်အချင်းရှိတဲ့သူတွေကို အချိန်နဲ့အမျှရှာဖွေနေပါတယ်။ သူတို့တွေရဲ့ရှာဖွေမှုမှာ ကိုယ့်ကိုမြင်တွေ့စေချင်တယ်ဆိုရင်တော့ JobNet.com.mm မှာ register ပြုလုပ်ထားပြီး ကိုယ့်ရဲ့ Job-Seeker Profile ကို ပြည့်ပြည့်စုံစုံကိုဖြည့်စွက်ထားလိုက်ဖို့ အကြံပေးပါရစေ။
နောက်ဆုံးအနေနဲ့ကတော့ စက်တင်ဘာလ ၂၁ ရက်နေ့ စနေနေ့မှာပြုလုပ်ကျင်းပတဲ့ JobNATION အလုပ်အကိုင်ပြပွဲမှာပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေဟာ ဒီလရဲ့ခေါ်ယူမှုအများဆုံးစာရင်းထဲမှာလည်းပါဝင်ခဲ့ပါတယ်။ ကိုယ့်အနေနဲ့ အဲဒီအလုပ်အကိုင်ပြပွဲကို သွားရောက်ခဲ့တယ်ဆိုရင် အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်တွေနဲ့တွေ့ဆုံနိုင်ဖို့ အလုပ်အကိုင်ရှာဖွေသူပေါင်း ၁၀၀၀၀ ကျော်တတ်ရောက်ခဲ့ပြီး ဒီအလုပ်အကိုင်ပြပွဲကြီးမှာ အလုပ်တွေခေါ်ယူခဲ့ကြတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us